What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းပေါ်မှာ အများအပြားရှိလာတဲ့ plus size ဖက်ရှင်တွေ

အွန်လိုင်းပေါ်မှာ အများအပြားရှိလာတဲ့ plus size ဖက်ရှင်တွေ google

အခုနောက်ပိုင်းအွန်လိုင်းမှာပေါင်200ကျော်သူတွေအတွက် သီးသန့်ရောင်းချနေတဲ့ group တွေpageတွေများပြားလာတာတွေ့ရပါတယ်။

Plus size ဖက်ရှင်တွေဆိုတဲ့ နေရာမှာ အရင်တုန်းက 2XL ဆိုဒ်လောက်ကိုသာ ရနိုင်တာဖြစ်ပြီးအခုချိန်မှာတော့ 5XLလောက်အထိရှိနေတာကြောင့် ပေါင်200ကျော်တွေ ၃၀၀ကျော်တွေအထိဝတ်ဆင်နိုင်အောင် ရောင်းချနေတာဖြစ်ပါတယ်။

အွန်လိုင်းမှာplus size ဖက်ရှင်တွေကို ရောင်းသူမခိုင်ဇာက’’အရင်တုန်းကဆိုရင်ဆိုဒ်ကြီးတွေရှာရတွှာ၇မ်းခက်တယ်။ဝတ်ချင်တယ်ဆိုရင်လဲကိုယ့်ဘာသာချုပ်ဝတ်တာဘဲဖြစ်ဖြစ် ဒါမှမဟုတ်နိုင်ငံခြားကိုသွားတဲ့ သူရှိလို့မှာလိုက်မှဘဲရတယ်။ ပြည်တွင်းဈေးကွက်မှာဆိုရင်တော့ ရှာဖို့ခက်ခဲတယ်။အခုနောက်ပိုင်းကျတော့ ၀တဲ့ သူတွေကလဲ များလာတယ်ဆိုတော့ သူတို့အတွက် အ၀တ်အထည်တွေကို သီးသန့်ရောင်းလာကြတာပါ။ပြီးတော့ အွန်လိုင်းရှော့ပင်းတွေကလဲplus sizeတွေကိုရောင်းချတာများလာပြီ’’လို့ပြောပါတယ်။

Plus Size အင်္ကျီတထည်ရဲ့ ဈေးနှုန်းကအနည်းဆုံးကျပ်တသောင်းခွဲကျော်ကျော်ကနေစပြီးငါးသောင်းကျော်အထိရှိတာဖြစ်ပါတယ်။plus size ဖက်ရှင်တွေမှာလိုအပ်တဲ့ ပစ္စည်းတွေကိုအကုန်ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုနောက်ပိုင်းအွန်လိုင်းမှီာရောင်းချတာတွေလည်းများပြားလာတာတွေကိုတွေ့ရပြီး5XLဆိုရင်ပေါင် ၃၀၀လောက်အထိရနိုင်တာဖြစ်ပြီးဈေးနှုန်းကလည်း ကျပ်၃၀၀၀၀ကျော်လောက်ရှိပါတယ်။အွန်လိုင်းမှာလဲ plus size fashion  ဆိုပြီးရိုက်ရှာလိုက်တယ်ဆိုရင် LUKU Fashion shop၊plus size fashion yangon ၊piggy plus size အပြင် အခြားသော အွန်လိုင်းဖက်ရှင်ဆိုင်တွေကိုလဲ  တွေ့ရှိနိုင်ပါတယ်။

20597095 479268622440449 3340466822896789424 navf17395mq bk nd8644ecomm queen 11 22ecomm queen 11 2214452 1

 

Source: modern journal

Read 1401 times
Rate this item
(0 votes)