What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အတွက် ကမ်းခြေမှာ အမိုက်စားဖြစ်နေစေမယ့် Beach ဖက်ရှင်စတိုင်

မိုးလေကင်းလွတ်တဲ့ အချိန်ဆိုရင် တော်တော်များများက ကမ်းခြေတွေကိုပဲသွားနေကြတာမလား။ ကမ်းခြေမှာဓာတ်ပုံလေးရိုက်လိုက်၊ ရေဆော့လိုက်၊ အပန်းဖြေလိုက်နဲ့ ကမ်းခြေသွားမယ်ဆိုရင် ဓာတ်ပုံမရိုက်မယ့်သူကတော့ မရှိလောက်ပါဘူးနော်။ ဒါကြောင့် ဓာတ်ပုံရိုက်ရင်လည်း အလှဆုံးဖြစ်နေအောင် ကမ်းခြေနဲ့လည်းလိုက်ဖက်အောင် ကမ်းခြေမှာဝတ်ဆင်သင့်တဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဂါဝန်ရှည်

maxi dress min

ကမ်းခြေသွားမယ်ဆိုရင်တော့ ဂါဝန်အရှည်လေးတစ်ထည်ယူသွားသင့်ပါတယ်။ ဂါဝန်အရှည်လေးတွေက ကမ်းခြေနဲ့အရမ်းလိုက်ဖက်တယ်လေ။ နောက်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း အရမ်းလှပါတယ်။ အရောင်အနေနဲ့ကတော့ ဂါဝန်ပြောင်ဆိုရင် အရောင်လွင်လွင်လေးတွေ၊ အရောင်နုတာလေးတွေနဲ့ အဖြူရောင်ကိုပဲ ရွေးချယ်သင့်ပါတယ်။ ဂါဝန်ကအပွင့်လေးတွေနဲ့ဆိုရင်တော့ ကြိုက်သလိုရွေးချယ် ဝတ်ဆင်နိုင်တယ်နော်။ အခုနောက်ပိုင်းဆိုရင် ဂါဝန်အရှည်လေးကိုမှ အရှေ့ကွဲလေးတွေ ဘေးကွဲလေးတွေနဲ့လည်းပေါ်နေပြီဆိုတော့ ရွေးချယ်စရာက အရမ်းများပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ဂါဝန်အရှည်လေးတွေဝတ်မယ်ဆိုရင် ဦးထုပ်လေးတွေလည်း ဆောင်းပေးဖို့ မမေ့နဲ့နော်။

ဂါဝန်တို

mini dress min

ဂါဝန်တိုလေးကလည်း ကမ်းခြေနဲ့အရမ်းလိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ ဂါဝန်တိုကိုမှ ချစ်စရာကောင်းတဲ့ ဂါဝန်ကားကားလေးတွေဆို ပိုလိုက်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဂါဝန်တိုအဖြူရောင် ကားကားလေးကိုဝတ်တာက ကမ်းခြေနဲ့ပိုလိုက်ဖက်ပါတယ်။ ဒီဖက်ရှင်လေးကိုဝတ်မယ်ဆိုရင်တော့ ဆံပင်ကို ကိုရီးယားမလေးတွေလိုထုံးထားတာမျိုး၊ စည်းထားတာမျိုးနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ မျက်မှန်လေးလည်းတပ်မယ်ဆိုရင် ကမ်းခြေနဲ့ပိုလိုက်ဖက်သွားတာပေါ့။

ဘောင်းဘီတို

short pant min

ဘောင်းဘီတိုကတော့ ကမ်းခြေသွားမယ်ဆိုရင် မယူမဖြစ်ကိုယူသွားသင့်တယ်နော်။ ဘောင်းဘီတိုလေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့ပဲတွဲဝတ်ဝတ် bodysuit လေးတွေနဲ့ပဲတွဲဝတ်ဝတ် အရမ်းလိုက်ပါတယ်။ နောက်တစ်ခုက အပေါ်ကနေ ပုဝါလိုအင်္ကျီအရှည်လေးတွေထပ်ဝတ်ရင်လည်း အရမ်းမိုက်ပါတယ်။ နောက်တစ်ခုအနေနဲ့ အင်္ကျီပါးပါးလေးတွေ အင်္ကျီအဖြူရောင်လေးတွေကို ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်တာလည်း ကမ်းခြေနဲ့အရမ်းလိုက်ဖက်ပါတယ်။ နေရတာလည်း ပေါ့ပေါ့ပါးပါးရှိစေသလို ဓာတ်ပုံရိုက်ရင်လည်း အရမ်းမိုက်ပါတယ်။ ဒီဖက်ရှင်လေးကိုရွေးချယ်ပြီးရင်လည်း မျက်မှန်တော့တပ်ဖို့မမေ့နဲ့နော်။

Shoulder off

shoulder off min

ကမ်းခြေသွားမယ်ဆိုရင် ထည့်သွားသင့်တဲ့အင်္ကျီထဲမှာ Shoulder off အင်္ကျီလေးတွေလည်း ပါပါတယ်။ သူကတော့ ကမ်းခြေနဲ့အလိုက်ဖက်ဆုံးအင်္ကျီပဲလေ။ တော်တော်များများကတော့ ကမ်းခြေသွားပြီဆိုရင် shoulder off အင်္ကျီလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ တွဲဝတ်ကြပါတယ်။ အတိုမဝတ်ချင်တဲ့သူတွေအနေနဲ့ကတော့ ဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လို့လည်းရပါတယ်နော်။ မျက်မှန်ကတော့ ကမ်းခြေသွားမယ်ဆို မပါမဖြစ်ပဲနော်။

တီရှပ်အစင်းကြောင်းတွေကို ဖက်ရှင်ကျကျ ဝတ်ဆင်ရအောင်

ရေကူးဝတ်စုံ

swimsuit min

ရေကူးဝတ်စုံဝတ်ရဲတဲ့သူတွေအနေနဲ့ကတော့ ကမ်းခြေသွားရင် ရေကူးဝတ်စုံလေးယူသွားပေါ့။ ရေကူးဝတ်စုံကလည်း စကပ်လေးတွေနဲ့လည်းရှိတယ်ဆိုတော့ ကိုယ်ဝတ်ချင်သလို အမျိုးမျိုးရွေးချယ်ဝတ်ဆင်လို့ရတာပေါ့။ ရေကူးဝတ်စုံလေးဝတ်ပြီး ဦးထုပ်လေးဆောင်းလို့လည်းရသလို၊ မျက်မှန်လေးတပ်လိုက်၇င်လည်း အရမ်းမိုက်ပါတယ်။

အတိုမဝတ်ရဲတဲ့သူတွေအတွက်

jumpsuit min

maxi skirt min

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အတိုမဝတ်ရဲတဲ့သူတွေအတွက် ကမ်းခြေနဲ့လိုက်ဖက်တဲ့ဖက်ရှင်လေးတွေကို ရွေးချယ်ပေးချင်ပါတယ်။ တချို့ကျတော့လည်း အတိုမဝတ်ရဲကြတာရှိတယ်လေ။ ဒီလိုလူတွေအနေနဲ့လည်း အတိုမဝတ်ရလို့မလန်းတော့ဘူးလို့ မထင်နဲ့နော်။ ကမ်းခြေမှာအရှည်လေးတွေဝတ်ပြီးလန်းလို့ရသေးတယ်။ အခုနောက်ပိုင်းမှာဆို jumpsuit အရှည်လေးတွေလည်း အရမ်းခေတ်စားနေတာလေ တချို့ jumpsuit လေးတွေက ကမ်းခြေနဲ့အရမ်းလိုက်တယ်နော်။ နောက်ပြီး ဘောင်းဘီအရှည်ပွပွကားကားလေးတွေကို ကမ်းခြေနဲ့လိုက်ဖက်တဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်လို့လည်းရပါသေးတယ်။ နောက်တစ်ခုက စကပ်လေးတွေလည်းဝတ်လို့ရပါသေးတယ်။
ကဲ ဒီလောက်ဆိုရင်တော့ အတိုဝတ်ရဲတဲ့သူတွေကော အတိုမဝတ်ရဲတဲ့သူတွေကော ကမ်းခြေနဲ့လိုက်ဖက်တဲ့ဖက်ရှင်လေးတွေကို သိသွားပြီပေါ့။

 

Source:we media

Read 6391 times
Rate this item
(1 Vote)