What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အတွက် အချိန်ကုန်သက်သာပြီး လှပစေမယ့် One Piece Dress ဖက်ရှင်

တစ်ချို့မနက်ခင်းတွေက ကိုယ်အစီအစဉ်ချထားသလို ဖြစ်မလာတတ်ပါဘူး။ တခါတလေ အိပ်ရာထနောက်ကျလို့ သူငယ်ချင်းနဲ့ ချိန်းထားတာရှိတာမျိုးဆို၊ တနေရာရာသွားစရာရှိတာမျိုးဆို ဘယ်အဝတ်အစားကို ကောက်ဝတ်လို့ ဝတ်ရမှန်းမသိ ကြုံရတတ်ပါတယ်။

လူတိုင်းက ဖက်ရှင်ကျွမ်းကျင်သူတွေမဟုတ်တာကြောင့် ဒီနေ့ဘာဝတ်ရမလဲဆိုတာ ဆုံးဖြတ်ချက်ချရင်း အချိန်အများကြီး ကုန်သွားတတ်ပါတယ်။ ဒီလိုအချိန်တွေ မကုန်ရလေအောင် မိနစ် 30မကြာပဲ အဆင်သင့်ဖြစ်နေစေမယ့် “One Piece Dress” ဖက်ရှင် လေးမျိုးကို မျှဝေပေးလိုက်ပါတယ်။

၁။ Tee ဂါဝန်ဝတ်စုံ

tee1 min

Tee Dress ဆိုတဲ့ အဓိပ္ပာယ်ကတော့ T-shirt ဂါဝန်တွေကိုဆိုလိုတာပါ။ ဂါဝန်တစ်ထည်ဖြစ်ဖို့ဆို T-shirt ကလုံလောက်တဲ့အရှည်ရှိရပါမယ်။ Tee ဂါဝန်လေးတွေကို အလုပ်အားလပ်ရပ်မှာ(သို့) ပေါ့ပေါ့ပါးပါးဝတ်စုံအဖြစ် ဆင်မြန်းနိုင်ပါတယ်။ သူတို့က စွယ်စုံအသုံးပြုလို့ရတာကြောင့် ဝယ်ရကျိုးလည်းနပ်မှာပါ။ သင်ဟာ ဖက်ရှင်နဲ့ပတ်သတ်ပြီး အနည်းငယ်သာသိထားသူဖြစ်လျှင် မိုနိုခရုမ် tee dress လေးတွေကို ဝတ်စားဆင်ယင်ကြည့်ပါ။ အနည်းဆုံးတော့ သင့်ကိုဖက်ရှင်ကျနေစေမှာပါ။

 

jean jacket with sneaker min

ဂျင်းဂျာကင်အင်္ကျီတစ်ထည်နှင့် sneakersဖိနပ်တစ်စုံက ငါးမိနစ်တောင်မကြာပဲ ပြီးပြည့်စုံတဲ့ ဝမ်းဆက်တစ်စုံ ရရှိစေမှာပါ။

 

tee stripe min

tee ဂါဝန်ပြောင်လေးတွေ မကြိုက်ဘူးလား? ဒီလိုအရမ်းလန်းပြီး ကြည့်ကောင်းတဲ့ အစင်းကျားဂါဝန်လေးတွေ ရွေးချယ်လိုက်ပါ။

 

tee long min

အဲကွန်းအခန်းထဲမှာ နွေးနွေးထွေးထွေးရှိစေဖို့ လက်ရှည်ဝတ်စုံ ဝတ်ချင်ရင် သင့်ကိုကျိန်းသေ လိုက်ဖက်စေမယ့် tee ဂါဝန်လက်ရှည်လေးတွေကို ရွေးချယ်ပါ။

၂။ ပခုံးပျောက်ဂါဝန်

off shoulder min

ပခုံးပျောက်ဂါဝန်ဟာ အသားအရေတချို့ကို ထုတ်ဖော်ပြသရာရောက်တာကြောင့် သင့်ရဲ့မိန်းကလေးဆန်မှု၊ sexyကျမှုကို ပြသဖို့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ အားလပ်ရက် ဒါမှမဟုတ် ပွဲအခမ်းအနားတွေအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ သင့်မှာ သက်တောင့်သက်သာရှိပြီး ထသွားထလာ၊ အိမ်နေရင်းဝတ်တဲ့ ပခုံးပျောက်အင်္ကျီတစုံ ဒါမှမဟုတ် ဒေါက်ဖိနပ်တစ်ရံနဲ့အတူ ဝတ်ဆင်လို့ရမယ့် ပွဲတတ်ဂါဝန်တစ်ထည်တော့ ရှိပါလိမ့်မယ်။ ဒီဂါဝန်လေးတွေ ဝတ်ဆင်တဲ့အခါ အိတ်လေးတွေ ၊ တခြား accesories တွေဆင်မြန်းဖို့တော့ မမေ့သင့်ပါဘူး။

 

panama hat min

ပနားမားဦးထုပ်နှင့် ရိုမန့်ဆန်တဲ့ ကြိုးသိုင်းဖိနပ်ကဲ့သို့ Accessories တွေက သင့်ကိုခေတ်ဆန်ကြော့မော့နေမှာ မလွဲပါဘူး.။

စတိုင်ကျပြီး ခေတ်မှီစေတဲ့ ဖက်ရှင်များ

 

off shoulder lace min

အရောင်လွင်တဲ့ ပခုံးပျောက်ဂါဝန်တစ်ခုကို ရွေးချယ်ခြင်းဖြင့် သင့်ရဲ့ look ကိုပိုပြီး ထူးခြားအောင် ပြုလုပ်ပါ။ နူးညံ့သိမ်မွေ့တဲ့ ဇာဝတ်စုံလေးနဲ့အတူ ခြေညှပ်အပါးလေးကို ဝတ်ဆင်ပါ။

 

off black min

အနက်ရောင်ပခုံးပျောက်ဂါဝန်တစ်ထည်က သင့်ကိုကြည့်ကောင်းပြီး လှပစေပါတယ်။ လည်ကပ်တစ်ခုနှင့် မျက်မှန်တစ်လက်နှင့်အတူ ဒေါက်ဖိနပ်လေးတစ်စုံက သင့်ကိုမော်ဒယ်တစ်ယောက်နဲ့ တူစေမှာပါ။

၃။ လည်ပင်းကြိုးသိုင်းဂါဝန်ဝတ်စုံ

cross neckline min

လည်ပင်းကြိုးသိုင်း ဂါဝန်တစ်စုံက အများအားဖြင့် ဖက်ရှင်အကျဆုံးဖြစ်ပါတယ်။ ဒီစွဲဆောင်မှုရှိတဲ့ ဝတ်စုံတွေကို သင့်အဝတ်ဗီဒိုထဲမှာ ရှိရပါမယ်။ သင့်ရဲ့ပခုံးနှင့် ညှပ်ရိုးကို ပေါ်လွင်စေတာကြောင့် ဆွဲဆောင်မှုပေးတဲ့ ဝတ်စုံတစ်စုံဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က တင်ပါးတွေ၊ ပေါင်တံတွေ မလှရင်တောင် ဒီလည်ပင်းကြိုးသိုင်းဂါဝန်ရှည်တစ်ထည်က သင့်ကို ယုံကြည်မှုပိုပြီးရှိစေမှာပါ။ ဒီလည်ပင်းကြိုးသိုင်းဂါဝန်လေးတွ ဝတ်တဲ့အခါ လည်ဆွဲဝတ်တာကို ရှောင်ကြဉ်ပါ။ ကြိုးက လည်ပင်းအနောက်မှာချည်ထားတာဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်းဖြစ်နေရပါမယ်။


၎။ ဂါဝန်ရှည်ဝတ်စုံ

maxi dress min

ဂါဝန်ရှည်ရှည်တွေ သင့်ကို ကြော့ရှင်းစေပြီးသင့်ရဲ့မိန်းကလေးဆန်မှုကို မြှင့်တင်ရာရောက်ပါတယ်။ casual days အတွက်ဝတ်ဆင်နိုင်ယုံသာမက professional အတွက်နှင့် ပွဲတတ်အခမ်းအနားတွေမှာလည်း ဝတ်ဆင်နိုင်ပါတယ်။ သင်ဟာ အရပ်ပုတဲ့သူဖြစ်ရင်တောင် ဒီဖက်ရှင် အကန့်အသတ်ဖြစ်တယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ အရပ်ပုတဲ့မိန်းကလေးတွေ ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်နိုင်ပါတယ်။ အထူးသဖြင့် အရောင်ရင့်ကို solid colorsလေးတွေနဲ့ ရောခြင်းဖြင့် အရပ်ပုတဲ့သူကို ပိုရှည်သယောင် ပြုလုပ်နိုင်ပါတယ်။

 

Source:life style

Read 1703 times
Rate this item
(1 Vote)