What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ ဖက်ရှင်အပြင်အဆင်များ

ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ ဖက်ရှင်အပြင်အဆင်များ google

ဖက်ရှင် ဆိုတာဟာ အမြဲတမ်းပြောင်းလဲဆန်းသစ်နေသော အရာတစ်ခုဖြစ်ပါတယ်။ ကုန်ဆုံးခဲ့တဲ့နှစ်တွေရဲ့တချို့သော ဖက်ရှင်တွေဟာ ခေတ်သစ်မှာအလုပ်ဖြစ်နေသေးပေမယ့် တချို့ကတော့ လုံးဝခေတ်နောက်ကျကျန်ခဲ့တဲ့ဖက်ရှင်တွေပဲဖြစ်ပါတယ်။

ဒီနေရာမှာတော့ ယခုခေတ်အနေထားနဲ့ လုံးဝဆက်မဝတ်ဆင်သင့်တော့တဲ့ ဖက်ရှင်အပြင်ဆင်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

(၁) ကျောက်မျက်ရတနာစီချယ်ထားသော အသွားပုံကလစ်များ

clip min

၉၀ ခုနှစ်ဝန်းကျင်တုန်းကတော့ မိန်းကလေး တွေရဲ့ ဆံနွယ်တွေမှာ ဆင်ယင်နိုင်တဲ့အမျိုးမျိုးသော ဘီးကုပ်၊ ကလစ် များ ခေတ်စားခဲ့ပါတယ်။ ရွှေရောင်၊ ငွေရောင်တို့နဲ့ ချယ်သထားတဲ့ အသွားပုံစံကလစ်တွေဟာ ၉၀ ခုနှစ်ရဲ့ခေတ်အမီဆုံး ဖက်ရှင်ဖြစ်ပေမယ့် အခုချိန်မှာတော့ လုံးဝ အရသာ ပျက်သွားနိုင်တဲ့ အပြင်ဆင်မျိုးဖြစ်ပါတယ်။ အဲ့ဒီအစား ရိုးစင်းစွာ ဖိတွယ်နှောင်ထားနိုင်တဲ့ accessory တွေသာ လူငယ်ဆန်ပြီး ခေတ်မီတဲ့ အပြင်ဆင်မျိုးဖြစ်လာခဲ့ပါတယ်။

(၂) ဇာ

lace min

ဇာ အဝတ်ထည်တွေကိုမိန်းကလေး ဆန်တဲ့ ဖက်ရှင်တွေအဖြစ် ယူဆကြပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဇာ ဖက်ရှင်ဟာ ကမ္ဘာ့ဖက်ရှင် ရဲ့ထိပ်ဆုံးနေရာကို တစ်ကြော့ပြန်နေရာယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အရည်သွေးကောင်းတဲ့ ဒီဇိုင်နာတွေရဲ့ ဖက်ရှင်နဲ့ ပုံမှန်ဇာ အဝတ်ထည်တွေကတော့ အရမ်းကွာခြားပါတယ်။ ဈေးပေါးတဲ့ဇာ တွေဟာ ရိုဆန်ရမည့်အစား ကိုယ့်ရဲ့ပုံစံကိုပါ ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်ရဲ့ပွဲတက်တွေမှာ ဇာအဝတ်ထည်တွေကိုရွေးချယ် တဲ့အခါ အရည်သွေးကောင်းပြီး ရိုးစင်းနူးညံ့စွာပြင်ဆင်ထားတဲ့ ဖက်ရှင်တွေကိုပဲရွေးချယ်သင့်ပါတယ်။

(၃) စကပ်အရှည်ဖက်ရှင်

mini skirt min

စကပ် အရှည်တွေဟာ မိန်းကလေးတိုင်းရဲ့အဝတ်ဗီရိုထဲမှာမရှိမဖြစ်ထားရမည့် အဝတ်ထည်ကောင်းတစ်ခုပါ။ ဒါပေမယ့် လီနင်သား၊ ဂျင်းသား (သို့) ပိုးသား စကပ်ရှည်တွေကသာ တီရှပ်တို့၊ ဘလောက်အကျီ င်္တို့နဲ့လိုက်ဖက်တာဖြစ်ပါတယ်။

ဖိနပ်သစ်စီးတဲ့အခါ ခြေထောက်နာကျင်ခြင်းဒဏ်မှ ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ

(၄) ဘောင်ဘီရှည်

jean pant min

ဂျင်းသားရောစပ်ထားတဲ့ ဘောင်ဘီရှည်ဆွဲသားတွေဟာ အခုချိန်မှာခေတ်နောက်ကျနေပါပြီ။ ဒါကြောင့် ဘောင်ဘီအရှည်ကိုရွေးချယ်တဲ့အခါ ရိုးရိုးဂျင်း (သို့) ချည်သားဆွဲသား (သို့) စတိုင်ပင်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

(၅) နောက်ဇစ်ပါဂျင်း

zip jean min

နောက်ပိုင်းမှာ ဇစ်ထည့်သွင်းထားတဲ့ ဂျင်းဘောင်ဘီရှည်တွေဟာ သိပ်မိုက်တဲ့ဖန်တီးမူလို့ပြောနိုင်ပေမယ့် သူတို့ဟာ လက်ရှိမှာအရာမရောက်တော့ပါဘူး။ ဒါကြောင့် ပုံမှန် ဂျင်းကို သာမာန်နေရာမှာပဲဇစ်ပါဝင်တဲ့ ဘောင်ဘီရှည်တွေ ရွေးချယ်သင့်ပါတယ်။

(၆) ဘောင်ဘီအတို

short pant min

တချိန်က ဘောင်ဘီအတိုအကပ်တွေ ခေတ်စားခဲ့ပါတယ်။ တချိန်က ကင်ကာဒီရှန် ဝတ်ဆင်ခဲ့တဲ့ ဘောင်ဘီအတိုကျပ်တွေဟာ ယခုခေတ်လူငယ်တွေကြားမှာတော့ ခေတ်နောက်ကျခဲ့ပြန်ပါပြီ။ Vogue မဂ္ဂဇင်းက Stylist ဖြစ်သူအကြံပေးထားတာကတော့ အိတ်ကြီးကြီးပါဝင်တဲ့ ဆာဖာရီစတိုင် တွေဟာ ယခုခေတ်လူငယ်တွေနှစ်သက်ကြတဲ့ ကေပေါ့ဖက်ရှင်လို့ပြောလို့ရသလို အထှာကျတဲ့ဖက်ရှင်တစ်ခုလဲဖြစ်ပါတယ်။

 

Source:mingalarbar

 

 

Read 3697 times
Rate this item
(2 votes)