What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2018 နွေဦးရာသီစာ ခေတ်စားမှုများ

ကဲ..လာမယ့်နှစ် 2018 ရဲ့ နွေဦးမှာ ခေတ်ထနိုင်မယ့် ပုံစံတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်လား။ နောက်ရာသီစာမှာတော့ အရာအားလုံးက ရိုမန့်တစ် ဆန်ဆန် Details တွေ၊ ချိုမြမြ ပန်းရောင် ၀တ်စုံတွေ၊ ထင်ထင်ရှားရှား အဖြူ-အမဲ ဆေးရိုင်ဒီဇိုင်းတွေရဲ့ အခန်းကဏ္ဍတွေပါပဲ။

-Plain White Tank
အရိုးရှင်းဆုံး White Tee ကတော့ သော့ချက်ပါ။ နွေဦးနဲ့ White Tee ဆိုတာက ခွဲခြားလို့ မရတဲ့ အရာနှစ်ခုပေါ့။ ဒီအဖြုရောင် Tank Top တွေဟာ Calvin Klein ဆီမှာ vintage ဆန်ဆန် ဆေးရိုက်ဒီဇိုင်းတွေ အဖြစ် ရိုက်နှိပ်ခံရပြီး Alexander Wang ဆီမှာတော့ အဖြု-အနက် ဆက်စပ်ပုံစံတွေ၊ Zadig & Voltaire မှာတော့ တောက်ပပ ၀တ်စုံတွေရဲ့ အောက်ကနေ ထောက်ပံ့ရင်း ပိုလို့မြင့်တဲ့ အဆင့်တွေဆီ ရောက်ရှိလာပြီး လာမယ့် နွေဦးကို ဦးဆောင်ပါလိမ့်မယ်။

21762670 1097271740409016 3307396258703124193 o

-White Suiting
ဆောင်းဦးမှာ မီးခိုးရောင် အကွက်ဆင် ဒီဇိုင်းဆိုရင် နွေဦးမှာတော့ အရာအားလုံးက အဖြူရောင် တွေပဲ ဖြစ်သင့်တာပေါ့။ ရိုးစင်းကျစ်လစ်ပြီး ကော့ရှင်းနေတဲ့ Suit ဆိုတာ အခန်းအနားပွဲတွေ အတွက်ပဲ မဖြစ်သင့်ဘူးလေ။ Adam Lippes မှာတော့ ဆိုဒ်ခပ်ကြီးကြီး tuxedo တွေ၊ Marchesa ဆီမှာဆိုရင် မိန်းမသားဆန်တဲ့ ဖဲပြားတပ် ၀တ်စုံ၊ Michael Kors မှာတော့ ကုတ်ကို အနားကား စကတ်နဲ့ တွဲဆက်ထားတာတွေ အားလုံးက အဖြုရောင်တွေချည်းပါပဲ။

21544200 1097271757075681 6080350981361952041 o 1

-Delicate Puff Shoulders
သင့်ရဲ့ ခပ်ကြီးကြီး ခေါင်းလောင်းပုံ လက်နားဒီဇိုင်းတွေကို နှုတ်ဆက်လိုက်ပါတော့။ နုနုရွရွ ပုခုံးဖေါင်းပုံ လက်ဒီဇိုင်းတွေက vintage ကိုချစ်မြတ်နိုးသူတွေ အကြိုက်ပေါ့။ ဒါတွေက high-fashion ဟန်ပန်တွေ အဖြစ်နဲ့ Christian Siriano ရဲ့ မြစိမ်းရောင် ပွဲတက် gown တွေ၊ Delpozo ရဲ့ ပိုးဇာလွှာ ပုခုံးဖောင်းပုံ နှင်းဆီနီရောင် ၀တ်စုံတွေဆီမှာ အထင်းသား တွေ့မြင်ရမှာပါ။

21586506 1097271793742344 3069405651618144529 o

-Polka Dots
ပွင့်ရိုက်တွေ ဆိုတာက သင့်ရဲ့ နွေရာသီစာ ရွေးချယ်မှုတွေအဖြစ် အမြဲရပ်တည်နေတဲ့ အရာပါ။ ဒီလိုပဲ အစက်အပြောက်လေးတွေကလည်း 2018 ရဲ့ နှစ်ဦးကို ဖွင့်လှစ်မယ့် တံခါးချပ်လေးပါပဲ။ နေရာလှပ်မကျန် အစက်အပြောက်တွေနဲ့ ခြယ်မှုန်းထားတဲ့ ၀တ်စုံတွေက အငြိမ်ဘက်သွားတဲ့ monochrome colorway တွေနဲ့ ရပ်တည်နေတာပါ။ Self-Portrait ဆီက အတွန့်အဖက်ပုံစံ ပုခုံးတစ်ဖက် ၀တ်စုံ၊ Carolina Herrera ဆီက အဖြု-အနက် ဆန့်ကျင်ဘက် ခပ်ကြီးကြီး အစက်အပြောက် ၀တ်စုံတွေနဲ့ Jason Wu ရဲ့ နှစ်မျိုးရော ဒီဇိုင်းတွေက သင့်ကို တက်ကြွတဲ့ နွေဦးရွက်သစ်တွေအဖြစ် ပုံဖော်ပေးမယ့် သူတွေပေါ့။

21551923 1097271800409010 2210284991280621302 o

-Millennial Pink & Red
Millennial Pink အရောင်က လာမယ့် နွေဦးကျရင် နေရာတိုင်းမှာ မြင်တွေ့ရမယ့် အရောင်ပါ။ ဒီပန်းနုရောင်ကို ရှက်သွေးနီရောင်နဲ့ တွဲဆက် ဆင်မြန်းဖို့ အကြုံပြုချင်ပါရဲ့။ Coach 1941 ဆီက ဖဲအပြောင်သား pants ကို အနီရောင် ဆွယ်တာပါးနဲ့ တွဲထားသလို၊ Brandon Maxwell ဆီက Pink & Red color tone တွေ ရောစပ်ပြီး အရောင်လွှင့်လွှင့် denim pants နဲ့ တွဲထားတဲ့ ပေါ့ပေါ့ပါးပါး စတိုင်တွေ၊ Oscar de la Renta ရဲ့ နုနုလွင်လွင် ပန်းရောင်ရယ် တောက်ပတဲ့ metallic အနီရောင် ရင်ပြတ်အကျီ တွဲဆက်မှုတွေအတိုင်း ၀တ်ဆင်ပြီး နွေဦးရဲ့ Valentine Day အဖြစ် ပုံဖော်ကာ ချစ်ခြင်းတွေ ရှင်သန်လိုက်ပါ။

21587343 1097271860409004 8272284325450386297 o

-Dark Denim Doubled
ကျွန်တော်တို့တွေ ခေတ်ဟောင်းဟန်တွေဆီ ပြန်သွားနေရတာကို ဘယ်တော့မှာ ရိုးအီမသွားသေးပါဘူး။ အထူးသဖြင့် မှန်းဆရခက်ခဲတဲ့ ပင်လယ်နက်ရောင် dark denim တွေဆီကိုပေါ့။ နက်ပြာရောင် Denim တွေက စပေါ်လာကတည်းက ခုချိန်ထိကို လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သူကြီးလေ။ တလောကပဲ ချပြထားကြတဲ့ Tibi ရဲ့ ချုပ်ရိုးပေါ် ဒီဇိုင်းတွေ၊ Calvin Klein ရဲ့ ဆေးရိုက် သားရေသားတွေနဲ့ ဆက်စပ်ထားတဲ့ ပုံစံတွေ၊ Rosie Assoulin ရဲ့ denim pants အပွတွေက နောက်နှစ်လည်း dark denim တွေ ဖက်ရှင်လောကမှာ မင်းမူအုံးမယ် ဆိုတာကို သေချာသွားစေတယ်လေ။ တစ်ထည်တည်း ၀တ်တာထက် စာရင် အထက်အောက် ဆင်တူဝတ်တာက ပိုပြီး vintage style ဆန်တယ် ဆိုတာတော့ မမေ့နဲ့နော်။

21640872 1097271870409003 2519735114030198684 o

source: posh magazine

Read 1167 times
Rate this item
(1 Vote)