What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် အဝတ်အထည်များ

အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် အဝတ်အထည်များ google

        မိန်းကလေးများဟာ ဖက်ရှင်ကျကျနဲ့ လှပသပ်ရပ်စွာ ၀တ်စားဆင်ယင်ရခြင်းကို နှစ်သက်ကြပေမယ့်လည်း တစ်ခါတစ်ရံမှာ အချိန်မရ၍သော်လည်းကောင်း၊ မစဉ်းစားနိုင်တော့၍သော်လည်းကောင်း တွေ့ကရာကို ဆွဲဝတ်ပစ်ချင်မိတဲ့ အခိုက်အတန့် လည်း ဖြစ်တတ်ပါတယ်။

ဒီလိုအချိန်မျိုးအတွက် အလွယ်တကူ ဖြေရှင်းနိုင်ပြီး စတိုင်လ်လည်း ကျနေဖို့ဆိုရင်တော့ အချိန်မရွေး ၀တ်ဆင်နိုင်မယ့် အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် အ၀တ်အထည်များ အ၀တ်ဗီရိုထဲမှာ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။ ထိုအ၀တ်အထည်ပုံစံများကတော့ …

၁။ဂါဝန်လိုဝတ်နိုင်တဲ့တီရှပ်အရှည် (Tee Shirt Dress)

        မကြာသေးမီ အချိန်အတောအတွင်းမှာပဲ T-shirt dress တွေဟာ တစ်ခေတ်ပြန်လည်လာပြီလို့ သိရတဲ့အတွက် ပေါ့ပေါ့ပါးပါး ကြိုက်တဲ့ မိန်းကလေးတွေအတွက် ပျော်စရာ သတင်းကောင်းပါပဲ။ T-shirt dress များဟာ အလွန်ပေါ့ပါးပြီး သက်သောင့်သက်သာရှိရုံသာမက စတိုင်လ်ထုတ်ရလည်း လွယ်ကူပြီး နေရာမရွေး ၀တ်ဆင်နိုင်တဲ့ အားသာချက် ရှိပါတယ်။ Sneaker ၊ ခြေညှပ်ဖိနပ်၊ ဒေါက်မြင့်ဖိနပ်တွေနဲ့ အမျိုးမျိုး တွဲဖက်ဝတ်ဆင်နိုင်သလို မတူညီတဲ့ Accessories တွေနဲ့ ပြောင်းလဲဝတ်ဆင်ကြည့်ခြင်းအားဖြင့် တစ်ထည်တည်းကိုပဲ look အမျိုးမျိုးနဲ့ ၀တ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

1

 

၂။ဂါဝန်အရှည် (Maxi Dress)

        အရပ်ရှည်တဲ့ အမျိုးသမီးတွေပဲ ဂါဝန်အရှည် ၀တ်ဆင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုဟာ လွဲမှားတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဂါဝန်အရှည်တွေဟာ တစ်ယောက်ချင်းစီရဲ့ သွင်ပြင်ပေါ် မူတည်ပြီး ကွဲပြားစွာ ပုံပေါ်စေပါတယ်။ ဒါ့ကြောင့် ပိုပုသွားစေတဲ့ပုံစံမျိုးကို စမ်းကြည့်ရုံနဲ့ ကိုယ်နဲ့ မလိုက်ဘူးလို့ တစ်ထစ်ချ မငြင်းပယ်လိုက်ပါနဲ့။ သင်နဲ့ လိုက်ကိုလိုက်ဖက်တဲ့ ပုံစံ ရှိကိုရှိနေပါတယ်။ အထူးသဖြင့်တော့ ခန္ဓာကိုယ်အောက်ပိုင်း ကြီးလိုတဲ့ အမျိုးသမီးတွေနဲ့ ပိုလိုက်ဖက်မယ်လို့တော့ ယူဆချက်တွေ ရှိပါတယ်။

 

2

 

၃။ထသွားထလာ ပွင့်ရိုက်ဂါဝန်တို (casual floral dress)

        စတိုင်လ်ကျလိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အ၀တ်ဗီရိုထဲမှာ ဒီလိုဂါဝန်မျိုးလေး မရှိဘူးဆိုရင်တော့ အံ့သြစရာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အကြံပေးလိုတာကတော့ မရှိရင်လည်း အမြန်ဆုံး တစ်ထည်ပြေးဝယ်ဖို့ပါပဲ။ ပူအိုက်လွန်း တဲ့ နွေနေ့ရက်များ၊ night out လျှောက်သွားတဲ့အချိန်များနဲ့ ဘာဝတ်ရမယ်မှန်း စဉ်းစားမရတဲ့အခါမျိုးတွေမှာ ဒီလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေတဲ့ ဂါဝန်တိုမျိုးလေး မရှိတာကို အကြီးအကျယ် နောင်တရမိပါလိမ့်မယ်။

 

3

 

၎။အမဲရောင်ဂါဝန်တို (black party casual dress)

        အလားတူပါပဲ။ အမဲရောင်ဂါဝန်တို မရှိတဲ့ အ၀တ်ဗီရိုဟာလည်း အဓိပ္ပာယ်ကင်းမဲ့ပါတယ်။ ရိုးရှင်းပြီး ကျက်သရေရှိ တင့်တယ်တဲ့ပုံစံမျိုးကို ရွေးချယ်ခြင်းအားဖြင့် နေ့ခင်းမှသည် ညဘက် ပါတီများ၊ ပွဲလမ်းများအထိ ပြောင်းလဲဝတ်ဆင်နိုင်ပါ လိမ့်မယ်

 

4

 

၅။လက်ရှည်ဂါဝန်တို (Long Sleeved dress)

        ချမ်းအေးတဲ့ ရာသီဥတုနဲ့ နေ့ရက်များမှာ formal နဲ့ semi-formal အခမ်းအနားတွေအတွက် နွေးထွေးပြီး စတိုင်လ်ကျ စေမယ့် ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်ထပ်ရင်ကွဲအင်္ကျီနဲ့ ဂျင်းကဲ့သို့ နှစ်သက်ရာတစ်မျိုးမျိုးကို ထပ်ဝတ်ပြီး အရမ်းမိုက်တဲ့ စတိုင်လ်ကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

၆။အလုပ်နဲ့သင့်တော်မယ့်ဂါဝန် (Work Appropriate Dress)

        သင်ဟာ ရုံးတစ်ခုခုမှာ အလုပ်လုပ်နေသူဆိုရင်တော့ အလုပ်နဲ့သင့်တော်မယ့် စမတ်ကျကျ ဂါဝန်တွေကို လိုအပ်ပြန်ပါ တယ်။ ဂါဝန်လေးတွေ ၀တ်ခြင်းအားဖြင့် သင့်ကို မိန်းမသားဆန်တဲ့အလှကို ဖန်တီးပေးနိုင်သလို ရုံးမှာဝတ်ဆင်ရင်လည်း သပ်ရပ်တိကျမှုကို ပုံပေါ်စေပါတယ်။ လုပ်ငန်းခွင်မှာ ၀တ်ဆင်ဖို့ ရွေးချယ်တဲ့အခါ သတိပြုရမယ့်အချက်က အလွန်အကျွံ မဖော်မိစေဖို့ပါပဲ။

၇။ညဝတ်ဂါဝန် (Nightgown Dress)

        ဒါကတော့ အပြင်ထွက်ရင် ၀တ်ဆင်ဖို့ မဟုတ်ပါဘူး။ အမျိုးသမီးတိုင်းမှာ တစ်ထည်လောက်တော့ ရှိကိုရှိထားသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ည၀တ်ဘောင်းဘီဝတ်ပြီး အိပ်စက်ရတာ မကြိုက်တဲ့ အချို့သော အမျိုးသမီးများအတွက် ည၀တ်ဂါဝန်လေးတစ်ထည်က အသက်ရှုချောင်စေပါလိမ့်မယ်။ အိမ်မှာနေရင်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ရတာ နှစ်သက်တဲ့ ပျိုမေတို့အတွက်ကတော့ ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

Source:Aunty May

Read 2951 times
Rate this item
(0 votes)