What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း ဟောင်းမသွားတဲ့ Mini Skirt

မိန်းကလေးတွေအများစုက အဝတ်အစားတွေဘယ်လောက်များများရှိပေမယ့်လည်း အပြင်သွားခါနီးကျရင် ဘာဝတ်ရမလဲမသိ အမြဲဖြစ်တတ်ကြပါတယ်။


ဘာဝတ်ရမလဲမသိဘူးဆိုရင် ချစ်စရာလည်းကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ Miniskirt လေးတွေကိုသာ မျက်စိမှိတ်ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးပါရစေ။ Miniskirt တွေရဲ့ ကြီးမားတဲ့အားသာချက်ကတော့ ဝတ်ဆင်ရလွယ်ကူပြီး ဘယ်လိုလူမျိုးနဲ့မဆို လိုက်ဖက်မှုရှိပါတယ်။ ကိုယ့်အချိုးအစားက ဘယ်လိုပဲဖြစ်နေပါစေ ဆယ်လီမင်းသမီးတွေလိုမျိုး လှပသွယ်လျတဲ့ ခြေထောက်မျိုးကို မပိုင်ဆိုင်လည်း Miniskirt ကို ဝတ်ဆင်နိုင်ပြီး စတိုင်လ်ကျနိုင်တာကလည်း သူရဲ့နောက်ထပ်အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်ခေတ်ကာလပဲရောက်ရောက် ဝတ်လိုက်တိုင်းလှနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ Miniskirt မျိုးကို ရွေးချယ်နိုင်အောင် နည်းလမ်းအချို့နဲ့ တွဲဖက်ဝတ်ဆင်နည်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။
အရှည်ပမာဏကို ရွေးချယ်ပါ
Miniskirt ကို ရွေးချယ်တဲ့အခါမှာ တင်ပါးအောက် အနည်းဆုံး 10 cm နဲ့ 15 cm ကြားရှိတဲ့ အရှည်မျိုးကို ရွေးချယ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဖက်ရှင်ရေစီးကြောင်းအရတော့ အမျိုးသမီးတော်တော်များများက 15cm အရှည်ရှိတဲ့ Miniskirt မျိုးကို ပိုနှစ်သက်ကြပါတယ်။ Miniskirt ကို ရွေးချယ်တဲ့အခါမှာ အရှည်အတိုင်းအတာက အရေးကြီးပါတယ်။ ပုံမှန်ရွေးချယ်နေကျ Trendy ဖြစ်တဲ့ Miniskirt မျိုးကို ရွေးချယ်တာထက် ကိုယ်ရဲ့ Skin Line ကိုပေါ်စေတဲ့ ပေါင်ဘေးနားမှာ အနည်းငယ်ခွဲထားတဲ့ Skirt မျိုးကို ဝတ်ဆင်ခြင်းက ပိုပြီးစမတ်ကျစေပါတယ်။

ကပ်ကပ်ရပ်ရပ်နဲ့အထပ်ထပ်ပုံစံရွေးချယ်ပါ
ခေတ်မီမီနဲ့ အထာကျကျပုံစံမျိုးပေါ်လွင်ချင်ရင် အနည်းငယ်ကျပ်ပြီး အလွှာပုံစံရှိတဲ့ Miniskirt မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ ဒီ Miniskirt က အသားကပ်ဘောင်းဘီရှည်နဲ့ တွဲဖက်ပြီး ဝတ်ဆင်လိုက်ရင် ဆောင်းရာသီကဲ့သို့ အေးတဲ့ရာသီမျိုးနဲ့ လိုက်ဖက်မှုရှိပြီး နွေဦးရာသီနဲ့ နွေရာသီမှာလည်း ဝတ်ဆင်လို့ကောင်းတဲ့ Skirt အမျိုးအစား ဖြစ်ပါတယ်။ တင်းတင်းရင်းရင်းနဲ့ ကျပ်တဲ့ Miniskirt ဝတ်ဆင်ခြင်းက ပိုပြီး Coverage ဖြစ်စေပြီး ခြုံငုံကြည့်မယ်ဆိုရင် ခေတ်လည်းမီပြီး လုံခြုံတဲ့ Skirt မျိုးဖြစ်တာကို တွေ့ရပါတယ်။

ခြေအိတ်အရှည်လေးတွေနဲ့ တွဲဝတ်ပါ
တိုပြီး ကပ်ရပ်တဲ့ Miniskirt မျိုး (သို့) ရိုးရှင်းလွနှ်းတဲ့ Miniskirt မျိုးကို ဝတ်ဆင်တဲ့အခါမှာ ဝတ်ဆင်နေကျပုံမျိုးမဖြစ်လို့ မနေတတ်တာမျိုးပဲဖြစ်ဖြစ် ခေတ်ဆန်ပြီး အမိုက်စားပုံစံမျိုးရရှိချင်ရင် ဒူးအောက်ရောက်တဲ့ ခြေအိတ်ရှည်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလိုဝတ်ဆင်လိုက်ခြင်းအားဖြင့် ခေတ်မီမီနဲ့ ချစ်ဖို့ကောင်းတဲ့အသွင်ကို ရရှိနိုင်စေမှာပါ။

ဟန်ချက်ညီကြည့်ကောင်းစေတယ်
Miniskirt ကို ဝတ်ဆင်တဲ့အခါမှာ အရမ်းကြီး ခေတ်ဆန်တဲ့ပုံစံမျိုးမဖြစ်အောင် တွဲဖက်ဝတ်ဆင်တဲ့ အပေါ်ပိုင်းအဝတ်အစားကို လိုက်ဖက်ညီညီနဲ့ ဟန်ချက်ညီတဲ့ပုံစံမျိုးဖြစ်အောင် ဝတ်ဆင်လို့ရပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Miniskirtကို အရမ်းဟော့ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုး ဝတ်ထားတယ်ဆိုရင် အပေါ်ပိုင်းဝတ်ဆင်မယ့်အဝတ်အစားကို ရိုးရှင်းတဲ့ပုံစံမျိုးနဲ့ တွဲဖက်ဝတ်ဆင်ပေးလို့ရပါတယ်။ Accessories လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် နူးညံသိမ့်မွေ့ပြီး မိန်းမဆန်တဲ့ပုံစံကို ပေါ်လွင်စေပေမယ့်လည်း Accessories တွေ အရမ်းများသွားရင် လှပသိမ့်မွေ့မှုကို မဖော်ဆောင်တော့ဘဲ ရှုပ်ယှက်ခတ်သွားစေနိုင်ပါတယ်။ Miniskirt နဲ့တွဲဝတ်မယ်ဆိုရင်တော့ Accessories အရမ်းအများကြီး မဝတ်မိဖို့ကိုတော့ သတိထားသင့်ပါတယ်။ Miniskirt နဲ့ဆို အမြင်ကိုမရှုပ်ထွေးစေဘဲ ဟန်ချက်ညီအောင် တွဲဖက်ဝတ်ဆင်လို့ရတဲ့အတွက် အလွန်အကျူးဖက်ရှင်ပုံစံမျိုးလည်း မဖြစ်စေတော့ပါဘူး။

Accessories ရွေးချယ်ရ လွယ်ကူစေတယ်
တစ်ခါတစ်ရံ ကိုယ်ဝတ်နေကျပုံစံကနေ ခွဲထွက်သွားချင်ရင် Accessories လေးတွေနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ခေတ်ဆန်တဲ့ပုံစံဝတ်ဆင်ထားရင် Accessories ရွေးချယ်ရလွယ်ကူပါတယ်။ Accessories ဝတ်ဆင်တဲ့အခါ အရမ်းနူးညံ့ပြီး မိန်းမဆန်တဲ့ Accessories တွေကို ရွေးချယ်မယ့်အစား ရိုးရှင်းပြီး သိသာထင်ရှားတဲ့ Accessories မျိုးနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ Accessories ဆိုတဲ့နေရာမှာလည်း ဖိနပ်တွေလည်းပါဝင်တာမို့ ဘယ်လိုဖိနပ်တွေနဲ့ Miniskirt တွေနဲ့လိုက်ဖက်လဲဆိုတာ အများကြီး စဉ်းစားနေစရာမလိုပါဘူး။ Flat Shoe နဲ့ Sneaker လေးတွေနဲ့တွဲဖက်ဝတ်ဆင်ရင်လည်း အမိုက်စား ဖက်ရှင်ဒီဇိုင်းကိုတောင် ရရှိနိုင်ပါတယ်။ အရောင်တောက်တောက် ဖိနပ်ဒီဇိုင်းတွေထက်စာရင် အရောင်နုနုဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းက နူးညံသိမ်မွေ့တဲ့ ပုံစံကို ပိုရရှိစေပါတယ်။

ခုလို ပူအိုက်တဲ့ရာသီဥတုမှာ Miniskirt လေးတွေကိုရွေးချယ်ပြီး အပူသက်သာတဲ့ ဖက်ရှင်ပုံစံအမျိုးမျိုးဖန်တီးလို့ရသလို Show ပွဲတွေ၊ DJ ပွဲတွေနဲ့ Music Concert ပွဲတွေမှာလည်း Miniskirt လေးတွေနဲ့ အမိုက်စားဂေါ်လို့ရပါတယ်။ ရုံးသမားများအနေနဲ့လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ Miniskirt လေးတွေကိုရွေးချယ်ပြီး စမတ်ကျတဲ့ ဖက်ရှင်ပုံစံကို တည်ဆောက်နိုင်ပါတယ်။ ဘက်စုံဝတ်လို့ရတဲ့ Miniskirt လေးတွေရှိရုံနဲ့ အဝတ်အစားအတွက် ခေါင်းခဲစရာမလိုလို့ ကိုယ်အကျီင်္ဘီဒိုထဲမှာ Miniskirt လေးတွေမရှိသေးရင် ဒီနွေကစပြီး စုဆောင်းထားလိုက်ကြရအောင်။

source:akhayar

Read 802 times
Rate this item
(0 votes)