What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးငယ်များနှင့် ကုတ်အင်္ကျီဖက်ရှင်

ယနေ့ခေတ် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မိန်းကလေးငယ်များအတွက်

ကုတ်အကျ ဖက်ရှင်လေးများလည်း ခေတ်စားလာပါတယ်။

ဘယ်ရာသီပဲဖြစ်ဖြစ် ကုတ်အကျလေးတွေကတော့ အရောင်းသွက်နေဆဲဖြစ်ပါတယ်။ ယနေ့ခေတ်စားလာသည့် ကုတ်အကျစတိုင်ကတော့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းအများစု ဝတ်ဆင်လေ့ရှိကြပါတယ်။

အရွယ်စုံမိန်းကလေးများက ခေတ်မီကုတ်ဒီဇိုင်းအမျိုးမျိုး၊ စတိုင်အမျိုးမျိုးရှိတဲ့အတွက် ကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။

ယင်းကုတ်အင်္ကျီများကို Black & White Fashion တွင် ဝယ်ယူနိုင်ပြီး ကုတ်အင်္ကျီများကို ဘန်ကောက်မှတစ်ဆင့် တင်သွင်းကြောင်း သိရပါတယ်။

Black & White Fashion ဆိုင်တွင် အရွယ်အစားစုံသည့်အပြင် smart ကျစေမယ့် ဒီဇိုင်းအမျိုးမျိုးကိုလည်း ရနိုင်ပါတယ်။ ဆိုင်၏ အရောင်းရဆုံးကတော့ ခါးတိုကုတ်အင်္ကျီလေးတွေပဲ မိန်းကလေးငယ်အများစု လာရောက် လာဝယ်ယူကြကြောင်း သိရပါတယ်။

ယင်းဆိုင်တွင် ကုတ်အင်္ကျီအပြင် ဘောင်းဘီ၊ ဂါဝန်အတို၊ အရှည်၊ ပေါ့ပေါ့ပါးပါးဒီဇိုင်းများနှင့်အတူ မိန်းကလေးလက်ကိုင်အိတ်အစရှိတဲ့ အခြားဖက်ရှင်ပစ္စည်းများကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ဆိုင်သို့မသွားရောက်နိုင်သူများကလည်း အွန်လိုင်မှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

ဖက်ရှင်ပစ္စည်းများကို လက်လီလက်ကား ရောင်းချပြီး ကုတ်အင်္ကျီဈေးနှုန်းကတော့ ၉၅၀၀ ကျပ် မှ စတင်၍ ဈေးနှုန်းအစားစားရှိကြောင်း သိရပါတယ်။

Black & White Fashion

အမှတ် ၈၂၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၉၁၈၀၀၉၈၅

Read 2794 times
Rate this item
(0 votes)