What's new

×

Warning

JUser: :_load: Unable to load user with ID: 845


plus size မမများအနေနဲ့ အင်္ကျီရွေးတဲ့အခါ ရှောင်သင့်တဲ့ ပုံစံတွေ

plus size မမများအနေနဲ့ အင်္ကျီရွေးတဲ့အခါ ရှောင်သင့်တဲ့ ပုံစံတွေ google

ကိုယ်ရဲ့သွင်ပြင်ကိုစိတ်ညစ်နေတာထက်စာရင် ယုံကြည်မှုရှိတာပိုကောင်းပါတယ်။ကို့ကိုကိုယ်ယုံကြည်မှုရှိတဲ့မိန်းကလေးထက် ဆွဲဆောင်မှုရှိတာမရှိတော့ပါဘူး။

ဝတ်စားဆင်ယင်မှုအမှားတွေကြောင့် အသက်ပိုကြီးသွားတဲ့ပုံစံမျိုးပေါက်သွားတာရှိတတ်ပါတယ်။ ပုံမှန်ထက်ပိုကိတ်နေတဲ့မဒီလေးတွေအတွက် ဖက်ရှင်အမှားတွေမဖြစ်စေဖို့ ဒီအချက်တွေကိုဖတ်ကြည့်လိုက်ပါ။

၁။လက်ရှည်၊လည်ပိတ်အကျီ

off shoulder min

လက်ရှည်တွေ လည်ထောင်အကျီင်္တွေရှောင်သင့်ပါတယ်နော်။ အဲ့ဒါကသင့်ကိုပိုဝတယ်လို့ခံစားရစေမှာပါ။လက်စကတွေ လည်ပင်းနဲနဲပြဲတဲ့ အကျီင်္လေးတွေကိုရွေးဝတ်ပါ။အခုခေတ်စားနေတဲ့ လည်ဟိုက်တွေလည်းဝတ်လို့ရသလို ပခုံးပြတ်လေးတေါနဲ့လည်းလိုက်မှာသေချာပါတယ်။

၂။အရောင်ဖျော့

nude color min

သင့်ရဲ့ကိုယ်ခန္ဓာသွင်ပြင်ကို ပိုသိသာသွားစေနိုင်တာကတော့ အရောင်ဖျော့ဖျော့အဝတ်အစားတွေပါပဲ။အရောင်အဖျော့တွေနဲ့ အရောင်ရင့်တွေနဲ့တွဲဝတ်ပါ သို့မဟုတ် အနက်တို့ အညိုတို့လည်းအရောင်မှိုင်းမှိုင်းတွေကလည်းအဆင်ပြေပါတယ်။ဥပမာ-အရောင်ရင့်ဘောင်းဘီနဲ့ အရောင်နုဘလောက်စ်ကိုတွဲဝတ်တာမျိုးပါ။

၃။ပုံစံရွေးချယ်မှု

party dress min

ဝတ်ဆင်တဲ့ပုံစံရွေးချယ်တဲ့အခါမှာ သေးငယ်တဲ့ ရှုပ်ထွေးတဲ့ပုံစံတွေကိုဝတ်ဆင်ပါ။သိပ်ပြီးရှင်းလင်းတဲ့ ပုံစံကိုဝတ်လေ ပိုဝတယ်လို့ထင်ရလေလေပါပဲ။

၎။အလျားလိုက်အစင်းတွေ

vertical stripe dress min

ကိုယ်လုံးကိုပိုမိုသိသာသွားစေတဲ့ အလျားလိုက်အစင်းတေကိုရှောင်ပါ။အဲ့ဒါကြောင့် ဒေါင်လိုက်အစင်းတွေကိုဝတ်ဆင်ဖို့အကြံပေးချင်ပါတယ်။

ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ ဖက်ရှင်အပြင်အဆင်များ

၅။Accessories

accessory min

အိတ်အကြီးကြီးတွေ လတ်ဝတ်ရတနာခပ်ကြီးကြီးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။သင့်ခန္ဓာကိုယ်နဲ့ယှဉ်ရင်ပိုပြီးတော့သေးသွားမှာမဟုတ်ပါဘူး။ထင်းခနဲကိုလှနေမှာပါ။ဒါကြောင့် accessories လှလှလေးတွေကိုရွေးချယ်ဝတ်ဆင်လိုက်ပါဦး။

 

Source:we media

Read 1432 times
Rate this item
(1 Vote)