What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နွေအတွက် အသင့်တော်ဆုံး ဖက်ရှင် အရာလေးတွေ

ရွက်ဟောင်းတွေ ကြွေပြီ ဆိုတာနဲ့ အပူရှိန်လေးတွေလဲ တိုးလာတယ်လေ။ ဒီတော့ ရာသီနဲ့ အ့ကိုက်ဖြစ်မယ့် အ၀တ်အစားလေးတွေကို အသက်သွင်းရတော့တာပေါ့။

နွေအတွက် ဖက်ရှင်ကို စတင် စဉ်းစားလိုက်တာနဲ ဦးဆုံး သတိရမိတာက သက်တောင့်သက်သာ ရှိဖို့ပါပဲ။ ခပ်ပူပူ ရာသီဝန်းကျင်မှာ ဘယ်သူမှ ခပ်ထူထူ ကျပ်ကျပ်တွေ မ၀တ်ချင်ကြပါဘူး။ ဒီတော့ အခုပြောပြမယ့် ဖက်ရှင်က ဘယ်သောအခါမှ ရှောင်လွှဲလို့ မရတဲ့ နွေအသက်တွေပါပဲ။ ဘယ်အချိန်မဆို ခေတ်စားတယ် လိုက်ဖက်တယ် ပေါ့ပါးမှု ထိပ်ဆုံးပဲလေ။ ကဲ...ကြည့်ရအောင်......

Printed Wrap Dresses
နေသာသာ ရာသီရဲ့ ပြရုပ် ပွင့်ရိုက်တွေက ထိပ်ဆုံးနေရာမှာ ရှိနေတယ်လေ။ ပတ်ချည်ရတဲ့ ပုံစံ ၀တ်စုံတွေက နွေအတွက်တော့ အသင့်တော်ဆုံးပဲပေါ့။ နောက်ပြီး သင့်အနေနဲ့ ပြင်သစ်သူလေးလို လှနေဖို့ အမြန်ဆုံး နည်းလမ်းလဲ ဖြစ်တယ်လေ။ မြက်ဦးထုပ်လေးတွေကို ပိုသာတဲ့ ပေါင်းထည့်မှုအဖြစ်နဲ့ ဆင်မြန်းနိုင်သေးတယ်နော်။

29387030 1211136765689179 4041026401141260288 n

Breezy Tops
လေပြေတွေ တိုက်ခက်နေတတ်တဲ့ နွေကို ဒီ ပေါ့ပါးတဲ့ Breezy Top လေးတွေနဲ့ လိုက်ဖက်ညီစွာ ထွေးပွေ့မှာပေါ့။ လက်အဖောင်းပုံစံ ချည်ထည် အကျီင်္လေးတွေက သင့်ကို ချစ်စရာ မိန်းခလေးတစ်ဦးအဖြစ် ပုံဖော်ပေးပါလိမ့်မယ်။ ဒါ့အပြင် သင့်ကို 90s တွေဆီကိုလည်း ခေါ်ဆောင်သွားအုံးမှာပါ။

29387114 1211136739022515 3735661523545096192 n

Gathered Midi Skirts
ခပ်ကျပ်ကျပ် Pencil Skirt ကို မေ့လိုက်ပါ။ သူ့အစား ချည်သား Midi Skirts လေးတွေကို နေရာပေးဖို့လေ။ ဒီစကတ်လေးတွေမှာ အတွန့်အဖက်တွေက နွေရဲ့ အသက်ပါပဲ။ နောက်ပြီး အရောင်အနုတွေကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါရဲ့။

29386611 1211136759022513 8399231614491557888 n

Wide-Legged Jeans
Skinny တွေကို ခဏ အနားပေးလိုက်ပါဦး။ သူ့နေရာမှာ သိပ်ကို ပေါ့ပါးတဲ့ Feeling ကိုပေးစွမ်းမယ့် ခပ်ပွပွ ဂျင်းဘောင်းဘီတွေကို အစားထိုးမယ်လေ။ သူ့ကိုမှာ ခပ်ဖျော့ဖျော့ အရောင်တွေ၊ ချိုချည်ရောင်လေးတွေကို အသားပေး ရွေးချယ်ပေါ့။ Wide-Legged Jeans တွေက သင့်ကို တစ်ခါဝတ်ပြီးတာနဲ့ ထပ်ပြီး ၀တ်ချင်လာအောင် ညှို့ယူမယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။

29365827 1211136722355850 2195377030181158912 n

Read 882 times
Rate this item
(1 Vote)