What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ်ရှူးခေတ်ဦးကာလ ရောက်ရှိပြီ

Kizik က အမျိုးသားစီး စနိကာကို စမတ်ရှူးအဖြစ် ထုတ်လုပ်ရောင်းချလျက် ရှိသည်။

စမတ်ရှူးထဲ ခြေထောက်ထည့်ပြီးရင် အံဝင်ခွင်ကျဖြစ်အောင် ကြိုးကို ဆွဲတင်းပြီး ချည်ရတဲ့ ကရိကထ မရှိတော့ချေ။

ဝင်လာတဲ့ ခြေထောက်နဲ့ အံကိုက်ဖြစ်အောင် ရှူးဖိနပ်က အလိုက်တသိဖြင့် အကျဉ်းအကျယ် ပြောင်းလဲပေးမယ်။ စီးရတဲ့သူ သက်သောင့်သက်သာ ရှိစေမယ်။
အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Kizik က အမျိုးသားစီး sneakers ကို စမတ်ရှူးအဖြစ် ထုတ်လုပ်ရောင်းချလျက် ရှိပြီး ကုမ္ပဏီထူထောင်သူနဲ့ အကြီးအကဲဖြစ်သူ Pat Hogan က အခုလို ပြောပြခဲ့တယ်။
‘‘Kizik စမတ်ရှူးက ခြေဖျား ထိုးထည့်ပြီး စီးလိုက်ရုံပဲ။ သူ့ဘာသာသူ ကြိုးတင်းတာ၊ စီးတဲ့သူရဲ့ ခြေထောက်ပုံပန်းနဲ့ အံကိုက်ဖြစ်အောင် လုပ်တာတွေကို လုပ်ပေးတယ်။ အဲဒါ ခေတ်ပေါ်ရှူးလို့ ပြောရမယ်။ Kizik စနီကာထဲ ခြေထောက်ထည့်လိုက်တာဟာ အနာဂတ်ကို ခြေထောက်မှာ စီးလိုက်တာနဲ့ အတူတူပဲ။ နေ့စဉ် လုပ်နေရတဲ့ ကြိုးတင်းတာ ကြိုးချည်တာ လုပ်ဖို့ မလိုတော့လို့ ဘ၀မှာ ပြောင်းလဲမှုတစ်ခု ရရှိသွားတဲ့ အရသာ ဖီလင်ကို ခင်ဗျား ရမယ်’’
Kizik ရှူးမှာ Foot Activated Shoe Technology (F.A.S.T.) နည်းပညာကို သုံးထားတယ်။ အတွင်းမှာ တိုင်တန်နီယံ ၀ါယာကြိုးမျှင်တွေ မြှုပ်ထည့်ပေးထားပြီး ခြေထောက်နဲ့ အံကိုက်ဖြစ်အောင် ချိန်ညှိပေးတယ်။
Boston စတိုင်လ်နဲ့ New York စတိုင်လ်ဆိုပြီး နှစ်မျိုး ထုတ်လုပ်တယ်။ အကောင်းစား ပစ္စည်းတွေ သုံးစွဲပြီး ထုတ်လုပ်ထားတယ်။ လယ်သာ အကောင်းစားကို သုံးထားတယ်။ တာရှည်ခံအောင်လည်း စီမံပေးထားတယ်။ ဈေးနှုန်းက ကန်ဒေါ်လာ ၁၉၀ ဖြင့် Kizik ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။

Read 1811 times
Rate this item
(0 votes)