What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Amara Khit အင်္ကျီဖက်ရှင်ဆိုင် မှ လစဉ်လတိုင်းတွင် Brand Ambassadors (၂)ဦးရွေးခြယ်သွားမည့်အစီအစဉ်

၂၀၁၈မှစပြီး Amara Khit မှ လစဉ်လတိုင်းတွင် Brand Ambassadors (၂)ဦးရွေးခြယ်သွားမည့်အစီအစဉ်ဖြစ်ပါတယ်။ 2018 JAN/FEB ၂လစာအတွက် (၄)ဦးရွေးခြယ်မည်ဖြစ်ပါကြောင်းသိရပါတယ်။

Brand Ambassador၏ လိုအပ်ချက်များ
=========================
*အသက် (၃၅)နှစ်အထက် မြန်မာအမျိုးသမီးဖြစ်ရမည်။
*ပေါင်အလေးချိန် (၁၈၀)ထက်မပိုရ။
*Photo Modelling ၀ါသနာပါသူဖြစ်ရမည်။
*Amarakhit Brand အကြောင်းကိုစိတ်ပါဝင်စားပြီး ကြိုက်နှစ်သက်သူဖြစ်ရမည်။
*စကားပြောကောင်းမွန်ပြီးဆက်ဆံရေးပြေပြစ်သူ၊ မိမိကိုယ်တိုင်နှင့် Brandအပေါ်ယုံကြည်မှုရှိသူဖြစ်ရမည်။
*Amarakhit Pageကို Like & Seefirst လုပ်ထားသူဖြစ်ရမည်။
==========================

Monthly Ambassador အဖြစ် ရွေးချယ်ခံရသူသည်-

(၁)Brand နှင့်သက်ဆိုင်သော Post များ Brand နှင့်ပတ်သတ်သော Experience များကို တစ်ပတ်တစ်ခါပုံမှန် Fb ပေါ်တွင် တင်ပေးရမည်။ (⭐️Facebookတွင် active ဖြစ်သူဖြစ်ရပါမည်။)

(၂) Brand Ambassador of the Month title အဖြစ်ရွေးချယ်ခံရသူ ၂ဦါ်ကို Amarakhit Page တွင် တရားဝင်ကြေညာပေးမှာဖြစ်ပြီး တစ်ပတ်တစ်ခါ Post တင်ရန်အတွက် Company မှရွေးခြယ်ထားသော Itemများကို Sponsored products အဖြစ်ပေးမည်ဖြစ်သည်။

(၃) Sponsor အဖြစ်ပေးမည့် Item များမှာ- Clothings, Fashion Accessories (shawl / card-holder or cotton purse) နှင့်အခြားသော Home-textile များပါဝင်သည်။

(၄)Experience များကိုဖော်ပြရာတွင် ရာသီဥတုအလိုက် အ၀တ်အစားရွေးချယ်မှု ၊ အရောင်နှစ်သက်မှု၊ Fabric အသားနှင့်ပတ်သတ်သော ထိတွေ့ခံစားမှု ၊ Brand ကိုဝတ်ဆင်ပြီးသွားသည့်အခါဖြစ်ပေါ်လာသောစိတ်ခံစားချက်များကို ထည့်သွင်းရေးသားဖော်ပြရမည်။

(၅) Post တင်သည့်အခါတိုင်းတွင် #Amarakhit #AKBA #ကိုယ်ပိုင်အမတ်(သတ်မှတ်ပေးထားသော) e.g AKBK18011 စသည်တို့ကို ထည့်သွင်းရေးသားဖော်ပြရမည်။

(၆) Brand Ambassador of the Month အဖြစ်ခန့်အပ်သောကာလအတွင်း Amarakhit Page မှာတင်သော Post တိုင်းကို 
Like & Share လုပ်ပေးရမည်။

(၇) Mission Complete ဖြစ်ပါက (30%) Discount Card, Validity: 3Months ထပ်မံပေးအပ်မည်ဖြစ်သည်။

(၈) Brand Ambassador of the Month ရွေးခြယ်သည့်နေ့မှစပြီး သူငယ်ချင်း မိတ်ဆွေ ဆွေမျိုးများအား လက်ဆောင်ပေးနိင်ရန် 10% Discount ကူပွန်အစောင်(၃၀)ပေးအပ်မည်ဖြစ်သည်။ Discount ကူပွန်၏ သတ်မှတ်ကာလမှာ အချိန်(၂)လ။ (Remark: January လတွင်ရွေးချယ်ခံရသူဖြစ်ပါက ကူပွန်၏ကုန်ဆုံးရက်မှာ ဖေဖော်ဝါရီလကုန်အထိသာ အကျုံးဝင်ပါသည်။)

(၉) လက်ဆောင်ပေးအပ်ထားသော ကူပွန်များအားလုံးဖြင့် သတ်မှတ်ကာလအတွင်းလာရောက်ဝယ်ယူပါက Brand Ambassador အား AKBK Gift Box ကိုလက်ဆောင်ချီးမြှင့်မည်ဖြစ်ပါသည်။

(၁၀) Brand Ambassador of the Month အဖြစ်ခန့်အပ်သော ကာလသည် အချိန်တစ်လဖြစ်သည်။
==============================

ထို့အပြင် နောက်ပိုင်းအစီအစဉ်များဖြစ်တဲ့ Ambassadorများ အချင်းချင်း ရင်းနှီးမှုပိုမိုရရှိစေရန် Networking များ Knowledge Sharing အစီအစဉ်များလည်း လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ လစဉ်လတိုင်းတွင် Brand Amnassador of the Month အဖြစ် (၂)ယောက်ကို ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခြင်းမခံရပါကလဲ လစဉ်ထပ်မံလျှောက်ထားနိင်ပါသည်။
Brand Amnassador of the Month ဟု ရွေးခြယ်ခြင်းသည် အခကြေးငွေဖြင့် ခေါ်ယူခန့်အပ်ခြင်းမျိုးမဟုတ်ဘဲ Amarakhit Brand Products များ၊ Discount card နှင့် Discount Coupons များကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်တုံ့ပြန်မည့်အစီအစဉ်ဖြစ်ပါသည်။ Brand Amnassador of the Month အဖြစ်မရွေးချယ်မီ ဖုန်းခေါ်ဆိုမေးမြန်းမှုအားလက်ခံနိုင်ရမည်ဖြစ်သည်။ 17 Dec 2017 တွင်နောက်ဆုံးထားပို့ပေးနိုင်ပါသည်။ အရွေးခြယ်ခံရသူများကို 20 Dec 2017 နေ့၊ Amara Khit Page တွင် ထပ်မံကြေငြာပေးသွားမှာဖြစ်ပါတယ်။
==============================
အထက်ပါအချက်များဖြင့် ကိုက်ညီပြည့်စုံပြီး စိတ်ပါဝင်စားပါက ဖော်ပြပါထားသော လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီး AmaraKhit Page ၏ Messages Box မှ တစ်ဆင့်ပေးပို့ထားနိုင်ပါသည်။

၁။ အမည် 
၂။ မှတ်ပုံတင်အမှတ် 
၃။ မွေးသက္ကရာဇ် 
၎။ ကိုယ်အလေးချိန်/အရပ် 
၅။ အဘအမည် 
၆။ လူမျိုး 
၇။ ကိုးကွယ်သည့်ဘာသာ 
၈။ အိမ်ထောင်ရှိ/မရှိ 
၉။ အိမ်ထောင်ရှိသူဖြစ်ပါက ခင်ပွန်းအမည်/သားသမီး 
၁၀။ အလုပ်အကိုင် 
၁၁။ ဆက်သွယ်ရန် ဖုန်းနံပါတ်
၁၂။ ဆက်သွယ်ရန်လိပ်စာ

Read 949 times
Rate this item
(0 votes)