What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မီနီစကပ်တွေကို အမိုက်ဆုံးဖြစ်အောင် တွဲဖက် ဝတ်ဆင်ကြမယ်

ဘောင်းဘီရှည် ၊ စကတ်ရှည်တွေ ပဲဝတ်နေရတာ ငြီးငွေ့နေပြီ မီနီစကတ်တွေကိုလည်း မ၀တ်ရဲဘူးဆိုပြီး တွေးမိနေပြီလား။ တခါတလေ မီနီစကတ်လေးတွေကို အခုလို တည်တည်ငြိမ်ငြိမ် ပုံစံလေးတွေဝတ်ရင် အမြင်လည်းမရိုင်းဘဲ ဆွဲဆောင်မှုလည်း ရှိ၊ လှလည်း အရမ်းလှပါတယ်နော်…

(၁) sweater overlap

mini skirt with sweater min

မီနီစကတ်အကားနဲ့ ဆွယ်တာခါးရှည်ကို တွဲဝတ်လိုက်တဲ့အခါ အရမ်းလူငယ်ဆန်တဲ့ပုံ ဖြစ်သွားစေမှာပါ။

(၂) Floral mini

mini skirt with blouse min

floral မီနီစကတ်ကို ရိုးရိုးရှင်းရှင်း blouse အင်္ကျီလေးနဲ့ တွဲဝတ်ပြီး metal accessories တွေကို ၀တ်လိုက်တဲ့ အခါ ချစ်စရာအသွင်လည်း မပျောက်၊ ခန့်ခန့်လေးလည်း ဖြစ်သွားပါတယ်။

(၃) With Oversize Blouse

mini skirt with oversize blouse min

မီနီစကတ် အကျပ်ကို အပေါ်က oversize blouse နဲ့ တွဲဝတ်လိုက်တဲ့ အခါ တမျိုးဆွဲဆောင်မှု ရှိသွားတာကို တွေ့ရမှာပါ။ ဒီလိုဝတ်မယ်ဆို သတိထားရမှာက အင်္ကျီရဲ့ အရှည်က စကတ်ကို လုံးဝမဖုံး နေဖို့ပါ။ အဲ့လိုဖုံးနေမယ်ဆိုရင် စကတ်ကို မမြင်ရတော့ဘဲ အင်္ကျီချည်းပဲ ၀တ်ထားသလို ဖြစ်နေပါလိမ့်မယ်။

(၄) Sparkle and Leather

sparkle with mini leather skirt min

bling bling ဘလောက်စ်အင်္ကျီနဲ့ leather မီနီစကတ်ကတော့ လန်းလည်းလန်း၊ တည်တည်ငြိမ်ငြိမ်လေးနဲ့လည်း လှတဲ့ အတွဲအစပ်လေးပါ။

(၅) Boyfriend Shirt

boyfriend shirt with mini skirt min

မီနီစကတ်နဲ့ ရှပ်အင်္ကျီဆိုတာ သိပ်မဆိုင်သလိုလို့ ထင်ရပေမယ့် street style လေး ၀တ်ချင်ရင် ရွေးသင့်တဲ့ ပုံစံပါ။ လွတ်လပ်တဲ့ လူငယ်ဆန်တဲ့ အထာလေးနဲ့ သိပ်မိုက်တာနော်။

ပန်းချီအသားပေး အိတ်တွေကို Jeff Koons နဲ့အတူ ထုတ်လုပ်လိုက်တဲ့ LOUIS VUITTON

(၆) Denim top

denim shirt with mini skirt min

boho style ကြိုက်တဲ့သူတွေကတော့ ဒီလိုလေးဝတ်လို့ ရတယ်နော်။ ဒါပေမယ့် ဒီလိုဝတ်မယ်ဆိုရင် ဆံပင်ပုံစံ နဲ့ accessories တွေကိုလည်း boho styles လေးတွေ ရွေးမယ်ဆို ပို ဂေါ်ပါလိမ့်မယ်လို့။

(၇) Same Color

all color same top with mini skirt min

အထက်အောင် အရောင်တူ ၀တ်တာလေးကလည်း ချစ်ဖို့ကောင်းတယ်နော်။ crop top နဲ့ တွဲဝတ်ထားပေမယ့် အမြင်ရိုင်းတာမျိုးလုံးဝ မရှိဘူး။ အရမ်းလန်း။

(၈) Freedom

freedom min

blouse ကို စကတ်အထဲ တပိုင်းတစထည့်ဝတ်တာက ဘယ်လောက်တောင် အထာကျလဲဆိုတာ တွေ့ရမှာပါ။

 

Source:aunty may

Read 1193 times
Rate this item
(1 Vote)