What's new

×

Warning

JUser: :_load: Unable to load user with ID: 845


••••• မြဝတီမြို့၌ ပထမဦးအ​နေဖြင့်​ အထူးစည်​ကားစွာ ဖွင့်​လှစ်​ခဲ့တဲ့ ´´´နန်းစံသူ ပိုးထည်​တိုက်​ပိုင်​ရှင်​``` *•ကို​အောင်​​စိုး•* နှင့်​ ​တွေ့ဆုံခြင်း •••••

မြဝတီမြို့၌ ပထမဦးအ​နေဖြင့်​ အထူး စည်​ကားစွာ ဖွင့်​လှစ်​ခဲ့တဲ့ ´´´နန်းစံသူ ပိုးထည်​တိုက်​ပိုင်​ရှင်​``` *•ကို​အောင်​​စိုး•* နှင့်​ ​တွေ့ဆုံခြင်းဆိုင်အကြောင်းမေးမြန်းထားတာကတော့ ............

မေး_____ ပထမဆုံးအ​နေနဲ့ ဒီနန်းစံသူပိုးထည်​ဆိုင်​ ဖွင့်​ဖြစ်​ခဲ့တဲ့အ​ကြောင်း ​ပြောပြ​ပေးပါဦ?

ဖြေ_____ ကျွန်​​တော့်​အ​နေနဲ့ မြန်​မာ့ချည်​ထည်​ ပိုးထည်​​တွေကို အထူး​ဈေးနှုန်းချိုသာစွာနဲ့​ရောင်းချ ပေးချင်​တာရယ်​ ကျွန်​တော်​ကိုယ်​တိုင်​က မြန်​မာလို နန်းဆန်​ဆန်​​ ဝတ်​ဆင်​ရတာနှစ်​သက်​တယ်​၊ အဲ့ဒါ​ကြောင့်​ ကျွန်​​တော့်​လိုပဲ ဒီမြဝတီမြို့မှာရှိတဲ့ လူ​တွေအားနဲ့ မြန်​မာတစ်​နိုင်​ငံလုံးမှာရှိတဲ့သူ​တွေကို ဝတ်​​စေချင်​တဲ့ရည်​ရွယ်​ချက်​နဲ့ဖွင့်​ဖြစ်​ခဲ့တာပါ။

မေး_____ ဆိုင်​ဖွင့်​ပွဲမှာ​ရော ဘယ်​လိုမျိုအစီအစဉ်​​တွေပြင်​ဆင်​ထားလဲ?

ဖြေ_____ ဆိုင်​ဖွင့်​ပွဲမှာ​တော့ ဒုံးယိမ်းအဖွဲ့ရယ်​၊ ဘင်​ခရာအဖွဲ့​တွေရဲ့​ဖျော်​​ဖြေ​ရေးနဲ့အတူ အနုပညာရှင်​များဖြစ်​ကြတဲ့ အကယ်​ဒမီ မယ်​လိုဒီ၊ နန်းဆုရတီစိုး ၊ခြူး(ခ)ခြူး​လေး(MRTV4)တို့နဲ့အတူ မြဝတီမြို့ရဲ ရပ်​မိ၊ရပ်​ဖများမှ ပါဝင်​ကူညီဖွင့်​လှစ်​​ပေးသွားမှာဖြစ်​ပါတယ်​။

မေး_____ ခုဆိုင်​မှာ​ရော ဘယ်​လိုအထည်​အမျိုးအစား​တွေရှိပြီး​တော့ ​ဈေးနှုန်းအ​နေနဲ့​ရောဘယ်​လိုမျိုးသတ်​မှတ်​ထားလဲ?

ဖြေ_____ ကျွန်​​တော့ဆိုင်​မှာ​တော့ ချည်​ထည်​​က​နေ ပိုးအစစ်​​တွေရယ်​၊လွန်းရာ​ကျော်​ချိတ်​​တွေ၊ ပြည်​ပက​နေတင်​သွင်းထားတဲ့ပစ္စည်း​တွေလည်းရှိပါတယ်​။ဆိုင်​မှာက​တော့ ပစ္စည်း​​ဈေးနှုန်းအ​နေနဲ့က​တော့ (၄၀၀၀ကျပ်​/၄၅၀၀ကျပ်​)က​နေစပီး အထက်​တန်းလွှာထိ​ဈေးနှုန်းမျိုးစုံရှိပါတယ်​၊​ဆိုင်​ဖွင့်​ပွဲအ​နေနဲ့ ဈေး​တွေအကုန်​လုံးကိုလည်းကြည့်​လိုက်​တာနဲ့ တစ်​ကယ်​ကို အနည်းဆုံးဖြစ်​​အောင်​စီစဉ်​​ပေးထားပါတယ်​။ ဒါ့အပြင်​မင်္ဂလာသတို့သား၊သတို့သမီးတို့အတွက်​စုံတွဲဝတ်​စုံ​တွေကိုလည်း ​ သက်​သက်​သာသာနဲ့ ဝယ်​ယူလို့ရ​အောင်​ စုံတွဲ Package​​လေးတွေ စီစဉ်​​ပေးထားပါတယ်​။

မေး______ ဆိုင်​မှာရှိတဲ့ အထည်​​တွေကို​ရော ဘယ်​က​နေတင်​သွင်းထားလဲဆိုတာ​ပြောပြ​ပေးပါဦး?

ဖြေ_____ ပိုးထည်​​တွေကို​တော့ မြန်​မာပြည်​တွင်းရှိ ယက်​ကန်းစင်​ ၊ စစ်​ကိုင်း​တို့ ဘက်​က​နေတင်​သွင်းတာရှိသလို၊ ယိုးဒယား၊တို့အိန္ဒိယတို့ဘက်​က​နေတင်​သွင်းတာလဲရှိပါတယ်​ ၊ ဆိုင်​ခွဲထပ်​ဖွင့်​ဖို့က​တော့ ခုဖွင့်​တဲ့ဆိုင်​ရဲ့​အောင်​မြင်​မှု့အ​ခြေအ​နေကို​စောင့်​ကြည့်​ပီးမှ ​နောက်​ထပ်​ ဆိုင်​ထပ်​ဖွင့်​ဖို့စီစဉ်​သွားမှာပါ။

မေး_____ ပိုးထည်​​တွေ​က ​ဈေးကြီးတဲ့အ​ပေါ်မှာ ဆိုင်​ရဲ့လုံခြုံမှု့အပိုင်းကိုဘယ်​လိုစီစဉ်​ထား​သေးလဲ?

ဖြေ_____ ဆိုင်​ရဲ့လုံခြုံ မှုအပိုင်းမှာ​တော့ ​နေ့နဲ့ညနဲ့တာဝန်​ထမ်း​ဆောင်​ဖို့အတွက်​ လုံခြုံ​ရေးဝန်​ထမ်း​တွေထားရှိထားပါတယ်​။

မေး_____ လက်​လီလက်​ကားဝယ်​ယူချင်​တဲ့ Customer​တွေအ​နေနဲ့​ရော​ဘယ်​လိုမျိုးစီစဉ်​ထားလဲ?

ဖြေ_____ ကျွန်​​တော့်​ဆိုင်​က​နေ​လက်​လီလက်​ကားဝယ်​ယူချင်​တဲ့သူ​တွေအတွက်​လည်း မတူညီတဲ့ အထူး​ဈေးနှုန်​​တွေသတ်​မှတ်​​ပေးထားပါတယ်​။

မေး_____ နန်းစံသူကိုလူသိများလာဖို့ ဘာ​တွေ​ဆောင်​ရွက်​ဖို့ရှိလဲ?

ဖြေ_____ ဆိုင်​ကိုလူသိများလာဖို့အတွက်​အ​နေနဲ့ မီဒီယာ​တွေရယ်​ အနုပညာရှင်​​တွေ၊ အသိမိတ်​​ဆွေ​တွေက​အေကူအညီ​တွေရယူပြီး ​ကြေငြာ​တွေလည်းရိုက်​ကူးသွားဖို့စီစဉ်​ထားပါတယ်​။

မေး_____ ဆိုင်​ကို လာ​ရောက်​​လေ့လာ ဝယ်​ယူအား​ပေးမဲ့ Customer ​တွေတွက်​​ရော အစ်​ကို့အ​နေနဲ့ ဘာများ​ပြောချင်​​သေးလဲ?

ဖြေ_____ ဟုတ်​ကဲ့ပါ ... ကျွန်​​တော့်​ဆိုင်​ကို ဝယ်​ဝယ်​ မဝယ်​ဝယ်​ လာ​လေ့လာကြပါ၊ ​ဈေးနှုန်း​တွေ မြင်​တာနဲ့ အရမ်းတန်​ပီး၊ လူတန်းစားမျိုးစုံဝယ်​ယူလိုရရှိနိုင်​တာကို​တွေ့ရမှာဖြစ်​ပီး အထူးနှစ်​သက်​သ​ဘောကျ စိတ်​ချမ်းသာရပါ​စေမယ်​လို့ ဖိတ်​​ခေါ်ရင်း ​ပြေကြားလိုက်​ပါရ​စေခင်​ဗျ​။

Read 1350 times
Rate this item
(0 votes)