What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေစေဖို့ ရှိထားသင့်တဲ့ ပန်းရောင်ဖိနပ်လေးတွေ

ပန်းရောင်ဆိုတာက မိန်းကလေးတွေကို ကိုယ်စားပြုတဲ့အရောင်လေးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ပုံစံလေးလည်းဖြစ်တာကြောင့် မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပြီး ပိုပြီးချစ်စရာကောင်းတဲ့ ဖက်ရှင်ပုံစံမျိုးလေးဖြစ်သွားစေမှာပါ။

ဒီတော့ မိန်းကလေးတွေရဲ့ အကြိုက်တစ်မျိုးလည်းဖြစ်တဲ့ ဖိနပ်လေးတွေကို ပန်းရောင်လေးတွေနဲ့ဆိုတော့ အကြိုက်နှစ်မျိုးရောနေတော့ ပိုပြီးချစ်စရာကောင်းပြီပေါ့။ ဒီတော့ ချစ်စရာကောင်းတဲ့ကောင်မလေးအသွင်ဖြစ်သွားစေမယ့် ဖိနပ်ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁.ပန်းရောင် ဒေါက်ဖိနပ်

pink heel min

pink heel min

ဒေါက်ဖိနပ်လေးတွေဆိုတာလည်း မိန်းကလေးတိုင်းအသည်းစွဲပါပဲ။ မိန်းကလေးတိုင်းဆီမှာတော့ ဒေါက်ဖိနပ်လေးတွေရှိကောင်း ရှိနေတတ်ပါတယ်။ မိန်းကလေးတိုင်းဝတ်ပြီး ကြွကြွရွရွလေးလမ်းလျှောက်လို့ရမယ့် ဒေါက်ဖိနပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခြေလှမ်းတိုင်းမှာ လှပနေစေမယ့် ဒေါက်ဖိနပ်ဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်နော်။

၂. ပန်းရောင် ကြိုးသိုင်းဖိနပ်

pink heel sandal min

pink sandal min

ကြိုးသိုင်းဒေါက်မြင့်ဖိနပ်လေးတွေကလည်း ချစ်စရာကောင်းပြီး အတိုဒီဇိုင်းလေးတွေ ဂါဝန်လေးတွေနဲ့ဆိုပိုပြီးလိုက်ဖက်ပါတယ်။ မိန်းကလေးတစ်ယောက် အတိုလေးတွေဝတ်တဲ့အခါမှာ ခြေသလုံးသွယ်သွယ်လေးတွေက ပေါ်လွင်နေတတ်တာကြောင့် ဒီလို ကြိုးသိုင်းဒီဇိုင်းလေးတွေဝတ်မယ်ဆိုရင်တော့ ပိုပြီးလှပပြည့်စုံတဲ့ ဖက်ရှင်ဒီဇိုင်းလေးဖြစ်ပြီး ပွဲတွေတက်တဲ့အခါမှာလည်း မြင်သူတိုင်းငေးစေမယ့် ပုံစံလေးလည်းဖြစ်ပါတယ်။

၃. ပန်းရောင် Booties

pink boot min

pink boot min

ပန်းရောင် Booties လေးတွေကလည်း သင့်ကိုဆွဲဆောင်မှုရှိစေပါတယ်။ မိန်းကလေးလည်း အရမ်းမဆန်ယောက်ျားလေးလည်း အရမ်းမဆန်တဲ့ဒီဇိုင်းလေးကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေစေပါတယ်။ အတိုလေးတွေနဲ့ရော အရှည်ဖက်ရှင်နဲ့ပါလိုက်ဖက်တာကြောင့် အထာကျကျကောင်မလေးဖြစ်သွားစေမှာပါနော်။

၎. ပန်းရောင် Sneakers

pink sneaker min

Crop Top နဲ့ လိုက်ဖက်စွာ ဝတ်ဆင်လို့ရမယ့် ဒီဇိုင်း (၆)မျိုး

pink sneaker min

အားကစားဖိနပ်လေးတွေကလည်း မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးစီးလို့ရတာကြောင့် ဖက်ရှင်လည်းကျတဲ့ပုံစံလေးလည်းဖြစ်တာကြောင့် ကောင်မလေးတွေအကြိုက်ဆုံးဖြစ်မှာပါနော်။ အားကစားဖိနပ်လေးနဲ့ဆိုရင်တော့ မိန်းကလေးဆန်ဆန်ဝတ်နေလို့မရတော့ပါဘူး။ ဂျင်းဘောင်းဘီလေးနဲ့ တီရှပ်လေးနဲ့ဆိုရင်တောင် ပြည့်စုံနေပါပြီ။

 

Source:we media

Read 1756 times
Rate this item
(1 Vote)