What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရွ ဖက္ရွင္ Brand မ်ား အလားအလာေကာင္း

ZAWGYI+UNICODE

ေလဒီဂါဂါသည္ ဂ်ပန့္ brand ျဖစ္ေသာ Roggykei ကုိ ပုံမွန္၀တ္ဆင္သည္။

Roggykei သည္ ဂ်ပန္မွ Osaka College of Design ေက်ာင္းဆင္းႏွစ္ဦးက ၂၀၀၆ ခုႏွစ္တြင္ ဖန္တီးေပးခဲ့ၾကသည့္ brand ျဖစ္သည္။

BY ZE3FCcAAEVqr

Lady Gaga သည္ ဂ်ပန္ brand ျဖစ္သည့္  Roggykei ကုိ ပုံမွန္၀တ္ဆင္ေနက် ျဖစ္သည္။

အာရွဖက္ရွင္ Brand မ်ားတြင္ အိႏိၵယ၊ တရုတ္၊ ဂ်ပန္တုိ႔မွ Brand မ်ား အေနာက္တုိင္းမွ ႏုိင္ငံတကာ Brand မ်ားကုိ ပခုံးခ်င္း ယွဥ္ႏုိင္လာၿပီ။ အာရွမွ အ၀တ္အစား၀ယ္ၾကသူတုိ႔ မိမိႏုိင္ငံနဲ႔ အိမ္နီးနားခ်င္း ႏုိင္ငံတုိ႔မွ Brand မ်ားကုိ ယုံယုံၾကည္ၾကည္ျဖင့္ အေလးအနက္ထားၿပီး ၀ယ္ယူ၀တ္ဆင္လာၾကသည္အျပင္ ဂုဏ္လည္း ယူတတ္ၾကၿပီ။

အဆင့္ျမင့္တန္းမွ ဖက္ရွင္မ်ားကုိ ေငြမႏွေျမာဘဲ ၀ယ္ႏုိင္သည္မွာ အာရွမွ စားသုံးသူမ်ား ျဖစ္သည္။ တန္ဖုိးအားျဖင့္ ၾကည့္လွ်င္ တစ္ကမ႓ာလုံး၏ ထက္၀က္ေက်ာ္ကုိ အာရွမွ ၀ယ္ယူ၀တ္ဆင္ေနၾကသည္။
အင္တာနက္မွာ အထည္ဆုိင္မ်ား ဖြင့္လွစ္ၿပီး ေရာင္းခ်ၾကျခင္းႏွင့္ အြန္လုိင္းေဈး၀ယ္ျခင္းတုိ႔ ထြန္းကားသြားၿပီးသည့္ေနာက္တြင္ အာရွဖက္ရွင္ Brand မ်ားသည္ စားသုံးသူကုိ တုိက္႐ုိက္ျပသခြင့္ ရရွိသြားသည္။ အဆန္းအျပား ေခတ္ဆန္းတုိ႔ကုိ ရွာရွာေဖြေဖြ ၀ယ္ယူလုိသူတုိ႔အဖုိ႔ မိမိအိမ္မွာ ထုိင္ရာမထ စိတ္ႀကိဳက္ေရြး၍ ရသည္။ အေရာင္၊ အဆင္အကြက္၊ အလန္းစား ႏွစ္သက္ရာကုိ ေရြးႏုိင္ၾကသည္။ စစ္တမ္းမ်ားအရ သိရသည္မွာ အသက္ ၃၅ ေအာက္ အသက္အရြယ္ ရွိသူမ်ားသည္ အ၀တ္အစားတုိ႔ကုိ ဆုိင္မွာ ၀ယ္ယူရသည္ထက္ အြန္လုိင္းမွာ ၀ယ္ယူရသည္ကုိ ပုိႀကိဳက္ၾကသည္။
အရည္အေသြး ျမင့္ျမင့္မားမား ျဖစ္ဖုိ႔ကုိ သိပ္အေရးမလုပ္ေတာ့သည့္ အေျပာင္းအလဲလည္း ေပၚေပါက္ခဲ့သည္။ အထည္သား အသစ္အဆန္းမ်ားျဖင့္ အာရွ Brand တံဆိပ္တုိ႔ ထုတ္လုပ္တင္ဆက္ေပးသည္ကလည္း ႀကီးမားသည့္ ဆြဲေဆာင္မႈ ျဖစ္ေနသည္။ ေဈးႀကီးႀကီးေပးရသည့္ အေနာက္တုိင္းမွ Brand ကုိ ႏွစ္ထည္၀ယ္မည့္အစား ေဈးအလယ္အလတ္တန္းရွိသည့္ အာရွ Brand ႏွစ္မ်ဳိးကုိ တစ္ထည္စီ ၀ယ္၀တ္၍ ရေနကလည္း အထည္မ်ား အယားေျပ အာသီသ ျပည့္၀ေစသည္မွာ အမွန္ပင္ ျဖစ္ေနသည္။ သုိ႔ျဖစ္ရာ အေနာက္တုိင္းမွ brand မ်ား ျဖစ္ၾကသည့္ Prada ၊ Kering’s Bottega Veneta ႏွင့္ Tod’s တုိ႔သည္ ေရာင္းအားထုိးက်သြားသည္ကုိ ရင္ဆုိင္ေနရသည္။ brand အရွိန္အ၀ါသည္ အာနိသင္ ေလ်ာ့က်လာေနသည္။
Lane Crawford ကုန္တုိက္လုပ္ငန္းႀကီးသည္ တ႐ုတ္ႏွင္ ့ေဟာေကာင္တုိ႔တြင္ ဖြင့္လွစ္ထားသည့္ ၎၏ လက္လီအေရာင္းဆုိင္မ်ားတြင္ Ms Min ႏွင့္ Comme moi အပါအ၀င္ တ႐ုတ္ brand မ်ားကုိ ဆုိင္တင္ေရာင္းခ်ေပးေနသည္။ Woo Young Mi အပါအ၀င္ ေတာင္ကုိရီးယားမွ အမ်ဳိးသား၀တ္ အ၀တ္အထည္မ်ားကုိ ဆုိင္တင္ေရာင္းခ်ေပးသည္။ မ်ားမၾကာမီတြင္ ေတာင္ကုိရီးယားမွ အမ်ဳိးသမီးး၀တ္ အ၀တ္အထည္မ်ားကုိ ဆုိင္တင္ေရာင္းခ်ေပးဖုိ႔ စီစဥ္ေနသည္။
လြန္ခဲ့သည့္ ၄ ႏွစ္တုန္းက ထင္ရွားသည့္ တ႐ုတ္ brand သည္ ၄ မ်ဳိးသာရွိခဲ့ၿပီး ယခုအခါ brand အမ်ဳိးမ်ဳိး ၃၀ ေက်ာ္ ေအာင္ျမင္ေနၿပီ ျဖစ္သည္။ အြန္လုိင္း၀ယ္ယူျခင္းမ်ားတြင္ ၂၀% ၀န္းက်င္သည္ ျပည္ပမွ မွာၾကားျခင္းျဖစ္ၿပီး မွာၾကားသူ အမ်ားစုမွာ ျပည္ပေရာက္ တ႐ုတ္မ်ား ျဖစ္သည္။ တ႐ုတ္ျပည္မတြင္ ၀ယ္ယူသူတုိ႔သည္ အသက္ ၂၅ ႏွစ္ ၀န္းက်င္ ရွိၾကသူမ်ား အမ်ားစုျဖစ္ၿပီး ေဟာင္ေကာင္တြင္ အသက္ ၃၅ မွ ၄၀ ႏွစ္အတြင္း ရွိၾကသူမ်ားျဖစ္သည္ဟု Lane Crawford က သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အာရွ brand မ်ားတြင္ Sacai ႏွင့္ Tsumori Chisato ကဲ့သုိ႔ေသာ brand မ်ားသည္ ေတာင္ကုိရီးယားႏွင့္ တ႐ုတ္ brand မ်ားထက္ ေစာသည္။

UNICODE

အာရှ ဖက်ရှင် Brand များ အလားအလာကောင်း

===============
လေဒီဂါဂါသည် ဂျပန့် brand ဖြစ်သော Roggykei ကို ပုံမှန်ဝတ်ဆင်သည်။ Roggykei သည် ဂျပန်မှ Osaka College of Design ကျောင်းဆင်းနှစ်ဦးက ၂၀၀၆ ခုနှစ်တွင် ဖန်တီးပေးခဲ့ကြသည့် brand ဖြစ်သည်။

အာရှဖက်ရှင် Brand များတွင် အိနိ္ဒယ၊ တရုတ်၊ ဂျပန်တို့မှ Brand များ အနောက်တိုင်းမှ နိုင်ငံတကာ Brand များကို ပခုံးချင်း ယှဉ်နိုင်လာပြီ။ အာရှမှ အဝတ်အစားဝယ်ကြသူတို့ မိမိနိုင်ငံနဲ့ အိမ်နီးနားချင်း နိုင်ငံတို့မှ Brand များကို ယုံယုံကြည်ကြည်ဖြင့် အလေးအနက်ထားပြီး ဝယ်ယူဝတ်ဆင်လာကြသည်အပြင် ဂုဏ်လည်း ယူတတ်ကြပြီ။
အဆင့်မြင့်တန်းမှ ဖက်ရှင်များကို ငွေမနှမြောဘဲ ဝယ်နိုင်သည်မှာ အာရှမှ စားသုံးသူများ ဖြစ်သည်။ တန်ဖိုးအားဖြင့် ကြည့်လျှင် တစ်ကမ္ဘာလုံး၏ ထက်ဝက်ကျော်ကို အာရှမှ ဝယ်ယူဝတ်ဆင်နကြေသည်။
အင်တာနက်မှာ အထည်ဆိုင်များ ဖွင့်လှစ်ပြီး ရောင်းချကြခြင်းနှင့် အွန်လိုင်းဈေးဝယ်ခြင်းတို့ ထွန်းကားသွားပြီးသည့်နောက်တွင် အာရှဖက်ရှင် Brand များသည် စားသုံးသူကို တိုက်ရိုက်ပြသခွင့် ရရှိသွားသည်။ အဆန်းအပြား ခေတ်ဆန်းတို့ကို ရှာရှာဖွေဖွေ ဝယ်ယူလိုသူတို့အဖို့ မိမိအိမ်မှာ ထိုင်ရာမထ စိတ်ကြိုက်ရွေး၍ ရသည်။ အရောင်၊ အဆင်အကွက်၊ အလန်းစား နှစ်သက်ရာကို ရွေးနိုင်ကြသည်။ စစ်တမ်းများအရ သိရသည်မှာ အသက် ၃၅ အောက် အသက်အရွယ် ရှိသူများသည် အဝတ်အစားတို့ကို ဆိုင်မှာ ဝယ်ယူရသည်ထက် အွန်လိုင်းမှာ ဝယ်ယူရသည်ကို ပိုကြိုက်ကြသည်။
အရည်အသွေး မြင့်မြင့်မားမား ဖြစ်ဖို့ကို သိပ်အရေးမလုပ်တော့သည့် အပြောင်းအလဲလည်း ပေါ်ပေါက်ခဲ့သည်။ အထည်သား အသစ်အဆန်းများဖြင့် အာရှ Brand တံဆိပ်တို့ ထုတ်လုပ်တင်ဆက်ပေးသည်ကလည်း ကြီးမားသည့် ဆွဲဆောင်မှု ဖြစ်နေသည်။ ဈေးကြီးကြီးပေးရသည့် အနောက်တိုင်းမှ Brand ကို နှစ်ထည်ဝယ်မည့်အစား ဈေးအလယ်အလတ်တန်းရှိသည့် အာရှ Brand နှစ်မျိုးကို တစ်ထည်စီ ဝယ်ဝတ်၍ ရနေကလည်း အထည်များ အယားပြေ အာသီသ ပြည့်ဝစေသည်မှာ အမှန်ပင် ဖြစ်နေသည်။ သို့ဖြစ်ရာ အနောက်တိုင်းမှ brand များ ဖြစ်ကြသည့် Prada၊ Kering’s Bottega Veneta နှင့် Tod’s တို့သည် ရောင်းအားထိုးကျသွားသည်ကို ရင်ဆိုင်နေရသည်။ brand အရှိန်အဝါသည် အာနိသင် လျော့ကျလာနေသည်။
Lane Crawford ကုန်တိုက်လုပ်ငန်းကြီးသည် တရုတ်နှင့်ဟောကောင်တို့တွင် ဖွင့်လှစ်ထားသည့်၎င်း၏ လက်လီအရောင်းဆိုင်များတွင် Ms Min နှင့် Comme moi အပါအဝင် တရုတ် brand များကို ဆိုင်တင်ရောင်းချပေးနေသည်။ Woo Young Mi အပါအဝင် တောင်ကိုရီးယားမှ အမျိုးသားဝတ် အဝတ်အထည်များကို ဆိုင်တင်ရောင်းချပေးသည်။ များမကြာမီတွင် တောင်ကိုရီးယားမှ အမျိုးသမီးဝတ် အဝတ်အထည်များကို ဆိုင်တင်ရောင်းချပေးဖို့ စီစဉ်နေသည်။
လွန်ခဲ့သည့် ၄ နှစ်တုန်းက ထင်ရှားသည့် တရုတ် brand သည် ၄ မျိုးသာရှိခဲ့ပြီး ယခုအခါ brand အမျိုးမျိုး ၃၀ ကျော် အောင်မြင်နပြေီ ဖြစ်သည်။ အွန်လိုင်းဝယ်ယူခြင်းများတွင် ၂၀% ဝန်းကျင်သည် ပြည်ပမှ မှာကြားခြင်းဖြစ်ပြီး မှာကြားသူ အများစုမှာ ပြည်ပရောက် တရုတ်များ ဖြစ်သည်။ တရုတ်ပြည်မတွင် ဝယ်ယူသူတို့သည် အသက် ၂၅ နှစ် ဝန်းကျင် ရှိကြသူများ အများစုဖြစ်ပြီး ဟောင်ကောင်တွင် အသက် ၃၅ မှ ၄၀ နှစ်အတွင်း ရှိကြသူများဖြစ်သည်ဟု Lane Crawford က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရှ brand များတွင် Sacai နှင့် Tsumori Chisato ကဲ့သို့သော brand များသည် တောင်ကိုရီးယားနှင့် တရုတ် brand များထက် စောသည်။

Read 982 times
Rate this item
(0 votes)