ဖက်ရှင်ကမိန်းကလေးတွေအတွက်ပဲ အရေးကြီးတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေအတွက်လည်း အရေးပါပါတယ်။ ဒီတော့.. ဖက်ရှင်ကျကျဝတ်ချင်တယ်၊ တကယ့် ဘရန်းတွေကိုပဲ ဝတ်ချင်တယ် ဆိုတဲ့သူတွေ အတွက် ကမ္ဘာကျော်ဘရန်း ၁၀မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လူကြိုက်များတဲ့အပြင် အမျိုးသားများအတွက် ပိုပြီးစမတ်ကျသွားစေမယ့် ကမ္ဘာကျော်ဘရန်းများပဲ ဖြစ်ပါတယ်။
(၁) Polo

Polo brand ကတော့ ကမ္ဘာကျော် ဖက်ရှင်စာရင်းထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ Polo တံဆိပ်နဲ့ တီရှပ်တွေက လူကြိုက်များတာကို တွေ့ရပါတယ်။ နာမည်ကြီးဇာတ်ကား “The Great Gatsby” အတွက် အ၀တ်အစားပံ့ပိုးပေး တဲ့အတွက်လည်း ပိုပြီးတော့ လူသိများလာတာပါ။
(၂) Diesel

အီတလီဘရန်းတစ်ခုဖြစ်တဲ့ Diesel ကတော့ လူငယ်တွေအတွက်ကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ အရောင်တွေကလည်း ခေတ်ဆန်တဲ့အပြင် လူငယ်ဆန်ဆန်ဒီဇိုင်းကာလာတွေ ဖြစ်တဲ့အတွက်ကြောင့် လူငယ်အမျိုးသားတွေကြား ရေပန်းစားတဲ့ ကမ္ဘာကျော်ဘရန်းတစ်ခုပါပဲ။
(၃) Calvin Klein

Calvin Klein တံဆိပ်လို့ ပြောလိုက်တာနဲ့ ယောကျာ်းလေးဝတ် အတွင်းခံဆိုပြီး ပိုလို့ လူသိများပါတယ်။ ဒါပေမယ့် ဒီဘရန်းထဲမှာပဲ အကောင်းဆုံး ဂျင်းအ၀တ်အထည်များလည်း ရှိပါတယ်။ ဒီတံဆိပ်ကို ကြော်ငြာပေးတဲ့ မော်ဒယ်လ်တွေကတောင် ဝင်ငွေကောင်းကြပါတယ်။ CK ရဲ့ ထူးခြားချက်ကတော့ အခြားနာမည်ကျော် ဘရန်းတွေလိုမျိုး ဈေးအရမ်းမကြီးတာက သူ့ရဲ့အားသာချက်ပါပဲ။
(၄) Gucci

အီတလီဘရန်းတစ်ခုဖြစ်တဲ့ Gucci တံဆိပ်ကိုတော့ မသိတဲ့သူရှိသလောက်ပါပဲ။ Gucci အိတ်ကတော့ လူသိအများ ဆုံးပါပဲ။ ဒါ့အပြင် ဈေးအကြီးဆုံးလောက်ကျတဲ့ ဂျင်းအထည်တွေကို ထုတ်လုပ်တဲ့ အတွက်ကြောင့်လည်း လူသိများလာပါတယ်။
(၅) Burberry Prorsum

ဗြိတိန်နိုင်ငံထုတ် brand တစ်ခုဖြစ်ပါတယ်။ အ၀တ်အထည်၊ အသုံးအဆောင် ပစ္စည်းတွေက ပိုလူသိများပါတယ်။ Sherlock seriesထဲက ကုတ်အကျီင်္ကလည်း နာမည်ကြီး လူကြိုက်များပါတယ်။ ဒါ့ကြောင့်မို့လို့ အနုပညာရှင်တွေ တော်တော်များများ ဝတ်ဆင်ကြတဲ့ ဘရန်းထဲက တစ်ခုအပါအဝင်ပါပဲ။
(၆) Nike

Nike ကနာမည်ကြီးအားကစားဝတ်စုံ brand တွေထဲက တစ်ခုပါပဲ။ အရည်အသွေးမြင့်တဲ့ ဘက်စကတ်ဘော ဖိနပ်များ၊ ဘောလုံးသမားစီးတဲ့ဖိနပ်များ၊ အားကစားဝတ်စုံများစွာ ရရှိနိုင်ပါတယ်။
(၇) True Religion

ခေတ်မှီတဲ့အမျိုးသားများအတွက် အရည်အသွေးမြင့်မြင့် ထုတ်လုပ်ထားတဲ့ အမိုက်စားဘရန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဂျင်း၊ တီရှပ်၊ ဘောင်းဘီတော်တော်များများရဲ့ ဒီဇိုင်းတွေက ယောကျာ်းလေးတိုင်းကို လွှမ်းမိုးထားနိုင်ပါတယ်။
(၈) Hugo Boss

ဂျာမနီ brand ဖြစ်တဲ့ Hugo boss က ကမ္ဘာပေါ်မှာ အရောင်းရဆုံး အ၀တ်အထည်ဘရန်းတွေထဲက တစ်ခုဖြစ် ပါတယ်။ သူ့ရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့် ပိုလို့ နာမည်ကြီးပါတယ်။
(၉) Dolce and Gabbana

အသက်အရွယ်မရွေးဝတ်လို့ရတဲ့ အဝတ်အစားဒီဇိုင်းများကို ထုတ်လုပ်နေတဲ့ brand တွေထဲက တစ်ခုဖြစ်ပါတယ်။ မျှော်မှန်းထားသလောက် အရည်အသွေးကောင်းကိုပေးတဲ့ brand လဲဖြစ်ပါတယ်။
(၁၀) Armani

ဒီ brand ကတော့ အကောင်းဆုံး၊ လူကြိုက်အများဆုံး ၀တ်စုံပဲဖြစ်ပါတယ်။ အဝတ်အထည်တွေက အရည်အသွေး ကောင်းပြီး ချုပ်ရိုးချုပ်သားလည်း သေသပ်ပါတယ်။ ကမ္ဘာကျော်မင်းသားတွေလည်း ကြိုက်နှစ်သက်ကြတဲ့ ဘရန်း တစ်ခုပါပဲ။





