မြန်မာယဉ်ကျေးမှု ရှေးမြန်မာမူဟန် နှင့် လှပအောင် သေသပ်စွာချုပ်လုပ်ထားတဲ့ ရေစိုခံ Vegan Leather အိတ်လေးတွေကို ထုတ်လုပ်ရောင်းချတဲ့ yangoods ဆိုင်မှ မြန်မာမှုအိတ်လေးများအကြောင်းမေးမြန်းထားပါတယ်။
- Yangoods ကနေ အိတ်တွေထုတ်လုပ်ရောင်းချတယ်။ အခြားဘာပစ္စည်းတွေထွက်ပါသေးလဲ။
- Yangoods မှာ လိုင်း ၃ လိုင်းရှိပါတယ် ။
- Vintage – ရှေးမြန်မာမှုဟန်ကို ခေတ်ဆန်အောင် လုပ်ထားတဲ့ လိုင်း
- Pop - အခုခေတ် 21 ရာစု သက်ဝင်လှုပ်ရှားစေမဲ့ မြန်မာအလှကို ပြသပေးတဲ့လိုင်း
- Ethnic - တိုင်းရင်းသား အနုပညာ ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပြသပေးတဲ့လိုင်း
- Fashion ပစ္စည်း(အိတ်တွေ) အပြင် အမှတ်တရလက်ဆောင်ပစ္စည်း lifestyle ပစ္စည်းလေးတွေ အမျိုးပေါင်း 200 ကျော် ရှိပါတယ်။Website ဖြစ်တဲ့ မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။
2. Yangoods ဆိုင်ကို ဘယ်တုန်းကစဖွင့်တာလဲ။
- ဗိုလ်ချုပ်ဈေးဆိုင်ကို 2015 April မှာ စဖွင့်ဖြစ်တာပါ။လုပ်ငန်းစတင် လုပ်ဆောင်ဖြစ်တာက 2014 Oct မှာပါ။
3. အိတ်ပေါ်မှာဒီဇိုင်းတွေက မြန်မာယဉ်ကျေးမှု မြန်မာအရေးအသားအထိမ်းအမှတ်အထင်ကရ ဒီဇိုင်းတွေထုတ်လုပ်တာတွေ့တယ်။ အဲ့အကြောင်းလေးကို ပြောပြပေးပါဦး။
- အဓိက ကတော့ Yangoods အနေနဲ့ မြန်မာ့ယဉ်ကျေးမှုလက်ရာတွေကို ကမ္ဘာကသိစေချင်လို့ စလုပ်ဖြစ်တာပါ။ ဒါ့အပြင် မြန်မာနိင်ငံမှာ ရှိနေတဲ့ ဒီဇိုင်းတွေ အားလုံးကို မြန်မာအနုပညာ မြန်မာအငွေ့အသက်နဲ့ ပြည့်နှက်နေတဲ့ ပုံစံလေးတွေကို အခု 21 ရာစု စတိုင်လေးတွေနဲ့ ပြန်ပြီး ဆန်းသစ်ပြီး ထုတ်ချင်တာတွေကြောင့်လည်း ပါပါတယ်။Founder တွေ ဖြစ်တဲ့ မထင်ထင်၊ Delphine နဲ့ Clara တို့က ညစာ စားပွဲတစ်ခုမှာ တွေ့ဖြစ်ရင်းနဲ့ သုံးယောက်လုံးကလည်း culture ကို စိတ်ဝင်စားသူတွေဖြစ်တယ်။Myanmar postcard လေးတွေ တွေ့တော့ မြန်မာနိုင်ငံမှာ လူမသိသေးတဲ့ design လေးတွေ ရှိသေးတာဘဲ လို့ သတိထားမိသွားတယ်။ နိုင်ငံခြားက သူတွေလည်း အမှတ်တရလက်ဆောင်ပေးချင်တယ် ရွေးချယ်စရာက ဒီမှာ နည်းနေသေးတာကိုလည်း သတိထားမိသွားတယ်။ဒီ idea နှစ်ခုကို ပေါင်းစပ်ပြီး မြန်မာ အနုပညာလက်ရာတွေကို လက်ဆောင်ပစ္စည်းအဖြစ် ပြောင်းထုတ်ဖြစ်သွားတာပါ။
4. အိတ်ရဲ့ အသားကိုရော ဘယ်လို အသားနဲ့ ထုတ်လဲ။
- အဓိက ကတော့ Cotton Canvas နဲ့ အများဆုံးထုတ်တာပါ။Water proof ပစ္စည်းအချို့ကတော့ Vegan Leather နဲ့ သုံးပါတယ်။
5. နောက်ထပ်ရောဘယ်လိုဒီဇိုင်းတွေထွက်ဖို့ရှိပါလဲ။
- မြန်မာ့တိုင်းရင်းသားတွေကို Highlight လုပ်ထားတဲ့ Ethnic လိုင်းတွေရယ် ၊ အိမ်မက်ဆန်တဲ့ ကမ္ဘာကိုရောက်သွားစေမဲ့ Wonderland collection လိုင်းတွေ ထပ်ထွက်ဖို့ရှိပါတယ်။
6. အခြားသောbrand တွေရှိတာတောင် ဒီမြန်မာယဉ်ကျေးမှုလေးတွေပါတဲ့ အိတ်ဒီဇိုင်းလေး ကိုင်လာကြတယ်။ အဲ့ အပေါ် ဘာပြောချင်လဲ။
- အမှန်အတိုင်းပြောရရင် အရမ်းပျော်ပါတယ်။ စ ပြီး ဆိုင်ဖွင့်တဲ့အချိန်မှာ ဒီလောက်ထိ မြန်မာယဉ်ကျေးမှု ဟန်လေးတွေပါတဲ့ အိတ်လေးတွေကို မြန်မာ အမျိုးသား အမျိုးသမီးတွေ အများစု အသုံးပြုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခုလို အိတ်လေးတွေကို မြတ်မြတ်နိုးနိး ကိုင်လာတာကို မြင်ရတော့ အရမ်းလည်း ဂုဏ်ယူသလို ပစ္စည်းအသစ်လေးတွေ လုပ်ဖို့လည်း အားတွေ အများကြီးတက်ပါတယ်။
7. တခြားသော ဒီဇိုင်းတွေရှိတဲ့ ထဲကမှ ဒီဒီဇိုင်းတွေနဲ့အိတ်တွေထုတ်လုပ်ခဲ့တယ်။ နိုင်ငံခြားသားတွေအပြင် မြန်မာလူမျိုးအမျိုးသမိးရော အချို့အမျိုးသားတွေပါ စိတ်ဝင်စားကြတယ်။ အဲ့အတွက် နိုင်ငံတကာဈေးကွက် ကိုရော ဘယ်လိုထိုးဖောက်သွားလဲ။
- နိုင်ငံခြားမှာ Partner တွေရှိပါတယ် - Switzerland Geneva ရယ် France ရယ် Bangkok မှာ လက်တွဲပြီး လုပ်ဖြစ်တာတွေ ရှိပါတယ်။Yangoods အနေနဲ့ မြန်မာနိုင်ငံရဲ့ International Fashion Brand အနေနဲ့ ရပ်တည်သွားဖို့ရှိပါတယ်။
8. ရရှိနိုင်တဲ့ နေရာနဲ့ ဈေးနှုန်းလေးတွေကို ပြောပြပေးပါဦး။
- ဈေးနှုန်းအနေနဲ့ကတော့ အနည်းဆုံး2000 ကျော်ကနေ4သိန်း 5 သိန်းကျော်တဲ့အထိရှိပါတယ်။ရရှိနိုင်တဲ့ နေရာတွေကတော့ ရန်ကုန် မှာ သုံးဆိုင်၊ မန္တလေး မှာ တစ်ဆိုင် နဲ့ ပုဂံမှာ တစ်ဆိုင် ရှိပါတယ်။