What's new

×

Warning

JUser: :_load: Unable to load user with ID: 846


ဘယ်တော့မှ ရိုးမသွားစေမယ့် Designer Handbag ၁၀ အိတ် အပိုင်း (၂)

ဘယ်တော့မှ ရိုးမသွားစေမယ့် Designer Handbag ၁၀ အိတ် အပိုင်း (၂) GOOGLE

ဘယ်တော့မှ ရိုးမသွားစေမယ့် Designer Handbag ၁၀ အိတ် အပိုင်း (၂)

ယနေ့မှာတော့ Textile Directory ပရိသတ်ကြီးအတွက် တင်ပြမှာကတော့ ကမ္ဘာပေါ်တွင် နာမည်ကြီး

အထင်ရှားဆုံးနှင့် လူကြိုက်အများဆုံး Designer Branded Handbag များအကြောင်းပဲဖြစ်ပါတယ်။

Designer Branded Handbag တွေဟာ ဈေးကြီးတဲ့အလျှောက် ၎င်းတို့ကို ထင်ရှားကျော်ကြားဈေးကြီး စေတဲ့အချက်တွေလည်းရှိပါတယ်။

၎င်းအချက်များကို အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

The Gucci Jackie Bag

The Gucci Jackie Bag ကတော့ ဘယ်တော့မှ ရိုးမသွားစေမယ့် Design ထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်မှာ Jackie Kennedy Onassis မှ တီထွင်ခဲ့ပါတယ်။ 1999 ခုနှစ်မှာတော့ အနည်းငယ်ဒီဇိုင်းကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ သို့သော်လည်း ယခုအချိန်အထိ ဒီဇိုင်းအသစ်ရော အဟောင်းပါ ၀ယ်ယူရရှိနိုင်ပါသေးတယ်။ ဈေးအကြီးဆုံး Jackie Back ကတော့ $ 20,400 မြန်မာငွေ သိန်းနှစ်ရာကျော်အထိ ဈေးရှိကြောင်း သိရသည်။

jackie

The Fendi Bagutte

၁၉၉၇ တွင် Silvia Venturini မှ ထုတ်လုပ်ခဲ့သော Classic Design တစ်မျိုးဖြစ်ပါတယ်။ လက်မောင်း၏အောက်တွင် အံဝင်ခွင်ကျဖြစ်စေရန် ဒီဇိုင်းကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Bagutte Bag အများတို့ဟာ ဂျင်း များ၊ မြင်းငယ်များ၏အရေခွံများ၊ မိချောင်းသရေများကို အသုံးပြု၍ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

fendi

Hermes Kelly Bag

Hermes ရဲ့ Kelly အိတ်ကတော့ ဘယ်တော့မှ မှိန်းသုဉ်းပျောက်ကွယ်သွားမယ့်အိတ်မဟုတ်ပါဘူး။ ၁၈၉၂ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး Monaco ၏ မင်းသမီး Grace Kelly ကို ရည်ညွှန်း၍ Kelly ဟု အမည်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ Kelly အိတ်၏ အိတ်ထုတ်လုပ်ရန် 18-25 နာရီအထိ ကြာမြင့်ပြီး Hermes ၏ အရောင်းရဆုံး အိတ်တစ်အိတ်ဖြစ်ပါတယ်။

kelly

Hermes Birkin Bag

ရုပ်ရှင်မင်းသမီး Jame Birkin ကို ရည်ညွှန်း၍ Birkin ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ 1984 ခုနှစ်မှာ စတင်၍ Jame Birkin အတွက် ပထမဆုံးထုတ်လုပ်ပေးခဲ့သည်။

Jame ဟာ သူမစိတ်ကြိုက်လက်ကိုင်အိတ်ရှာဖွေမတွေ့ရှိသေးကြောင်းကို Hermes ၏ Executive Director Jean-lows Dumees ကို လေယာဉ်ပေါ်မှာ တွေ့ဆုံရင်း ပြောခဲ့ခြင်းမှ စတင်ကာ Jame Birkin အတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ မိကျောင်းသားရေများနှင့် ရွှေသားအစစ်ကို အသုံးပြု၍ ထုတ်လုပ်ထားကြကြောင်း သိရပါတယ်။

birkins

The Chanel Flap Bag

၁၉၉၅ ခုနှစ်တွင် Chanel ပိုင်ရှင် Coro Chanel မှ သူမအတွက် ထုတ်လုပ်ခဲ့ခြင်းမှ စတင်၍ လူကြိုက်များလာခြင်းဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်တွင် Karl Lagerfeld မှ ပြန်လည် re-designed ပြုလုပ်ခဲ့ပါတယ်။ Chanel Bagကို ဈေးအကြီးဆုံး USD 261,000 မှ စတင်၍ USD 2200 အထိ ဈေးအစားစားရှိကြောင်း သိရသည်။

chanel

Read 2763 times
Rate this item
(0 votes)