What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ႏွစ္ေပါင္း ၁ဝဝ ေက်ာ္က စစ္သုံးမုိးကာအက်ႌ Burberry

(Zaw+Uni) ကမၻာ့ေဈးအႀကီးဆုံး အ၀တ္အထည္ ထုတ္လုပ္တဲ့လုပ္ငန္းေတြထဲမွာ အပါအ၀င္ျဖစ္တဲ့ Burberry ရဲ႕ သမုိင္းဦးက

စစ္သုံးမုိးကာအက်ႌခ်ဳပ္လုပ္တာနဲ႔ စတင္ခဲ့တယ္။ စစ္သုံးမုိးကာအက်ႌ ဒီဇုိင္းထုတ္ၿပီး ခ်ဳပ္လုပ္ခဲ့သူ Thomas Burberry ကုိ အေၾကာင္းျပဳၿပီး Burberry လုိ႔ အမည္တြင္တယ္။ ၁၉၁၂ ခုႏွစ္မွာ ဒီဇုိင္းထုတ္ခဲ့တယ္။ ပထမကမၻာစစ္အတြင္းမွာ တာ၀န္ထမ္းေဆာင္ေနၾကတဲ့ စစ္သည္အရာရွိေတြအတြက္ ေလဒဏ္ မုိးဒဏ္ ခံႏုိင္မယ့္ မုိးကာကုတ္အက်ႌကုိ စတုိင္က်က်ျဖင့္ ဒီဇုိင္းထုတ္ခဲ့ပါတယ္။ ရာထူးပခုံးတံဆိပ္တပ္ဖုိ႔ ပခုံးေထာက္ ထည့္ေပးတယ္။

burbery
မုိးေရ စီးက်သြားမယ့္ အထည္သားျဖင့္ ခ်ဳပ္လုပ္တယ္။ အထည္သားက ေရမစုပ္ဘူး။ ဒါေပမဲ့ ေလ၀င္ေလထြက္ေကာင္းတယ္။ ဒီေတာ့ မုိးကာ၀တ္ထားတဲ့အခါ အေႏြးထည္၀တ္ထားသလုိျဖစ္ၿပီး အထဲမွာ အုိက္ေနတာ သက္သာေစတယ္။ ေက်ာဘက္မွာ ထပ္တြန္႔ ထည့္ေပးထားတယ္။ ေျပးလႊားတဲ့အခါ၊ ျမင္းစီးတဲ့အခါ ေျခေထာက္ေတြကုိ မုိးကာအက်ႌက တုပ္ေႏွာင္ထားသလုိ မျဖစ္ေစဖုိ႔ အခုလုိ ထပ္တြန္႔ကုိ ဒီဇုိင္းမွာ ထည့္ေပးထားတာ ျဖစ္ပါတယ္။

စစခ်င္းမွာေတာ့ စစ္သုံးမုိးကာကုတ္အက်ႌအျဖစ္ ထုတ္လုပ္ခဲ့တယ္။ ဒီေတာ့ ဒီဇုိင္းထုတ္ထားတာက စစ္သည္အရာရွိတစ္ဦး ၀တ္ဆင္ဖုိ႔အတြက္ ရည္ရြယ္ထားတယ္။
ဒါေပမဲ့ ျမင္လုိက္တာနဲ႔ Burberry မုိးကာအက်ႌမွန္း တန္းသိၾကတာကုိ လူေတြက သေဘာက်ၾကတယ္။ လုိခ်င္မိၾကတယ္။ ၀ယ္ယူၿပီး ၀တ္ဆင္ၾကတယ္။ အရပ္ဖက္မွာလည္း ၀တ္ၾကတဲ့ စစ္သုံးမုိးကာကုတ္အက်ႌ ျဖစ္လာခ်ိန္မွာ ဒီဇုိင္းကုိ အရပ္သုံးအတြက္ ဆီေလ်ာ္ေအာင္ မြမ္းမံေပးခဲ့တယ္။ ဒါေပမဲ့ ကုတ္အက်ႌထုတ္လုပ္ပုံကုိေတာ့ ေရွးယခင္ကအတုိင္း ဆက္လက္ထိန္းသိမ္းထားတယ္။ အဂၤလန္ႏုိင္ငံ ေျမာက္ပုိင္း ကာစတဲဖုိ႔ဒ္မွာ ထုတ္လုပ္တယ္။ ကၽြမ္းက်င္မႈ ျမင့္မားတဲ့ လုပ္သား ၁၀၀ ေက်ာ္ျဖင့္ လုပ္ကုိင္တယ္။ ေရွးယခင္က ထုတ္လုပ္တဲ့ လုပ္ငန္းစဥ္ အဆင့္ဆင့္အတုိင္း လုိက္နာလုပ္ကုိင္တယ္။ ဒီေတာ့ Burberry မုိးကာကုတ္အက်ႌတစ္ထည္ ခ်ဳပ္လုပ္တာ အစမွ အဆုံးအထိ သီတင္းပတ္ ၃ ပတ္၀န္းက်င္ ၾကာျမင့္တယ္။
သုံးစြဲတဲ့ မုိးကာသားကုိလည္း Thomas Burberry က ၁၈၇၉ ခုႏွစ္မွာ တီထြင္ခဲ့တာ ျဖစ္ပါတယ္။ အၾကမ္းခံတယ္။ ခုိင္တယ္။ မုိးေရကာတယ္။ ေရမစုပ္ဘူး။ ေလ၀င္ေလထြက္ ရွိတယ္။ အဲဒီ မုိးကာသားကုိ ယခုထက္တုိင္ Burberry ရဲ႕ ခ်ည္စက္မွ ရက္လုပ္ၿပီး ထုတ္လုပ္ေပးလ်က္ ရွိဆဲ ျဖစ္ပါတယ္။ အဲဒီခ်ည္စက္မွ ထုတ္လုပ္တဲ့ မုိးကာသားျဖင့္ ႏွစ္ေပါင္းတစ္ရာေက်ာ္ တည္တံ့ခဲ့ၿပီျဖစ္တဲ့ Burberry မုိးကာကုတ္အက်ႌကုိ အစဥ္အလာမပ်က္ ထုတ္လုပ္တယ္။

Uni

စစ်သုံးမိုးကာအင်္ကျီ Burberry

ကမ္ဘာ့ဈေးအကြီးဆုံး အဝတ်အထည် ထုတ်လုပ်တဲ့လုပ်ငန်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ Burberry ရဲ့ သမိုင်းဦးက စစ်သုံးမိုးကာအင်္ကျီချုပ်လုပ်တာနဲ့ စတင်ခဲ့တယ်။ စစ်သုံးမိုးကာအင်္ကျီ ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ခဲ့သူ Thomas Burberry ကို အကြောင်းပြုပြီး Burberry လို့ အမည်တွင်တယ်။ ၁၉၁၂ ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့တယ်။ ပထမကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်နကြေတဲ့ စစ်သည်အရာရှိတွေအတွက် လေဒဏ် မိုးဒဏ် ခံနိုင်မယ့် မိုးကာကုတ်အင်္ကျီကို စတိုင်ကျကျဖြင့် ဒီဇိုင်းထုတ်ခဲ့ပါတယ်။ ရာထူးပခုံးတံဆိပ်တပ်ဖို့ ပခုံးထောက် ထည့်ပေးတယ်။
မိုးရေ စီးကျသွားမယ့် အထည်သားဖြင့် ချုပ်လုပ်တယ်။ အထည်သားက ရေမစုပ်ဘူး။ ဒါပေမဲ့ လေဝင်လေထွက်ကောင်းတယ်။ ဒီတော့ မိုးကာဝတ်ထားတဲ့အခါ အနွေးထည်ဝတ်ထားသလိုဖြစ်ပြီး အထဲမှာ အိုက်နေတာ သက်သာစေတယ်။ ရေလုံတဲ့ အသားဖြစ်လို့ ဝတ်ဆင်ထားသူ ခြောက်ခြောက်သွေ့သွေ့ ဆက်ရှိနေစေတယ်။ ကျောဘက်မှာ ထပ်တွန့် ထည့်ပေးထားတယ်။ ပြေးလွှားတဲ့အခါ၊ မြင်းစီးတဲ့အခါ ခြေထောက်တွေကို မိုးကာအင်္ကျီက တုပ်နှောင်ထားသလို မဖြစ်စေဖို့ အခုလို ထပ်တွန့်ကို ဒီဇိုင်းမှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။

 

burbery

စစချင်းမှာတော့ စစ်သုံးမိုးကာကုတ်အင်္ကျီအဖြစ် ထုတ်လုပ်ခဲ့တယ်။ ဒီတော့ ဒီဇိုင်းထုတ်ထားတာက စစ်သည်အရာရှိတစ်ဦး ဝတ်ဆင်ဖို့အတွက် ရည်ရွယ်ထားတယ်။
ဒါပေမဲ့ မြင်လိုက်တာနဲ့ Burberry မိုးကာအင်္ကျီမှန်း တန်းသိကြတာကို လူတွေက သဘောကျကြတယ်။ လိုချင်မိကြတယ်။ ဝယ်ယူပြီး ဝတ်ဆင်ကြတယ်။ အရပ်ဖက်မှာလည်း ဝတ်ကြတဲ့ စစ်သုံးမိုးကာကုတ်အင်္ကျီ ဖြစ်လာချိန်မှာ ဒီဇိုင်းကို အရပ်သုံးအတွက် ဆီလျော်အောင် မွမ်းမံပေးခဲ့တယ်။ ဒါပေမဲ့ ကုတ်အင်္ကျီထုတ်လုပ်ပုံကိုတော့ ရှေးယခင်ကအတိုင်း ဆက်လက်ထိန်းသိမ်းထားတယ်။ အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ကာစတဲဖို့ဒ်မှာ ထုတ်လုပ်တယ်။ ကျွမ်းကျင်မှု မြင့်မားတဲ့ လုပ်သား ၁ဝဝ ကျော်ဖြင့် လုပ်ကိုင်တယ်။ ရှေးယခင်က ထုတ်လုပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း လိုက်နာလုပ်ကိုင်တယ်။ ဒီတော့ Burberry မိုးကာကုတ်အင်္ကျီတစ်ထည် ချုပ်လုပ်တာ အစမှ အဆုံးအထိ သီတင်းပတ် ၃ ပတ်ဝန်းကျင် ကြာမြင့်တယ်။
သုံးစွဲတဲ့ မိုးကာသားကိုလည်း Thomas Burberry က ၁၈၇၉ ခုနှစ်မှာ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းခံတယ်။ ခိုင်တယ်။ မိုးရေကာတယ်။ ရေမစုပ်ဘူး။ လေဝင်လေထွက် ရှိတယ်။ အဲဒီ မိုးကာသားကို ယခုထက်တိုင် Burberry ရဲ့ ချည်စက်မှ ရက်လုပ်ပြီး ထုတ်လုပ်ပေးလျက် ရှိဆဲ ဖြစ်ပါတယ်။ အဲဒီချည်စက်မှ ထုတ်လုပ်တဲ့ မိုးကာသားဖြင့် နှစ်ပေါင်းတစ်ရာကျော် တည်တံ့ခဲ့ပြီဖြစ်တဲ့ Burberry မိုးကာကုတ်အင်္ကျီကို အစဉ်အလာမပျက် ထုတ်လုပ်တယ်။

Read 868 times
Rate this item
(0 votes)