What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ကျော့ပြန် FASHION TREND ကို ၀တ်ဆင်မယ့် အခါ

 တစ်ကျော့ပြန်  ဖက်ရှင်က ပုံသဏ္ဍာန်ရော အဓိပ္ပါယ်ပါဖွင့်ဆိုရ ခက်ခဲတဲ့ ဖက်ရှင်ဖြစ်ပါ တယ်။ အကြမ်းဖျင်းအားဖြင့် ၁၉၈၀ ခုနှစ်မတိုင်ခင် အစောပိုင်းကာလတွေမှာ

လူတွေမက်မက်မော မော ၀တ်ဆင်ခဲ့ကြတဲ့ အ၀တ်အစား အသုံးအဆောင်ပုံစံတွေကို Retro Version ဖက်ရှင်များလို့ ဆိုကြပါစို့။ ဒီလို ကာလကြာရှည် တစ်ခေတ်ပြီး တစ်ခေတ် ပြောင်းလဲဖြတ်သန်းလာတဲ့ ဖက်ရှင်ရေ စီးကြောင်းထဲမှာ သင်တစ်ကျော့ပြန် ဆန်းသစ်ချင် တဲ့ ဖက်ရှင်နဲ့  အခြားသူတစ်ဦးရဲ့ တစ်ကျော့ပြန် ဖက်ရှင်က ကာလချင်းတူညီဖို့ ခက်ခဲပါတယ်။ ဒါ ကြောင့် Retro (သို့မဟုတ်) Vintage ဖက်ရှင်ကို ၀တ်ဆင်မယ်လို့ စဉ်းစားလိုက်တဲ့ အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်အနည်းငယ်ကို တော့ သင် သိထားသင့်ပါတယ်။

ခေတ်ကာလ အမျိုးမျိုးက ဖက်ရှင်ပုံစံများကို သိထားပါ
    အထက်မှာဆိုခဲ့သလိုပဲ ခေတ်နောက်ပြန် ဆွဲတဲ့ ဖက်ရှင်တွေက ဖြတ်သန်းလာခဲ့ရတဲ့ နှစ် ကာလများလွန်းတာကြောင့် ပုံစံအမျိုးစုံ၊ အရောင် မျိုးစုံနဲ့ ကြည့်လိုက်တာနဲ့ ခေတ်အပိုင်းအခြားကို သိနိုင်တဲ့ အမှတ်အသားမျိုး ကိုယ်စီရှိနေကြပါ
တယ်။

*    ၁၉၃၀ ပြည့်နှစ်လောက်က ဆိုရင်တော့ အနားကျယ် ဦးထုပ်ကြီးကြီးကို သိုးမွှေးကော်လာ အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်တဲ့ဖက်ရှင် ရေပန်းစား ခဲ့ပါတယ်။
*    ဒဲ့ပွ ခါးတင်ဘောင်းဘီ၊ ရေစို ဆွယ်တာ၊ ကုပ်သိုင်း ခါးတို အင်္ကျီလေးတွေက ၁၉၄၀ ခုနှစ် ၀န်းကျင်က ဖက်ရှင်ဖြစ်ပါတယ်။
*    ဆယ်စုနှစ်တစ်စု လွန်သွားပြီးနောက်မှာ လေထီးစကတ်လို့ ခေါ်တဲ့ ၀ိုင်းဝိုင်းဝဲ၀ဲ စကတ် လေးတွေ၊ သားရေဂျက်ကတ်နဲ့ အင်္ကျီနဲ့ ဘောင်း ဘီတစ်ဆက်တည်း ဖက်ရှင်တွေ စတင် လူကြိုက် များလာပြီး အခုအချိန်မှာတော့ အဲဒီဖက်ရှင် Trend
ကို ၁၉၅၀ ခုနှစ်က ဖက်ရှင်လို့ သတ်မှတ်ထားပါတယ်။
*    ခေါင်းလောင်းဘောင်းဘီတွေ၊ ငှက်မွှေး သဏ္ဍာန်အဆင်နဲ့ ရှပ်အင်္ကျီတွေက ၁၉၆၀ ပြည့်နှစ် ကို ကိုယ်စားပြုနေတဲ့ ဖက်ရှင်များ ဖြစ်ပါတယ်။  
*    ၁၉၇၀ ၀န်းကျင်လောက်မှာတော့ အပြာနု ရောင်ဂျင်းဘောင်းဘီ (Blue Jean) နဲ့ ကုတ်အင်္ကျီနဲ့ ဘောင်းဘီ ဖက်ရှင်က ခေတ်စားလာပြီး သဘာဝ ဆန်တဲ့ အရောင်တွေကို အသုံးများပါတယ်။
*    ၁၉၈၀ ကတော့ ဆန့်ကျင်ဘက် Fashion Trend ကို ပြောင်းလဲသွားတဲ့ကာလလို့ ဆိုနိုင်ပါ တယ်။ နီယွန်ကာလာတွေကို လူကြိုက်များလာပြီး၊ ပုခုံးအဖတ်ကြီးတွေ၊ လည်ပင်းကော်လာတွေမှာ ဇာတွေ၊ အပွင့်အတွန့်ကြီးတွေနဲ့ ဖက်ရှင် တစ်
ခေတ်ဆန်းလာပြီး Legging အမျိုးအစား ဘောင်း ဘီနဲ့ တွဲဖက်ဝတ်ဆင်ခဲ့ကြပါတယ်။

ဖက်ရှင်အပိုင်းအစများကို ရောနှောဝတ်ဆင်ပါ
    တစ်ချိန်က ခေတ်စားခဲ့တဲ့ ဖက်ရှင်ကိုပဲ လုံးဝ ပုံစံတူ ပြန်လည်ဝတ်ဆင်ဖို့ စိတ်ကူးသင့်မှာ မရှိ နိုင်တာသေချာပါတယ်။ ခေတ်တစ်ခေတ်ချင်းစီရဲ့ ဖက်ရှင်အသွင်အပြင်ကို တီးမိခေါက်မိ ရှိသွားပြီ ဆိုရင်တော့ Retro Fashion ကို Modern Fashion နဲ့ ဘယ်လိုပေါင်းစပ်ရမလဲ စဉ်းစားရတော့မှာပါ။ တစ်ကျော့ပြန် ဖက်ရှင်နဲ့ ခေတ်ရှေ့ပြေးနေတဲ့ စတိုင်လ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်ဖြင့် ခေတ် ဟောင်းခေတ်သစ်က ဖက်ရှင်အပိုင်းအစများကို မျှမျှတတနဲ့ အမြင်ရှိရှိ တွဲစပ်တက်ဖို့လည်း လိုအပ်ပါတယ်။

၁၉၅၀ ခုနှစ်က ခေတ်စားခဲ့တဲ့ လေထီး စကတ်ကို ရှပ်အင်္ကျီလေးနဲ့ တွဲဝတ်တာမျိုး၊ အိတ် ဖိနပ်စတဲ့ အသုံးအဆောင်လေးတွေနဲ့ တွဲဖက်လိုက် တာမျိုး စတဲ့ ပေါင်းစပ်မှုတွေက သင့်ကို ခေတ် ဟောင်းအငွေ့အသက် တွေနဲ့ ကြော့ရှင်းစတိုင်လ်
ကျသူ တစ်ယောက်ဖြစ်သွားစေပါလိမ့်မယ်။  
    ကုတ်အင်္ကျီနဲ့ ဘောင်းဘီ တွဲဝတ်မယ့် ဖက်ရှင် ကို ရွေးချယ်မယ်ဆိုပါစို့။ မူလဖက်ရှင်ကိုပဲ Modern ပစ္စည်းတစ်မျိုးမျိုးနဲ့ တွဲစပ်လိုက်ပါ။ ခါးပတ် ပတ်လိုက်တာမျိုးလည်း ရသလို ဖိနပ်လှလှ တစ်ရံ ကလည်း အလုပ်ဖြစ်ပါတယ်။

 ခေါင်းလောင်းဘောင်းဘီဆိုတာနဲ့ ဂျင်း ဘောင်းဘီတွေကိုပဲ ပြေးမမြင်လိုက်ပါနဲ့။ အရောင် ဆန်းဆန်း ပုံကျကျ ခေါင်းလောင်းဘောင်းဘီ တစ် ထည်ကို အခုခေတ်စားနေတဲ့ ခါးတိုအင်္ကျီနဲ့ တွဲ ပြီး ၀တ်ဆင်ကြည့်ပါ။ ဒိတ်အောက်ပြီလို့ သင်ထင်
ထားတဲ့ဖက်ရှင်က ၀တ်တတ်ရင် ခေတ်ရှေ့ကို တစ် လှမ်းမကပြေးတဲ့ အမိုက်စားတွေ ဖြစ်လာနိုင်ပါတယ်။
    အင်္ကျီဒီဇိုင်း၊ အပွင့်အဆင်က တစ်ခေတ်တစ် ချိန်ကနဲ့ ကွက်တိကို သွားတူနေပြီဆိုပါတော့။ အ ၀တ်အစားပိုင်းကို ဒီအတိုင်းလွှတ်လိုက်ပြီး ဆံပင်နဲ့ မိတ်ကပ်အပြင်အဆင်၊ Accessories ၊ ဖိနပ်တွေကို ခေတ်နဲ့ အညီ ထုံးဖွဲ့ဝတ်စားလိုက်ပါ။ ဒါကလည်း တစ်မျိုးအမြင်ဆန်းစေပါတယ်။

မရှိမဖြစ် Accessories
    ဦးထုပ်နဲ့ လည်စီးပုဝါ၊ ခေါင်းစည်း ပုဝါတွေ က တစ်ကျော့ပြန်ဖက်ရှင်အတွက်  အရေးပါတဲ့ Accessories တွေ ဖြစ်ပါတယ်။

လက်ဝတ်ရတနာ
    လက်ဝတ်ရတနာဆိုတာက ဘယ်တော့မှ တန်ဖိုးကျမသွားတတ်တဲ့ အရာများဖြစ်ပါတယ်။ သင့်မေမေ လူငယ်ဘ၀တုန်းက ၀တ်ဆင်ခဲ့တဲ့ လက် ၀တ်ရတနာတွေက လက်ရှိအချိန်မှာ ခေတ်မစားတော့ပေမဲ့ သင့်ရဲ့ တစ်ကျော့ပြန် ဖက်ရှင်အတွက်တော့ အလွန်အသုံးဝင်တဲ့ ပစ္စည်းတွေ ဖြစ်လာနိုင်ပါတယ်။ သတိထားရမှာက တစ်ကြိမ်မှာ လက်ဝတ် ရတနာတစ်မျိုးကိုပဲ ၀တ်ဆင်ဖို့ ဖြစ်ပါတယ်။ သင့် ရဲ့ ဖက်ရှင်နဲ့လိုက်ဖက်တဲ့ လက်ဝတ်ရတနာက နားဆွဲဆိုရင် နားဆွဲလေးကိုပဲ ရွေးချယ်ပါ။ လက်ကောက်နဲ့ ဆွဲကြိုးတွေက နောက်တစ်ကြိမ်အတွက် အသုံးဝင်လာပါလိမ့်မယ်။

မိတ်ကပ် အပြင်အဆင်
    အ၀တ်အစားနဲ့ တင်မဟုတ်ဘဲ မိတ်ကပ် အပြင်အဆင်နဲ့လည်း သင့်ရဲ့ ခေတ်နောက်ပြန် ဖက်ရှင်ကို ရုပ်လုံးကြွအောင် အသက်သွင်းနိုင်ပါ သေးတယ်။ မိတ်ကပ်ကို ဦးစားပေးမယ်ဆိုရင်တော့ အ၀တ်အစားပိုင်းကို နည်းနည်းလျှော့ချလိုက်ဖို့ အကြံပြုလိုပါတယ်။

Read 1049 times
Rate this item
(0 votes)