What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတွေ ကြွေတဲ့ အမျိုးသားတွေရဲ့ ဖက်ရှင်စတိုင်များ

စတိုင်ကျကျ စမတ်ကျကျ ရှိတဲ့ အမျိုးသားတွေကို မနှစ်သက်တဲ့ မိန်းက လေး ဆိုတာ မရှိပါဘူး။

စတိုင်ကျကျ၊စမတ်ကျကျပုံစံဟာ ယောက်ျားလေး တစ်ယော က်ရဲ့ အဓိကကျတဲ့ ဆွဲဆောင်မှုတစ်ခုပါ။စမတ်ကျတဲ့ gentleman စတိုင် အမျိုးသား တစ်ယောက်အဖြစ် မိန်းကလေးတွေရဲ့ နှလုံးသားကို အရည်ပျော် ကျသွားအောင် လုပ်ဖို့ဆိုရင်တော့ ဒီလိုအသုံးအဆောင် ပစ္စည်းလေး တွေရှိ ဖို့ လိုအပ်ပါတယ်။အဲ့ဒါကတွေကတော့…

- henley shirt

henley shirt ကလည်း အမျိုးသားတစ်ယောက်ကို ဘယ်အချိန်ကြည့်ကြည့် စမတ်ကျနေစေတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုပါ။Body ခပ်မိုက်မိုက်ကိုပါ ပိုင်ဆိုင်ထားတဲ့ အမျိုးသားဆိုရင်တော့ ဒီရှပ်ဝတ်လိုက်တာနဲ့ လုံးဝ ကို စမတ်ဖြ စ်ပြီး ကြည့်ကောင်းနေမှာ သေချာပါတယ်။ကော်လံမပါပဲ ရှပ်ကိုမှာမှ ရှေ့ကြယ် သီးကို ဖြုတ်ပြီး  ၀တ်လိုက်မယ်ဆိုရင်တော့ ကောင်မလေးတွေ ကြွေသွားမှာ သေချာပါတယ်။

7032460 4444 1475563787 650 32feabf097 1492161999

- အဖြူရောင်ရှပ်နဲ့ဂျင်း

ဂျင်းနဲ့အဖြူရောင် ရှပ်ဟာ တွဲဝတ်လိုက်မယ်ဆိုရင် ယောက်ျား တစ်ယောက်ကို လုံး ၀ကြည့်ကောင်းသွားစေပါတယ်။ပိုပြီး ဆွဲဆောင်မှုရှိသွားစေတဲ့ ဖက်ရှင် စတိုင်တစ်မျိုးပါ။

7032410 4434343 1475564840 650 51dab1e4a7 1492161999

- V ပုံစံဆွယ်တာ

V ပုံစံ ဆွယ်တာတွေကလည်း ကောင်မလေးတွေ ကြွေတဲ့ အမျိုးသား ဖက်ရှင် အသုံးအဆောင်တစ်ခုလို့ ဆိုရမှာပါ။ခပ်မိုက်မိုက် body နဲ့ V ပုံစံ လည်ပင်းေ ပါက် ဆွယ်တာ ကို တွဲဝတ်လိုက်မယ်ဆိုရင်တော့ ကောင်မလေးတွေ ငေးရတဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်သွားမှာပါ။

7032510 55555 1475566067 650 bc760521cd 1492161999

- နက်ခ်တိုင်နဲ့အကျီင်္လက်ခေါက်တင်ထားတဲ့ စတိုင်

ကောင်မလေးတွေ လုံးဝကြွေတဲ့ စတိုင်တွေထဲ က တစ်ခုပါ။Gentleman စတိုင် နက်ခ်တိုင်ပါ ၀တ်ထားပြီး အကျီင်္လက်ကို ခေါက်တင်ထားတဲ့ စတိုင်က ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ကူညီပေးနိုင်တဲ့ စတိုင်ပါ။လုံးဝကို မိုက်ပါတယ်။busy man စတိုင်လည်း ပေါက်ပြီး ဒီလို ဖက်ရှင်စတိုင်ကို မိန်းကလေး တော်တော်များများ က အရမ်းကို နှစ်သက်ကြပါတယ်။

7032310 6666 1475566623 650 f8b391323e 1492161999

- suit ၀တ်စုံပြည့်

ကုတ်၊နက်ခ်တိုင်နဲ့ ၀တ်စုံပြည့် ၀တ်ထားတဲ့ စတိုင်ကတော့ ဘယ်တော့ မှ ရိုးမသွားတဲ့ စတိုင်ပါ။gentleman စတိုင်ပေါက်ပြီး ယောက်ျားတစ်ယောက်ကို လုံးဝ သန့်သွားစေတဲ့ စတိုင်ပါ။မိန်းကလေးတွေရဲ့ စိတ်ကူးထဲက ချစ်သူရဲ့ စတိုင် လို့ ပြောလို့ရပါတယ်။ဒီလို စတိုင်ကို မကြွေတဲ့ မိန်းကလေး မရှိပါဘူး။

7032360 33333 1475567959 650 55d1f8d76e 1492161999

- accessories

အရမ်း မျက်စိနောက်လောက်အောင် ရှုပ်နေတာမျိုးကို မဆိုလိုပါဘူး။စမတ် ကျတာလည်း ပျောက်မသွားစေတဲ့ အနေအထားမျိုးပါ။ဥပမာ သားရေ လက် ပတ်မျိုး..ပါ။စမတ်ကျတာရော၊ရိုမန်တစ်၊Sexy ပုံမျိုး ပေါက်သွားစေပါတယ်။

7032610 8888 1475569372 650 34400aa2f2 1492161999

- ဦးထုပ်

ဘာကြောင့်မှန်းတော့ အတိအကျ ပြောလို့မရပေမယ့် ဦးထုပ်ဟာ ယောက်ျား တစ်ယောက်ကိုလုံးဝပြောင်းလဲသွားစေတဲ့ အသုံးအဆောင် ပစ္စည်းတွေထဲက တစ်ယောက်ပါ။တစ်ခုတော့ ရှိပါတယ်။လိုက်ဖက်တဲ့ ဦးထုပ်မျိုးဖြစ်ဖို့ တော့ လိုပါတယ်။ဦးထုပ်ဆောင်းလိုက်ရင်ကိုပဲ နွေးထွေးပြီး စမတ်ကျတဲ့ စတိုင်မျိုး ပေါက်သွားစေပါတယ်။

7032560 656565 1475568520 650 3793d71986 1492161999

- သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်

ယောက်ျားတစ်ယောက်ဟာ အရမ်းကို ပြစ်မျိုးမှဲ့မထင် ချောမော နေဖို့ မလို ပါဘူး။စတိုင်ကျကျဝတ်စားတတ်မယ်၊ရုပ်ရှင် အသွင်အပြင်က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဖြစ်နေတယ်ဆိုရင်ကိုပဲ လုံလောက်ပါပြီ။သပ်ရပ် သန့်ရှင်းတဲ့ အသွင်အပြင်က မိန်းကလေးအများစု ကြွေတဲ့ စတိုင်မျိုးပါ။

source:anty may 

Read 1408 times
Rate this item
(0 votes)