What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဆုိလာဖက္ရွင္ ဆိုလာဖက်ရှင်
(Zawgyi+Unicode) ဆိုလာဖက်ရှင် လာတာတော့ လာနပြေီ။ ရင့်ကျက်ဖို့နဲ့ ဈေးသက်သာဖို့ လိုနေသေးတယ်။
....
.....
Solar Shirt Front and Back Pauline Vandonge
tumblr n15d2uKi6f1ssa3yzo1 1280 1024x724
wearable solar
ဒတ်ချ်က ဖက်ရှင်ဒီဇိုင်းနာ အမျို်းသမီး ပေါလင်းဗင်ဒံဂျင် (Pauline van Dongen)က ရှေ့ပြေးအဖြစ် ဆိုလာဖက်ရှင်ကို ပွဲထုတ်ခဲ့တယ်။ စမ်းသပ်တဲ့အဆင့်ပါ။ အဝတ်အစားဆိုတာ အလှဆင်ဖို့၊ ကိုယ်ဘယ်သူလဲ၊ ဘယ်လိုအဆင့်အတန်းလဲ ပြသဖို့၊ ကိုယ်ခန္ဓာလုံခြုံဖို့နဲ့ ကာကွယ်ဖို့၊ တူညီဝတ်စုံဖြစ်ဖို့ စသဖြင့် အကြောင်းအမျိုးမျိုးအရ ဝတ်ဆင်ကြတယ်။
အခုခေတ်က ပြန်ပြည့်မြဲစွမ်းအင်ခေတ်ကို ရောက်လာပြီ။ လွန်ခဲ့တဲ့ တစ်ဆယ်နှစ်က လူအများ လက်လှမ်းမမီကြတဲ့ နေရောင်မှ စွမ်းအင်ထုတ်သုံးတာကို အခုဆိုရင် လက်လှမ်းမီနကြပြေီ။ ကျေးလက်တွေမှာ ဆိုလာပြားနဲ့ လျှပ်စစ်ကို ထုတ်သုံးနကြပြေီ။
ဖက်ရှင်လောကမှာလည်း နေရောင်ကို ရယူသုံးစွဲနိုင်ဖို့ ကြံဆနကြေတယ်။ ချည်မျှင် ထုတ်တဲ့ဘက်မှာလည်း နေစွမ်းအင် ရယူပေးမယ့် ချည်သားထုတ်လုပ်နိုင်ဖို့ သုတေသနတွေ လုပ်ကိုင်နကြေတယ်။
အဝတ်အစားဆိုတော့ လျှော်ဖွတ်နိုင်ဖို့ လိုတယ်။ တာရှည်ဝတ်ဆင်နိုင်ဖို့လည်း လိုတယ်။ လူတွေ ဝတ်စားဆင်ယင်ချင်တာမျိုးလည်း ဖြစ်ဖို့လိုတယ်။
ပေါလင်းဗင်ဒံဂျင်က ဖောက်ထွက်ဖို့ ကြိုးစားနကြေတဲ့ ဖက်ရှင်ဒီဇိုင်းနာတွေထဲမှ တစ်ဦး ဖြစ်ပါတယ်။ အခြားနာမည်ကြီး brand တွေကလည်း ဆိုလာဖက်ရှင်တွေကို စမ်းသပ် ချုပ်လုပ်ပြီး ရှေ့ပြေးနမူနာအဖြစ် ပြသကြပါတယ်။
ဆိုလာဖက်ရှင် အလုပ်ဖြစ်စေဖို့ တွန်းအားက စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ စမတ်ဖုန်းကို သုံးကြတော့ အားကုန်ရင် အားပြန်ဖြည့်ဖို့ ကရိကထ ရှိတယ်။ ပါဝါဘဏ်ကို သွားလေရာ ယူဆောင်ပြီး အားဖြည့်ကြတယ်။ အဆင်ပြေရာ ပလပ်ပေါက်မှာ အားဖြည့်ကြတယ်။ ဘယ်လိုပဲ ဖြည့်ဖြည့် အနည်းနဲ့အများ အချိန်ကြာတယ်။ တကယ်လို့ သွားရင်းလာရင်း အားဖြည့်ပေးနေနိုင်မယ်ဆိုရင် အားဖြည့်ဖို့အတွက် အချိန်ပေးရတဲ့ ပြဿနာ ကင်းသွးမယ်။
ဆို်လာဖက်ရှင်တွေက အဲဒီပြဿနာအတွက် အဖြေတစ်ခု ဖြစ်ပါတယ်။ အဝတ်အစားကနေ လျှပ်စစ်ထုတ်ပြီး ဖုန်းကို အားသွင်းပေးနေမယ်။
နေအလင်းရောင် ရှိတဲ့နေရာမှာ တစ်နာရီ ရောက်နေရင် ဖုန်းကို ၅၀% အားသွင်းပေးနိုင်တဲ့ ဝတ်စုံကို ပေါလင်းဗင်ဒံဂျင်က ဖန်တီးခဲ့တာမှာ ဖက်ရှင်ဝတ်စုံမှာ ပျော့ပျောင်းတဲ့ ဆိုလာပြား ၇၂ ကွက် တပ်ဆင်ထားပါတယ်။
ဆိုလာဖက်ရှင်
===================
ဖက်ရှင်လောကမှာလည်း နေရောင်ကို ရယူသုံးစွဲနိုင်ဖို့ ကြံဆနေကြတယ်။ ချည်မျှင် ထုတ်တဲ့ဘက်မှာလည်း နေစွမ်းအင် ရယူပေးမယ့် ချည်သားထုတ်လုပ်နိုင်ဖို့ သုတေသနတွေ လုပ်ကိုင်နေကြတယ်။
Read 1123 times
Rate this item
(0 votes)