What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလန်းစား ရှိုးထုတ်လို့ရမယ့် Pant ဖက်ရှင်

ဒီတစ်ခါမှာလည်း girly style မကြိုက်တဲ့သူတွေရော၊ Pants လေးတွေနဲ့ အလန်းစား ရှိုးထုတ်ချင်တဲ့သူတွေအတွက်ရော အရမ်းမိုက်တဲ့ ဖက်ရှင် outfits လေးတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

1. For the lipstick lover

 For the lipstick lover min

အရမ်းမိုက်ပြီး ချစ်စရာကောင်းတဲ့ ဒီဖက်ရှင်လေးကိုတော့ ပန်းရောင်ကြိုက်တဲ့သူတိုင်း ကြိုက်မှာ အသေချာပါပဲ။ ဒီပုံထဲကအတိုင်းလေးလိုချင်တဲ့သူတွေအတွက် ပန်းရောင် jacket လေးကို ဒေါ်လာ (၆၆) နဲ့ “Tobi” မှာ ဝယ်ယူနိုင်ပါတယ်။ T-shirt လေးကိုတော့ ဒေါ်လာ (၃၅) နဲ့ “Yeah Bunny” မှာ ဝယ်ယူနိုင်ပါတယ်။ Fringed PU Leggings ဆိုတဲ့ ဘောင်းဘီလေးကိုတော့ ဒေါ်လာ (၈၅) နဲ့ “Topshop” မှာ ဝယ်ယူနိုင်ပါတယ်။ Sneaker လေးကိုတော့ ဒေါ်လာ (၆၀) နဲ့ “Nasty Gal” ကနေ ဝယ်ယူနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ လွယ်အိတ်လေးကိုတော့ ဒေါ်လာ (၃၉) နဲ့ “Dolls Kill” မှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

2. For the '90s kid

For the 90s kid min

ဒါလေးကတော့ လုံးဝကိုရိုးမသွားနိုင်တဲ့ outfit ဒီဇိုင်းလေးပါပဲ။ အမြင်ရှင်းပြီး အရမ်းချစ်စရာကောင်းပါတယ်။ ဒါ့အပြင် ဒီ outfit ဖက်ရှင်လေးက အပြင်မှာ အလွယ်တကူ ရှာဝယ်လို့ရတဲ့ outfit လေးတွေပါ။ တကယ်လို့ သင်က ဒီပုံထဲကအတိုင်းလေးလိုချင်တယ်ဆိုရင်တော့ Jeans Jacket လေးကို ဒေါ်လာ (၉၅) နဲ့ “Topshop” ကနေ မှာယူနိုင်ပါတယ်။ ဘောင်းဘီလေးကိုလည်း ဒေါ်လာ (၃၀) နဲ့ “Topshop” ကနေ မှာယူနိုင်ပါတယ်။ Tee လေးကိုတော့ ဒေါ်လာ (၂၉) နဲ့ “Box Lunch” ကနေ ဝယ်ယူနိုင်ပါတယ်။ Sneakers လေးကိုတော့ ဒေါ်လာ (၆၀) နဲ့ “T.J.Maxx” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ အိတ်လေးကိုတော့ ဒေါ်လာ (၃၆) နဲ့ “Nasty Gal” ကနေ ဝယ်ယူနိုင်ပါတယ်။

3. For the badass babe

For the badass babe min

ဒါကတော့ မိုက်တဲ့ပုံစံလေးပေါက်သွားစေမယ့် ဖက်ရှင်လေးပါ။ T-Shirt လေးကို ဒေါ်လာ (၂၉) နဲ့ “ASOS” ကနေ ဝယ်ယူနိုင်ပြီး၊ ဘောင်းဘီကိုတော့ ဒေါ်လာ (၁၁) နဲ့ “Cotton On” ကနေ ဝယ်ယူနိုင်ပါတယ်။ Boots ကိုတော့ ဒေါ်လာ (၈၆) နဲ့ “Missguided” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အရမ်းကို ချစ်စရာကောင်းနေတဲ့ အိတ်လေးကိုတော့ ဒေါ်လာ (၁၉) နဲ့ “GoJane” ကနေ ဝယ်ယူနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး ရှိစေတဲ့ Street Style ဖက်ရှင်

4. For the girl who only wears black

For the girl who only wears black min

ဒီဖက်ရှင်လေးကတော့ girly type မဟုတ်တဲ့ ဖက်ရှင်လေးပါ။ ဒီဇိုင်းဆန်းတဲ့ Embroidered Floral Hoodie လေးကတော့ “Forever 21” က ဒေါ်လာ (၂၄) ရှိတဲ့ Hoodie လေးပါ။ Crop Top အစင်းလေးကိုတော့ ဒေါ်လာ (၇) နဲ့ “Macy’s” ကနေ ဝယ်ယူနိုင်ပါတယ်။ ဘောင်းဘီလေးကတော့ “Forever 21” က ဒေါ်လာာ (၂၃) ရှိတဲ့ ဘောင်းဘီလေးပါ။ ချစ်စရာကောင်းတဲ့ Metallic Sneakers လေးကိုတော့ ဒေါ်လာ (၁၄) နဲ့ “GoJane” ကနေ ဝယ်ယူနိုင်ပါတယ်။

 

Source:we media

Read 1004 times
Rate this item
(1 Vote)