What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေရာင္းေကာင္းပါလ်က္ အ႐ႈံးျပ

(Zawgyi+Unicode)
အြန္လုိင္းဆုိင္ Zivame သည္ ပ်မ္းမွ်အားျဖင့္ တစ္မိနစ္လွ်င္ ဘရာတစ္ထည္ ေရာင္းရသည္။

အိႏိၵယျပည္တြင္းေဈးကြက္တြင္ ၿပီးခဲ့သည့္ ဘ႑ာေရးႏွစ္ ၂၀၁၅-၁၆ ခုႏွစ္တြင္ အသားတင္ေရာင္းရေငြ ႐ူပီ ၆၂.၂ သိန္း ရွိၿပီး ၃၈% ႀကီးထြားခဲ့သည္။

သုိ႔ေသာ္ အ႐ႈံးျပသည္မွာ ၈၄% တုိးသြားၿပီး ႐ူပီ ၅၄ သိန္း ႐ႈံးခဲ့သည္။

သုိ႔ျဖစ္ရာ Zivame ကုိ ထူေထာင္သူႏွင့္ စီအီးအုိျဖစ္သူ ရီခ်ာ ခါ Richa Kar ရာထူးမွ ႏုတ္ထြက္ေပးရသည္။
ဒါ႐ုိက္တာဘုတ္အဖြဲ႕၀င္တစ္ဦးအျဖစ္ျဖင့္သာ ကုမၸဏီတြင္ ဆက္လက္ပါ၀င္သည္။

႐ႈံးရသည့္အေၾကာင္းမွာ အမည္အမွတ္တံဆိပ္သစ္မ်ားႏွင့္ ထုတ္ကုန္ဒီဇုိင္းတုိ႔အတြက္

ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳခဲ့ရာ ကုန္က်စရိတ္ စုစုေပါင္း ၄၃.၃ သိန္း သုံးစြဲခဲ့ေသာေၾကာင့္ စရိတ္ေထာင္းၿပီး အ႐ႈံးျပခဲ့ျခင္း ျဖစ္သည္။

 

Zivame 720x259

အမ်ဳိးသမီး အတြင္းခံ အလွ၀တ္မ်ား ထုတ္လုပ္ေရာင္းခ်သည့္ Zivame သည္ အြန္လုိင္းေရာင္းခ်လုိက္သည့္အခါ အထူးတလည္ ေအာင္ျမင္သြားသည္။

အိႏိၵယမွ အမ်ဳိးသမီးမ်ားသည္ အတြင္းခံ အလွ၀တ္ အ၀တ္အစားတုိ႔ကုိ ၀တ္ဆင္ၾကသည္မွာ မွန္ေသာ္လည္း လူျမင္သူျမင္ ၀ယ္ယူရမည္ကုိ ရွက္ၾကသည္။

sexy ျဖစ္ေသာ အလွ၀တ္မ်ားကုိ ဆုိင္တြင္ ၀ယ္ဖုိ႔ ရွက္ၾကသည္။ အြန္လုိင္းမွ ေရာင္းခ်သည့္အခါ

လူမသိသူမသိ ၀ယ္ယူ၍ ရသြားၿပီး ၀ယ္ရမွာၾကားရသည္မွာလည္း လြယ္ကူသျဖင့္ ၀ယ္ယူအားေပးၾကသည္။

သုိ႔ျဖစ္ရာ ေရာင္းအား ထုိးတက္သြားေတာ့သည္။

ဤသုိ႔ျဖင့္ ရီခ်ာကာက ၂၀၁၁ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့သည့္ Zivame သည္

အိႏိၵယႏိုင္ငံ၏ အမ်ဳိးသမီး အတြင္းခံ အလွ၀တ္ ေရာင္းခ်သည့္ အႀကီးမားဆုံးအြန္လုိင္းဆုိင္အျဖစ္သုိ႔

အခ်ိန္တုိအတြင္း ေရာက္ရွိသြားခဲ့သည္။

စစခ်င္းတြင္ အမ်ဳိးသမီးမ်ားကုိ အတြင္းခံသည္ အတြင္းခံသက္သက္မွ်ျဖင့္ မၿပီး။

လွတပတျဖင့္ ဆြဲေဆာင္မႈ ရွိဖုိ႔ လုိေၾကာင္း ပညာေပးသည့္ အစီအစဥ္မ်ားကို ေဆာင္ရြက္ခဲ့ၾကသည္။

ဘရာေကာင္းေကာင္း ၀တ္မွ အလွပီျပင္မည့္အေၾကာင္းကုိ အက်ဳိးသင့္အေၾကာင္းသင့္ ရွင္းလင္းတင္ျပသည္။

ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈ ျပည့္၀ေအာင္ ဘရာေကာင္းေကာင္းက ျပဳေပးႏုိင္ပုံကိုလည္း ပညာေပးေ၀သည္။

zivame featured image 720x246

 

ေရာင္းအားေကာင္းေစျခင္း ေသာ့ခ်က္

Zivame သည္ sexy အတြင္းခံအ၀တ္အစားမ်ားကုိလည္း ထုတ္လုပ္သည္။ ကုိယ္၀န္ေဆာင္မ်ားအတြက္

အတြင္းခံအ၀တ္အစားမ်ားကုိလည္း ထုတ္လုပ္သည္ ကုိယ္ခႏၶာ၀ၿဖိဳးေသာသူမ်ား ၀ၿဖိဳးၿပီး

ပုံပ်က္ေနသည္ကုိ ၾကည့္ေကာင္းေအာင္ ျပဳေပးမည့္ အတြင္းခံအ၀တ္အစားမ်ားကုိလည္း ထုတ္လုပ္သည္။

သတုိ႔သမီးမ်ားအတြက္ အတြင္းခံမ်ားကုိလည္း ထုတ္လုပ္သည္။
သုိ႔ျဖစ္ရာ ပိန္ပိန္၀၀၊ ကုိယ္၀န္ေဆာင္၊ သတို႔သမီး စသျဖင့္ အမ်ဳိးသမီးတုိင္းအတြက္

အမ်ဳိးမ်ဳိးေသာ အမ်ဳိးသမီး၀တ္ အတြင္းခံအလွ၀တ္မ်ားကုိ ထုတ္လုပ္ေပးထားသည္။
၀တ္စားဆင္ယင္ပုံအရ လုိက္ဖက္မည့္ ဘရာမ်ားကုိလည္း ထုတ္လုပ္ေပးသည္။

ဥပမာ တီရွပ္ ၀တ္ဆင္ပါက လုိက္ဖက္ညီမည့္ ေရာင္စုံဘရာမ်ား ထုတ္လုပ္ေပးထားသည္။
ထုိသုိ႔ ထုတ္လုပ္ထားသည္တုိ႔ကုိ အြန္လုိင္းမွ လူမသိသူမသိ မွာၾကား၀ယ္ယူၿပီး ၀တ္ဆင္ႏုိင္ေစသည္။

ထုိ႔အတြက္ အမွာစာအရ ေပးပုိ႔သည္အခါ ထုပ္ပုိးေပးပုံကုိ ဂ႐ုစုိက္ေပးထားသည္။

အထုပ္ကုိ ၾကည့္လုိက္ပါက အထဲတြင္ အတြင္းခံအ၀တ္အစား ပါေၾကာင္း လုံး၀ မသိႏုိင္ေခ်။

ထုိအခ်က္ကုိ သေဘာက်ၾကသျဖင့္ ၀ယ္ယူအားေပးသူမ်ား တုိးမ်ားခဲ့ေပသည္။

Zivame သည္ မိမိ လူသိမခံလုိသည့္ကိစၥကုိ လွ်ဳိ႕၀ွက္ေပးထားသည္ဟူေသာ

ယုံၾကည္စိတ္ခ်မႈႏွင့္ ယုံၾကည္အားကုိးမႈကုိ Zivame အႀကီးအက်ယ္ ရရွိသည္။

ထုိအခါ ေရာင္းအား ထုိးတက္ခဲ့ေပသည္။ တစ္မိနစ္လွ်င္ ဘရာတစ္ထည္ ေရာင္းရသည့္စံခ်ိန္သုိ႔ ေရာက္ရွိသြားသည္။

ေရာင္းခ်၍ ရသည့္ ၀င္ေငြ၏ ၆၀% သည္ ကုမၸဏီမွ အစအဆုံးထုတ္လုပ္ေသာ အလွ၀တ္အတြင္းခံမ်ားထံမွ ရရွိသည္။

က်န္သည့္ ရာခုိင္ႏႈန္းသည္ လက္ခြဲကန္ထ႐ုိက္မ်ားထံ အလုပ္အပ္ႏွံၿပီး ထုတ္လုပ္သည္။

 

pic mobile

 

Zivame မုိဘုိင္း အက္ပ္

ေရာင္းခ်ရသမွ်တုိ႔၏ ၆၀ ရာခုိင္ႏႈန္းသည္ မုိဘုိင္းဖုန္းျဖင့္ မွာၾကားျခင္းမ်ား ျဖစ္ေနသျဖင့္

အင္ထ႐ိြဳက္အက္ပ္ကုိ စီစဥ္ေပးထားလုိက္ျခင္းကလည္း ေရာင္းအားတက္ေစခဲ့သည္။

ထုိအက္ပ္သည္ ဖုန္းထဲမွာ ရွိေနသည့္အတြက္ အျခားအြန္လုိင္းဆုိင္မ်ားသုိ႔ မေရာက္ေတာ့ဘဲ

Zivame ဆီသုိ႔သာ ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ေရာက္လာေအာင္

၀ယ္ယူသူမ်ားကုိ က်ဳံးသြင္းေပးေနသည္။

 

zivame R L

 

ၿပိဳင္ဘက္မ်ား

မြန္ဘုိင္းၿမိဳ႕အေျခစုိက္ Pretty Secrets ကုိ ၂၀၁၆ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့ရာ Zivame ၏ တဲ့တုိးၿပိဳင္ဘက္အျဖစ္ ေဈးကြက္ထဲတြင္ ရပ္တည္သည္။ ထုိ႔အျပင္ အြန္လုိင္း ဖက္ရွင္ေဈးကြက္ထဲသုိ႔ Amazon ၊ Myntra ၊ Snapdeal တုိ႔က အားျပင္းျပင္းျဖင့္ ၀င္ေရာက္လုပ္ကုိင္ေနၾကသည္ကလည္း Zivame အဖုိ႔ ၿပိဳင္ဘက္မ်ား တုိးျခင္း ျဖစ္သည္။ သုိ႔ျဖစ္ရာ ေတာင့္ခံႏုိင္ရန္အတြက္ Zivame သည္ အခ်ီႀကီး ရင္းႏွီးျမႇဳပ္ႏွံသူ လက္ႀကီးသမားမ်ားကုိ ရွာေဖြၿပီး ရင္းႏွီးျမႇဳပ္ႏွံေငြမ်ား ရယူခဲ့သည္။

 

Unicode

အွန်လိုင်းဆိုင် Zivame သည် ပျမ်းမျှအားဖြင့် တစ်မိနစ်လျှင် ဘရာတစ်ထည် ရောင်းရသည်။
အိနိ္ဒယပြည်တွင်းဈေးကွက်တွင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂၀၁၅-၁၆ ခုနှစ်တွင် အသားတင်ရောင်းရငွေ ရူပီ ၆၂.၂ သိန်း ရှိပြီး ၃၈% ကြီးထွားခဲ့သည်။ သို့သော် အရှုံးပြသည်မှာ ၈၄% တိုးသွားပြီး ရူပီ ၅၄ သိန်း ရှုံးခဲ့သည်။ သို့ဖြစ်ရာ Zivame ကို ထူထောင်သူနှင့် စီအီးအိုဖြစ်သူ ရီချာ ခါ Richa Kar ရာထူးမှ နုတ်ထွက်ပေးရသည်။
ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်ဖြင့်သာ ကုမ္ပဏီတွင် ဆက်လက်ပါဝင်သည်။ ရှုံးရသည့်အကြောင်းမှာ အမည်အမှတ်တံဆိပ်သစ်များနှင့် ထုတ်ကုန်ဒီဇိုင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ရာ ကုန်ကျစရိတ် စုစုပေါင်း ၄၃.၃ သိန်း သုံးစွဲခဲ့သောကြောင့် စရိတ်ထောင်းပြီး အရှုံးပြခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး အတွင်းခံ အလှဝတ်များ ထုတ်လုပ်ရောင်းချသည့် Zivame သည် အွန်လိုင်းရောင်းချလိုက်သည့်အခါ အထူးတလည် အောင်မြင်သွားသည်။ အိနိ္ဒယမှ အမျိုးသမီးများသည် အတွင်းခံ အလှဝတ် အဝတ်အစားတို့ကို ဝတ်ဆင်ကြသည်မှာ မှန်သော်လည်း လူမြင်သူမြင် ဝယ်ယူရမည်ကို ရှက်ကြသည်။ sexy ဖြစ်သော အလှဝတ်များကို ဆိုင်တွင် ဝယ်ဖို့ ရှက်ကြသည်။ အွန်လိုင်းမှ ရောင်းချသည့်အခါ လူမသိသူမသိ ဝယ်ယူ၍ ရသွားပြီး ဝယ်ရမှာကြားရသည်မှာလည်း လွယ်ကူသဖြင့် ဝယ်ယူအားပေးကြသည်။ သို့ဖြစ်ရာ ရောင်းအား ထိုးတက်သွားတော့သည်။ ဤသို့ဖြင့်
ရီချာကာက ၂၀၁၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် Zivame သည် အိနိ္ဒယနိုင်ငံ၏ အမျိုးသမီး အတွင်းခံ အလှဝတ် ရောင်းချသည့် အကြီးမားဆုံးအွန်လိုင်းဆိုင်အဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားခဲ့သည်။

စစချင်းတွင် အမျိုးသမီးများကို အတွင်းခံသည် အတွင်းခံသက်သက်မျှဖြင့် မပြီး။ လှတပတဖြင့် ဆွဲဆောင်မှု ရှိဖို့ လိုကြောင်း ပညာပေးသည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ ဘရာကောင်းကောင်း ဝတ်မှ အလှပီပြင်မည့်အကြောင်းကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းတင်ပြသည်။ ကို်ယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝအောင် ဘရာကောင်းကောင်းက ပြုပေးနိုင်ပုံကိုလည်း ပညာပေးေဝသည်။

 

ရောင်းအားကောင်းစခြေင်း သော့ချက်

Zivame သည် sexy အတွင်းခံအဝတ်အစားများကိုလည်း ထုတ်လုပ်သည်။ ကိုယ်ဝန်ဆောင်များအတွက် အတွင်းခံအဝတ်အစားများကိုလည်း ထုတ်လုပ်သည် ကိုယ်ခန္ဓာဝဖြိုးသောသူများ ဝဖြိုးပြီး ပုံပျက်နေသည်ကို ကြည့်ကောင်းအောင် ပြုပေးမည့် အတွင်းခံအဝတ်အစားများကိုလည်း ထုတ်လုပ်သည်။ သတို့သမီးများအတွက် အတွင်းခံများကိုလည်း ထုတ်လုပ်သည်။
သို့ဖြစ်ရာ ပိန်ပိန်ဝဝ၊ ကိုယ်ဝန်ဆောင်၊ သတို့သမီး စသဖြင့် အမျိုးသမီးတိုင်းအတွက် အမျိုးမျိုးသော အမျိုးသမီးဝတ် အတွင်းခံအလှဝတ်များကို ထုတ်လုပ်ပေးထားသည်။
ဝတ်စားဆင်ယင်ပုံအရ လိုက်ဖက်မည့် ဘရာများကိုလည်း ထုတ်လုပ်ပေးသည်။ ဥပမာ တီရှပ် ဝတ်ဆင်ပါက လိုက်ဖက်ညီမည့် ရောင်စုံဘရာများ ထုတ်လုပ်ပေးထားသည်။
ထိုသို့ ထုတ်လုပ်ထားသည်တို့ကို အွန်လိုင်းမှ လူမသိသူမသိ မှာကြားဝယ်ယူပြီး ဝတ်ဆင်နိုင်စေသည်။ ထို့အတွက် အမှာစာအရ ပေးပို့သည်အခါ ထုပ်ပိုးပေးပုံကို ဂရုစိုက်ပေးထားသည်။ အထုပ်ကို ကြည့်လိုက်ပါက အထဲတွင် အတွင်းခံအဝတ်အစား ပါကြောင်း လုံးဝ မသိနိုင်ချေ။ ထိုအချက်ကို သဘောကျကြသဖြင့် ဝယ်ယူအားပေးသူများ တိုးများခဲ့ပေသည်။ Zivame သည် မိမိ လူသိမခံလိုသည့်ကိစ္စကို လျှို့ဝှက်ပေးထားသည်ဟူသော ယုံကြည်စိတ်ချမှုနှင့် ယုံကြည်အားကိုးမှုကို Zivame အကြီးအကျယ် ရရှိသည်။ ထိုအခါ ရောင်းအား ထိုးတက်ခဲ့ပေသည်။ တစ်မိနစ်လျှင် ဘရာတစ်ထည် ရောင်းရသည့်စံချိန်သို့ ရောက်ရှိသွားသည်။

ရောင်းချ၍ ရသည့် ဝင်ငွေ၏ ၆၀% သည် ကုမ္ပဏီမှ အစအဆုံးထုတ်လုပ်သော အလှဝတ်အတွင်းခံများထံမှ ရရှိသည်။ ကျန်သည့် ရာခိုင်နှုန်းသည် လက်ခွဲကန်ထရိုက်များထံ အလုပ်အပ်နှံပြီး ထုတ်လုပ်သည်။

 

Zivame မိုဘိုင်း အက်ပ်

ရောင်းချရသမျှတို့၏ ၆၀ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းဖြင့် မှာကြားခြင်းများ ဖြစ်နေသဖြင့် အင်ထရွိုက်အက်ပ်ကို စီစဉ်ပေးထားလိုက်ခြင်းကလည်း ရောင်းအားတက်စေခဲ့သည်။ ထိုအက်ပ်သည် ဖုန်းထဲမှာ ရှိနေသည့်အတွက် အခြားအွန်လိုင်းဆိုင်များသို့ မရောက်တော့ဘဲ Zivame ဆီသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာအောင် ဝယ်ယူသူများကို ကျုံးသွင်းပေးနေသည်။

 

ပြိုင်ဘက်များ

မွန်ဘိုင်းမြို့အခြေစိုက် Pretty Secrets ကို ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ရာ Zivame၏ တဲ့တိုးပြိုင်ဘက်အဖြစ် ဈေးကွက်ထဲတွင် ရပ်တည်သည်။ ထို့အပြင် အွန်လိုင်း ဖက်ရှင်ဈေးကွက်ထဲသို့ Amazon၊ Myntra၊ Snapdeal တို့က အားပြင်းပြင်းဖြင့် ဝင်ရောက်လုပ်ကိုင်နကြေသည်ကလည်း Zivame အဖို့ ပြိုင်ဘက်များ တိုးခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တောင့်ခံနိုင်ရန်အတွက် Zivame သည် အချီကြီး ရင်းနှီးမြှုပ်နှံသူ လက်ကြီးသမားများကို ရှာဖွပြေီး ရင်းနှီးမြှုပ်နှံငွေများ ရယူခဲ့သည်။

Read 2814 times
Rate this item
(0 votes)