သိပ်မအေးတဲ့ ဆောင်းကြိုရာသီစာ အတွက် ၀တ်စုံလေးတွေ စဉ်းစားနေမိပြီလား။
H&M ဆီကနေပြီး Idea သစ်လေးတွေ ချပြထားတာ တစ်ချက်ကြည့်လိုက်ရအောင်လား။
ဆွီဒင် ဖက်ရှင်အမှတ်တံဆိပ် အနေနဲ့ ရာသီအကူးအပြောင်း အချိန်အတွက် အသင့်တော်ဆုံးသော ပုံစံတွေအဖြစ် leather jackets တွေ, wide-cut ပုံစံ အ၀တ်အထည်တွေနဲ့ ထပ်တွန့် ဒီဇိုင်းတွေကို အကြံပြုထားတာပါ။
ဒီ look-book မှာတော့ မော်ဒယ် Charlee Fraser ကို အရောင်အသွေးစုံစုံ ဆေးရိုက်ထည်တွေ၊ blouse ပွပွလေးတွေ၊ အတွန့်အဖတ် ၀တ်စုံတွေနဲ့ အပေါ့ပါးဆုံး တွေ့ရတာပါ။
ရွှေရောင် နားကွင်းတွေ၊ leather slippers လေးတွေ၊ metallic sandals စတာတွေက ပိုလို့ ပြည့်စုံသွားစေတဲ့ ထပ်ပေါင်းထည့်မှုပေါ့။
source :posh magazine