What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သားမွေးအစစ်တွေ အသုံးမပြုတော့ဘူးလို့ ပြောလာတဲ့ Burberry

မရောင်းရတော့တဲ့ Products တွေကို မီးရှို့ဖျက်ဆီးခြင်းနဲ့ သားမွေးအစစ်တွေ အသုံးပြုခြင်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း Burberry က ကြေညာခဲ့ပါတယ်။ ဒီနေ့မှာတော့ Buberry ဟာလည်း ဂေဟစနစ် ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးတဲ့ Sustainable Fashion Brands တွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့ပြီးဖြစ်ပါတယ်။

Business of Fashion ရဲ့ အင်တာဗျူးတစ်ခုမှာတော့ Buberry ရဲ့ CEO Marco Gobbetti က သူတို့ဟာ Luxury Brand တစ်ခုအနေနဲ့ ရှိနေမယ့်အပြင် ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်တွေကို လိုက်နာမည့် Ethical Fashion Brand တစ်ခုအဖြစ်လည်း ရပ်တည်တော့မည်ဟု ထုတ်ပြောခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဂျူလိုင်လ အစောပိုင်းတုန်းကတော့ သူတို့ရဲ့ Brand Image ကို ထိန်းထားဖို့အတွက် ဒေါ်လာ ၂၈သန်း တန်ဖိုးရှိသော မရောင်းထွက်ခဲ့တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

feather min

လက်ကျန်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခြင်းတွေ မလုပ်ဖို့ ရွေးချယ်လိုက်ခြင်းက သူတို့ Brand အနေနဲ့ Sustainable Fashion Brands အဖြစ်လုံးဝ ရပ်တည်ချင်တဲ့ အတွက်ဖြစ်ကြောင်း Burberry က ရှင်းပြခဲ့ပါတယ်။ သူတို့အနေနဲ့ "reuse, repair, donate or recycle unsaleable products” အဖြစ်စတင်ခဲ့ပြီး အဲဒီရဲ့ သက်ရောက်မှုတွေနဲ့ အတူ ဆက်လက် အရှိန်ကောင်းလာအောင် ပြုလုပ်သွားမှာဖြစ်ကြောင်း ထပ်ပေါင်းပြောခဲ့ပါတယ်။
လက်ကျန်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခြင်းအလေ့အထဟာ ဖက်ရှင်ကမ္ဘာမှာတော့ ပုံမှန်လုပ်နေကျအလုပ်တစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များစွာသော ထိပ်တန်း အမှတ်တံဆိပ်တွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို Discount ဈေးနှုန်းတွေနဲ့ ရောင်းချခြင်းတွေမရှိကြောင်း ပြောပြီး သူတို့ရဲ့ ဂုဏ်ကို မြင့်တင်ချင်တာကြောင့်ဖြစ်ပါတယ်။ ဈေးချိုရင် အလွယ်တကူ ဝယ်ယူနိုင်တယ်ဆိုတဲ့ သက်ရောက်မှု ရှိတဲ့အတွက် ဒီဇိုင်နာတော်တော်များမျာဟာ သူတို့ရဲ့ Brand ကို အရမ်းကို ခမ်းနားပြီး သီးသန့်ဆန်တဲ့ Brand တစ်ခုအဖြစ်ခွဲထွက်ပြီး တည်ဆောက်ကြပါတယ်။ ဒါပေမယ့် Burberry ကတော့ တမူထူးခြားတဲ့ Luxury တစ်ခုကို မိတ်ဆက်ပေးဖို့ သိပ်ကို စိတ်အားထက်သန်နေပြီလေ။

Burberry stop destroy min

Modern luxury ဆိုတာ လူမှုရေးအရရော၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရရော တာဝန်မှုရှိရပါတယ်။ အဲဒီယုံကြည်မှုအတိုင်းပဲ Burberry ဟာဆက်သွားမှာ ဖြစ်ပြီး ဒါဟာ ရေရှည်မှာ အောင်မြင်နိုင်မယ့် သော့ချက်တစ်ခုဖြစ်ပါတယ် ဆိုပြီး Chief Executive Officer ဖြစ်တဲ့ Marco Gobbetti ကပြောခဲ့ပါတယ်။ ဒီစက်တင်ဘာမှာ တင်ဆက်မယ့် Ricardo Tisci ရဲ့ လက်ရာတွေကနေစပြီး နောက်လာမယ့် Collections တွေမှာ သားမွေးအစစ်တွေ Burberry ဟာ ဘယ်တော့မှ သုံးတော့မှာ မဟုတ်ပါဘူး။

Lilly Pulitzer ရဲ့ ဈေးကွက်ထဲ ၀င်ရောက်လာတဲ့ ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းသစ်တစ်မျိုး

Source:moda

Read 1159 times
Rate this item
(1 Vote)