What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တီရှပ်နဲ့ ဂျင်းဘောင်းဘီပဲဝတ်ရတာ သဘောကျတဲ့ မင်းသားချော Keanu Reeves

Keanu ကို လူတွေက တစ်ခါလာလည်း ဒီ အဝတ်အစားပုံစံ ပဲ နောက်တစ်ခါလာလည်း ဒီအဝတ်အစားပဲ အဝတ်အထည် တစ်ခု ထဲကိုပဲ ထပ်တလဲလဲ ဝတ်တယ်ဆိုကာ အနောက်တိုင်း ရုပ်ရှင်ချစ်သူ ပရိသတ်များက စနောက်ခံခဲ့ပါတယ်။

တကယ်တော့ Keanu ဟာ ဝတ်စရာ အဝတ်အစား မြောက်များစွာ ရှိပေမဲ့ ဘာဝတ်ရမှန်းစဉ်းစားမရဘဲ ဝတ်နေကျပုံစံအတိုင်း သာအမြဲဝတ်ဖြစ်သွားတာပါလို့ Talk show တစ်ခုမှာ ပြောကြားသွားပါတယ်။

 

တီရှပ်ပဲဝတ်ရတာကြိုက်ပြီး ဝတ်သမျှ တီရှပ်တွေက အထည်မတူပါဘူး။ သေချာကြည့်ရင် အရောင်ကွဲသလို ဒီဇိုင်းလည်း ကွဲပါတယ်တဲ့။ ဒါပဲဝတ်တယ်လို့ မထင်စေလိုပါဘူး။ သူ့မှာ ရှိသမျှ တီရှပ်တိုင်းက အဲ့ဒီဇိုင်းပါပဲတဲ့။ ထို့အပြင် ဂျင်းဘောင်းဘီတွေကို ရွေးဝတ်ခြင်းက ဂျင်းက အပေအတေခံလို့ပါတဲ့။

 

အပြင်သွားစရာရှိရင် ဂျင်းဘောင်းဘီ နဲ့ တီရှပ်အပေါ် ကုတ်အင်္ကျီ လေး ထပ်ဝတ်လိုက်ရင် ပြီးသွားရော၊ ထို့အပြင် တီရှပ်တို့သဘောက ဝတ်ဆင်သူကို စိတ်လက်ပေါ့ပါးစေတယ်။ ထသွားထာလာ ကောင်းစေတယ် ၊ နွေရာသီဆို အေးစေတယ်၊ ဒါကြောင့်မို့ပါတဲ့။

 

ထို့အပြင် Arch ဆိုင်ကယ် တံဆိပ်က သူ co founder ဖြစ်တဲ့ လုပ်ငန်းပါ။ ဒါကြောင့်လည်း အင်္ကျီတွေ ပေါသောနေအောင် သူရထားတာပါတဲ့။ တစ်ခါတလေ လူအများက သူ့ကို " အလကားရတာ မဝယ်ရတာတွေဝတ်နေလားမသိ " ဆိုကာ ပြောဆိုစနောက် ဝေဖန်နေပါသတဲ့။

 

Keanu you are a dream ? | Keanu reeves, Keanu charles reeves ...

 

<<< Zawgyi >>>

 


-------------------------------------------------------------------------------------------

 


 


 


 


 


 

Ref : Hollywood Reporter 

Read 815 times
Rate this item
(0 votes)
Tagged under