What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလန္းစား ပရိေဘာဂ ေပါင္းစည္းျခင္း

 Zawgyi version

အ၀တ္အစားဖက္ရွင္ေလာကမွ နာမည္ႀကီးဖက္ရွင္ဒီဇုိင္းနာေတြနဲ႔ အိမ္တြင္း အလွဆင္ပရိေဘာဂမွ နာမည္ႀကီး အမွတ္တံဆိပ္ေတြ ပူးေပါင္းေဆာင္ရြက္ၿပီး ဖက္ရွင္ပရိေဘာဂေတြ ထုတ္လုပ္လာၾကတာကုိ ယခုႏွစ္ပုိင္းမွာ ေတြ႕ၾကရတယ္။

႐ုိး႐ုိးအအ ပရိေဘာဂေတြအစား ဖက္ရွင္စတုိင္ျပည့္၀တဲ့ ပရိေဘာဂေတြကုိ ဆာေလာင္ေနၾကသူေတြအတြက္ ရည္ရြယ္ ထုတ္လုပ္ၾကတယ္။ အိမ္သုံးပစၥည္းနဲ႔ ပရိေဘာဂ ကုမၸဏီေတြက ကၽြမ္းက်င္မႈနဲ႔ ထုတ္လုပ္မႈတုိ႔ကုိ ေပးအပ္တယ္။ Diesel ၊ Moroso ၊ Raf Simons နဲ႔ Kvadrat အစရွိတဲ့ အထင္ကရ ဖက္ရွင္လုပ္ငန္းေတြက စိတ္ကူးလွလွေတြ ေပးအပ္တယ္။ ႏွစ္ဦးႏွစ္ဖက္ အက်ဳိးျဖစ္ထြန္းမယ့္ အလန္းစား ဖက္ရွင္ပရိေဘာဂေတြကုိ ထုတ္လုပ္ၾကတယ္။

 Moschino Kisses Gufram Jeremy

အ၀တ္အစားမွာတင္ ရပ္မေနဘဲ စီးပြားရွာလုပ္ငန္းကုိ အားေတာင့္တင္းေစဖုိ႔ အမွတ္တံဆိပ္ကို လူအမ်ားက မွတ္မိၾကေအာင္ ေဆာင္ရြက္ၾကရင္း အျမတ္အစြန္း ၿမိဳးၿမိဳးျမက္ျမက္ရမယ့္ ေဈးေကာင္းရတဲ့ ဇိမ္ခံပစၥည္းသဖြယ္ ဖက္ရွင္ပရိေဘာဂ ေဈးကြက္ဟာ တစ္စထက္တစ္စ ႀကီးမားလာေနလုိက္တာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ေဈးကြက္ပမာဏဟာ ကန္ေဒၚလာ ၂၇ ဘီလ်ံ၀န္းက်င္ ရွိပါလိမ့္မယ္လုိ႔ ေမွ်ာ္မွန္းထားၾကတယ္။ အေမရိကန္၊ ဥေရာပတုိ႔မွာသာမက အာရွကုိပါ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

 gucci

အီတလီမွ Gucci က ထမင္းစား စားပြဲမွာထားတဲ့ ဖက္ရွင္ကုလားထုိင္ေတြ ဒီဇုိင္းထုတ္ၿပီး သူ႔တံဆိပ္ကုိ ကပ္ေပးလုိက္တယ္။ အဲဒါ သူ႔ရဲ႕ ပြဲဦးထြက္ ဖက္ရွင္ပရိေဘာဂ ျဖစ္ပါတယ္။ ျမင္လုိက္တာနဲ႔ Gucci ကုလားထုိင္မွန္း တန္းသိေအာင္ အေရာင္အေသြး၊  အေျပာက္အမြမ္းတုိ႔ ကြဲျပားျခားနားေနေအာင္ ေရြးခ်ယ္သုံးစြဲထားတယ္။ သစ္သားေနရာေတြကုိ ယြန္းရည္ သုတ္ေပးထားၿပီး ထုိင္ရမယ့္ေနရာမွာ ထုိင္ရက္စရာ မရွိေအာင္ ပန္းပြင့္ေတြနဲ႔ အလွဆင္ေပးထားတယ္။

 mae west lips sofa

အနုပညာသမုိင္းေၾကာင္း ေက်ာ္ၾကားတဲ့ ဒီဇုိင္းနဲ႔လည္း ဖက္ရွင္ပရိေဘာဂကုိ ထုတ္လုပ္ၾကတယ္။ ၁၉၃၆ ခုႏွစ္မွာ ပန္းခ်ီေက်ာ္ Salvador Dali က ႐ုပ္ရွင္မင္းသမီး Mae West ရဲ႕ ဓာတ္ပုံကုိ ၾကည့္ၿပီး ပုံဆြဲတယ္။ ပန္းခ်ီလက္ရာကုိ The Face of Mae West လုိ႔ အမည္ေပးလုိက္တယ္။ အဲဒီ Mae West မ်က္ႏွာပုံ ပန္းခ်ီကားမွ ႏႈတ္ခမ္းေတြနဲ႔ ဆုိဖာဒီဇုိင္းထုတ္ၿပီး ေမ၀က္စ္၏ ႏႈတ္ခမ္းမ်ား ဆုိဖာ Mae West’s Lips Sofa လုိ႔ အမည္ေပးထားတဲ့ ဆုိဖာကုိ ဖန္တီးေပးလုိ္က္ၾကတယ္။

ဖက္ရွင္ထည္လုပ္ငန္း Moschino က Gufram နဲ႔ ပူးေပါင္းၿပီး ဖက္ရွင္ပရိေဘာဂေတြကုိ ထုတ္လုပ္တယ္။ ဇစ္တပ္ႏႈတ္ခမ္း ဆုိဖာ(Zipped Lips! Sofa)၊ ေဒါက္ျမင့္ ေလဒီ႐ွဴး တစ္ရံမွ ၀ဲဘက္႐ွဳးက ထုိင္ဖုံ၊ ယာဘက္က ပစၥည္းတင္စရာ စင္အျဖစ္ ဒီဇုိင္းထုတ္ေပးထားတယ္။ ေခါက္ထားတဲ့ လယ္သာဂ်က္ကက္ဒီဇုိင္းျဖင့္ အ၀တ္ခ်ိတ္ဖုိ႔ အကန္႔ပါတဲ့ မတ္ရပ္ဗီ႐ုိကုိ ဖန္တီးေပးထားပါတယ္။

 170817131957 fashion designers furniture 9 exlarge 169

e361

 Unicode vesion

ဖက်ရှင်နဲ့ ပရိဘောဂ ပေါင်းစည်းခြင်း

=====================

အဝတ်အစားဖက်ရှင်လောကမှ နာမည်ကြီးဖက်ရှင်ဒီဇိုင်းနာတွေနဲ့ အိမ်တွင်း အလှဆင်ပရိဘောဂမှ နာမည်ကြီး အမှတ်တံဆိပ်တွေ ပူးပေါင်းဆောင်ရွက်ပြီး ဖက်ရှင်ပရိဘောဂတွေ ထုတ်လုပ်လာကြတာကို ယခုနှစ်ပိုင်းမှာ တွေ့ကြရတယ်။

ရိုးရိုးအအ ပရိဘောဂတွေအစား ဖက်ရှင်စတိုင်ပြည့်ဝတဲ့ ပရိဘောဂတွေကို ဆာလောင်နကြေသူတွေအတွက် ရည်ရွယ် ထုတ်လုပ်ကြတယ်။ အိမ်သုံးပစ္စည်းနဲ့ ပရိဘောဂ ကုမ္ပဏီတွေက ကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှုတို့ကို ပေးအပ်တယ်။ Diesel၊ Moroso၊ Raf Simons နဲ့ Kvadrat အစရှိတဲ့ အထင်ကရ ဖက်ရှင်လုပ်ငန်းတွေက စိတ်ကူးလှလှတွေ ပေးအပ်တယ်။ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့် အလန်းစား ဖက်ရှင်ပရိဘောဂတွေကို ထုတ်လုပ်ကြတယ်။

အဝတ်အစားမှာတင် ရပ်မနေဘဲ စီးပွားရှာလုပ်ငန်းကို အားတောင့်တင်းစေဖို့ အမှတ်တံဆိပ်ကို လူအများက မှတ်မိကြအောင် ဆောင်ရွက်ကြရင်း အမြတ်အစွန်း မြိုးမြိုးမြက်မြက်ရမယ့် ဈေးကောင်းရတဲ့ ဇိမ်ခံပစ္စည်းသဖွယ် ဖက်ရှင်ပရိဘောဂ ဈေးကွက်ဟာ တစ်စထက်တစ်စ ကြီးမားလာနေလိုက်တာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ဈေးကွက်ပမာဏဟာ ကန်ဒေါ်လာ ၂၇ ဘီလျံဝန်းကျင် ရှိပါလိမ့်မယ်လို့ မျှော်မှန်းထားကြတယ်။ အမေရိကန်၊ ဥရောပတို့မှာသာမက အာရှကိုပါ ရောက်ရှိနပြေီ ဖြစ်ပါတယ်။

အီတလီမှ Gucci က ထမင်းစား စားပွဲမှာထားတဲ့ ဖက်ရှင်ကုလားထိုင်တွေ ဒီဇိုင်းထုတ်ပြီး သူ့တံဆိပ်ကို ကပ်ပေးလိုက်တယ်။ အဲဒါ သူ့ရဲ့ ပွဲဦးထွက် ဖက်ရှင်ပရိဘောဂ ဖြစ်ပါတယ်။ မြင်လိုက်တာနဲ့ Gucci ကုလားထိုင်မှန်း တန်းသိအောင် အရောင်အသွေး၊ အပြောက်အမွမ်းတို့ ကွဲပြားခြားနားနေအောင် ရွေးချယ်သုံးစွဲထားတယ်။ သစ်သားနေရာတွေကို ယွန်းရည် သုတ်ပေးထားပြီး ထိုင်ရမယ့်နေရာမှာ ထိုင်ရက်စရာ မရှိအောင် ပန်းပွင့်တွေနဲ့ အလှဆင်ပေးထားတယ်။

အနုပညာသမိုင်းကြောင်း ကျော်ကြားတဲ့ ဒီဇိုင်းနဲ့လည်း ဖက်ရှင်ပရိဘောဂကို ထုတ်လုပ်ကြတယ်။ ၁၉၃၆ ခုနှစ်မှာ ပန်းချီကျော် Salvador Dali က ရုပ်ရှင်မင်းသမီး Mae West ရဲ့ ဓာတ်ပုံကို ကြည့်ပြီး ပုံဆွဲတယ်။ ပန်းချီလက်ရာကို The Face of Mae West လို့ အမည်ပေးလိုက်တယ်။ အဲဒီ Mae West မျက်နှာပုံ ပန်းချီကားမှ နှုတ်ခမ်းတွေနဲ့ ဆိုဖာဒီဇိုင်းထုတ်ပြီး မေဝက်စ်၏ နှုတ်ခမ်းများ ဆိုဖာ Mae West’s Lips Sofa လို့ အမည်ပေးထားတဲ့ ဆိုဖာကို ဖန်တီးပေးလို်က်ကြတယ်။

ဖက်ရှင်ထည်လုပ်ငန်း Moschino က Gufram နဲ့ ပူးပေါင်းပြီး ဖက်ရှင်ပရိဘောဂတွေကို ထုတ်လုပ်တယ်။ ဇစ်တပ်နှုတ်ခမ်း ဆိုဖာ(Zipped Lips! Sofa)၊ ဒေါက်မြင့် လေဒီရှူး တစ်ရံမှ ဝဲဘက်ရှုးက ထိုင်ဖုံ၊ ယာဘက်က ပစ္စည်းတင်စရာ စင်အဖြစ် ဒီဇိုင်းထုတ်ပေးထားတယ်။ ခေါက်ထားတဲ့ လယ်သာဂျက်ကက်ဒီဇိုင်းဖြင့် အဝတ်ချိတ်ဖို့ အကန့်ပါတဲ့ မတ်ရပ်ဗီရိုကို ဖန်တီးပေးထားပါတယ်။

Read 1968 times
Rate this item
(0 votes)