What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းမှာရောင်းချနေတဲ့ ဆီလီကွန်ဘရာစီယာတွေက အန္တရာယ်ရှိနိုင်ဟု သိရ

ကြိုးမလိုကိုင်းမလိုဘဲဝတ်နိုင်တဲ့ ဆီလီကွန် ဘရာစီယာတွေကို အွန်လိုင်းရှော့ပင်းပေ့ခ်ျတွေ၊ ဂရု(ပ်)တွေမှာ ရောင်းချလာတာကိုတွေ့ရပါတယ်။

နာမည်ကြီး အွန်လိုင်းရှော့ပင်းပေ့ခ်ျတွေမှာတောင်ရောင်းချလာ တာကိုတွေ့ရပါတယ်။ သည်ပစ္စည်းတွေက တရုတ်နိုင်ငံကတင်သွင်းတာဖြစ်ပြီး တရုတ်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Taobao၊ အလီဘာဘာနဲ့ တီမော်စတဲ့ ဝက်ဘ်ဆိုက် တွေမှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

သည်ဝက်ဘ်ဆိုက်တွေမှာလည်း ဝတ်ဆင်ပုံတွေကို ဗီဒီယိုဖိုင်တွေနဲ့ ပြသရောင်းချတာတွေရှိပါတယ်။ သည်ကြော်ငြာထားတဲ့ ဗီဒီ ယိုဖိုင်တွေကိုကြည့်ပြီးအွန်လိုင်းရှော့ပင်းလုပ်တဲ့သူတွေ ကတစ်ဆင့် မှာယူပြီး ပြန်လည်ရောင်းချတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ပြန်လည်ရောင်းချတဲ့အခါမှာ တချို့သူတွေကပုံစံမ ကြိုက်တာတွေ၊ မဝတ်ရဲတာတွေကြောင့်မှာယူတာ နည်းပါးပါသေး တယ်။

အခုရက်ပိုင်း နိုင်ငံခြား ပေ့ခ်ျတစ်ခုမှာ သည်ဆီလီကွန်ဘရာစီယာနဲ့ ပတ်သက်ပြီး ပုံတွေတက်လာပါတယ်။ သည်ပုံတွေက ဆီလီကွန်ဘရာစီယာတွေမှာ အန္တရာယ်ရှိတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဆီလီကွန်ဘရာစီယာတွေမှာ ပခုံးကြိုးတွေ၊ အနောက်ဘက် အထိန်းတွေမပါတာကြောင့် စုပ်ခွက်လိုရင်ဘတ်ကိုစွဲထားရတာဖြစ်ပါ တယ်။ သည်လိုတွေကြောင့် ရင်သားတွေမှာအပေါက်တွေဖြစ်တာ တွေ၊ ဆီလီကွန်တွေနဲ့ ဓာတ်မတည့်တာကြောင့် အနာတွေဖြစ်နေတာ ကို တွေ့ရပါတယ်။

သည်လို ဒဏ်ရာတွေကနေစပြီး နောက်ထပ်ဆိုးကျိုးတွေလည်း အများကြီးရနိုင်တာကြောင့် ဝတ်ဆင်ရင်အန္တရာယ်ရှိနိုင်တာဖြစ်ပြီး အွန်လိုင်းမှာလည်း ရောင်းချဖို့မသင့်တော်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ ဝတ်ဆင်သူတွေအတွက် သက်သောင့်သက်သာမရှိတာကြောင့် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်အွန်လိုင်းမှာရောင်းချနေတဲ့ ဆီလီကွန်ဘရာစီယာတွေက ဝတ်ဆင်သူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

source:kumudra

Read 999 times
Rate this item
(0 votes)