What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Boyfriend Jeans တွေကို တီရှပ်တွေနဲ့ပဲ တွဲဝတ်နေတုန်းလား?

Boyfriend Jeans ဆိုတာ ခုနောက်ပိုင်းခေတ်စားလာတဲ့

Ripped Jeans လို့ သိကြတဲ့ အပြဲဒီဇိုင်းနဲ့ ဂျင်းဘောင်းဘီခပ်ပွပွ ပုံစံတွေပါ။ ဒါပေမဲ့ Boyfriend Jeans ဆိုတိုင်းလည်း ဂျင်းအပြဲ ဒီဇိုင်းနဲ့ ခပ်ပွပွဘောင်းဘီတွေလို့ မဆိုနိုင်ပါဘူး။ Fit ဖြစ်တဲ့ boyfriend fit jeans တွေလည်းရှိပါတယ်။ ပေါ့ပါးလွတ်လပ်တဲ့စတိုင်နဲ့အထာကျကျ Boyfriend Jeans တွေကို ဝတ်နေကျဖက်ရှင်တွေဖြစ်တဲ့ T shirt တွေ၊ Leather Jacket နဲ့ Bomber Jacket တွေနဲ့ မတွဲဖက်တော့ဘဲ ဝတ်နေကျပုံစံတွေနဲ့ မတူဘဲ ပုံစံကွဲထွက်ပြီး စတိုင်ကျကျဖြစ်အောင် ဝတ်လို့ ရတဲ့ နည်းလမ်းလေးတစ်ချို့ ကို ပြောပြပေးမယ်နော်။Street Style ဖြစ်တဲ့ Boyfriend Jeans တွေကို တကယ်တမ်းဖက်ရှင်ကျကျတွဲဖက်ဝတ်ဆင်တတ်ရင် Business Wear အနေနဲ့ကော အခြားဖက်ရှင်တွေနဲ့ပါ တွဲဖက်ဝတ်ဆင်လို့ ရတယ် ဆိုတာပြောပြချင်တယ်။

၁။ Boyfriend Jeans အတော်များများဟာ ဖြဲထားတဲ့ဒီဇိုင်းက ခပ်နည်းနည်းနဲ့ပါ။ ဒါကိုမှ ခုနောက်ပိုင်း trending ဖြစ်လာတာက အပြဲတွေခပ်များများ (အတော်ဆုတ်ဖြဲထားတဲ့) ဒီဇိုင်းမျိုးပါ။ ကိုယ်တိုင် အပြဲကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဖန်တီးချင်တယ်ဆိုရင်လည်း DIY လုပ်ဖို့  ကတ်ကြေးတချောင်းပဲလိုပါတယ်နော်။  ခပ်ဂေါ်ဂေါ်ဒီဇိုင်းမျိုးဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒါကိုရွေးချယ်နိုင်ပါတယ်။ အပေါ်က ခပ်ရှင်းရှင်း ကော်လံပါရှပ်တစ်ထည်နဲ့ပါ တွဲဖက်လိုက် လုံးဝအမိုက်စားဖြစ်နေမှာ အသေချာပါပဲ။

၂။ နောက်တစ်နည်းကတော့ ဘောင်းဘီအောက်နားကို မခေါက်ပဲ ဒီတိုင်းဖြန့်ပြီး ဝတ်တဲ့ဒီဇိုင်းပါ။ သူများတွေ ဘောင်းဘီအောက်ခြေကို အနည်းငယ်ခေါက်ပြီး စတိုင်ထုတ်နေတဲ့အချိန်မှာ ကိုယ်ကမခေါက်ဘဲ ဒီတိုင်းဝတ်လိုက်တာကလည်း ထူးခြားတဲ့ဖက်ရှင်တမျိုး ဖြစ်နေနိုင်မှာပါ။

၃။ Boyfriend jeans ဆိုတာ တကယ်တော့ ယောက်ျားဝတ်ဘောင်းဘီတွေရဲ့ ဒီဇိုင်းကို နမူနာယူပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ တစ်ခါတလေ တယောက်တည်းရှော့ပင်ထွက်တဲ့အချိန်တို့  သူငယ်ချင်းနဲ့ hangout လုပ်တဲ့အချိန်တို့မှာ Boyfriend Jeans တွေကို Tomboy စတိုင် ယောက်ျားလေးဆန်ဆန် ဆွယ်တာပါးလေးတစ်ထည် ကောက်စွပ်ပြီး လူကြိုက်များနေတဲ့ ရှူးဖိနပ်လေးတစ်ရံစီးလိုက်ရုံနဲ့ ပေါ့ပေါ့ပါးပါး free style နဲ့ ဖက်ရှင်ကျနေစေမှာပါ။

၎။ ယောက်ျားလေးစတိုင်လိုလို မိန်းကလေးစတိုင်လိုလို ဟိုမရောက်ဒီမရောက်ဖက်ရှင်မျိုးကလည်း trend ဖြစ်လာတဲ့အထဲပါတာမို့ Boyfriend Jeans ကို အပေါ်က ယောက်ျားဆန်တဲ့ရှပ်အင်္ကျီနဲ့ တွဲဝတ်ပြီး အောက်က high heels ဒေါက်မြင့်ချွန်လေးစီးပြီးတော့လည်း ခပ်လန်းလန်းစတိုင်ဖန်တီးနိုင်ပါတယ်နော်။ ဝါသနာပါရင် ဂျာကင်တစ်ထည်ပါကောက်စွပ်နိုင်ပါသေးတယ်။

၅။ ရုံးတက်ဖက်ရှင်ဖြစ်တဲ့ business wear အနေနဲ့ပါ boyfriend jeans ကို ထည့်စဉ်းစားလို့ ရနိုင်ပါသေးတယ်။ casual (ထသွားထလာ) ဆန်လွန်းတဲ့အသွင်မဖြစ်စေဖို့ ရိုးရှင်းတဲ့ တီရှပ်တထည်နဲ့ တွဲဝတ်ပြီး အပေါ်က ဘလေဇာကုတ် (blazer coat) ကောင်းကောင်းတစ်ထည်ပဲ လိုပါတယ်။ ဖိနပ်ကိုတော့ Pump Shoes  (ရုံးဝတ်ထိပ်ပိတ် ရှူးဖိနပ်မနိမ့်မမြင့်) ဒါမှမဟုတ် ကြိုးတွေချည်ပြီး စီးရတဲ့ Lace up shoes တွေနဲ့  တွဲဖက်နိုင်ပါတယ်။

source:for her myanmar

Read 1035 times
Rate this item
(0 votes)