What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသစ္ဆင္ျမန္းျခင္း

ZAWGYI+UNICODE အစမ္း ၀တ္စားဆင္ယင္ျခင္းကုိ အေရးပါတဲ့ အခါသမယ မတုိင္ခင္ မပ်က္မကြက္ လုပ္ေဆာင္ပါ။

အခုေဖာ္ျပမယ့္ ကိစၥရပ္ဟာ အမ်ဳိးသမီးေတြ သာမက အမ်ဳိးေကာင္းသားေတြနဲ႔ သူတုိ႔ရဲ႕ သား သမီးေတြအတြက္ ပုံမွန္အေလ့အထ ျဖစ္သင့္ပါ တယ္။ ပြဲလမ္း အခမ္းအနားေတြမွာ၊ ေက်ာင္း စတက္တဲ့ သူငယ္တန္းမွာ စသျဖင့္ အေရးပါတဲ့ ေတြ႕ဆုံျခင္းေတြမွာ ကုိုယ့္ကုိယ္ကုိယ္ယုံၾကည္ စိတ္ ခ်မႈကုိ စိတ္ထဲ ခံစားမိေစမယ့္ က်င့္ထုံးျဖစ္ပါတယ္။
တစ္ခုေသာ ေႏြရာသီမွာ အရြယ္အစား မေသး ငယ္တဲ့ ဥပေဒအက်ဳိးေဆာင္ လုပ္ငန္းတစ္ခုက ‘ေကာ္ပုိရိတ္ ဂုဏ္ရိပ္’ ဆုိတဲ့အမည္ျဖင့္ ေဟာေျပာ ပြဲတစ္ခု က်င္းပေပးဖုိ႔ ဖိတ္ၾကားပါတယ္။ နားေထာင္ မယ့္ ပရိသတ္ထဲမွာ အဓိကအားျဖင့္ အကူေရွ႕ေန ေတြ၊ စီမံေရးအကူေတြနဲ႔ ေခ်ာက္ခ်ီးေခ်ာက္ခ်က္ ေရွ႕ေနေတြ ပါ၀င္ပါတယ္။ သူတုိ႔လုပ္ငန္းရဲ႕ ထုံးတမ္းဓေလ့ဟာ ေရွး႐ုိးစြဲျဖစ္ေနတာမုိ႔ ကၽြန္မက ေခတ္နဲ႔ဆီေလ်ာ္ ေအာင္ ဘယ္လုိျဖစ္ရမယ္ဆုိတာကုိ ေဟာေျပာပုိ႔ခ်ေပးရမွာ ျဖစ္ပါတယ္။
ကၽြန္မမွာ ‘’ငါ့မွာ အဲဒီပြဲအတြက္ ၀တ္စရာ မရွိဘူး’’ဆုိတဲ့ အမ်ဳိးသမီးတစ္ဦးရဲ႕ အလုိမျပည့္ျခင္း ရွိေနပါတယ္။ ေႏြရာသီျဖစ္လုိ႔ အျမင္ေအးမယ့္အ၀တ္ အစား လုိအပ္ေနတယ္လုိ႔ အေၾကာင္းျပတယ္။ ေစ်း၀ယ္ထြက္ဖုိ႔ အင္မတန္ေကာင္းတဲ့ အေၾကာင္းျပ ခ်က္ ျဖစ္ပါတယ္။ ဆုိင္ေပါင္း တစ္ဒါဇင္မွာ သင့္ ေတာ္မယ့္ ၀တ္စုံကုိ ရွာမေတြ႕ဘူး။ ဒီေတာ့ ကၽြန္မ မတန္တဆ ေဈးႏႈန္းနဲ႔ေရာင္းတဲ့ ေခတ္ဆန္းအ၀တ္ အထည္ဆုိင္တစ္ခုကုိ သြားၾကည့္ပါတယ္။ တကယ္ ၀ယ္ဖုိ႔ေတာ့ စိတ္ကူး မရွိပါဘူး။ အဲဒီဆုိင္က ေဈးေဆာ္တယ္လုိ႔ လူေျပာမ်ားတယ္ေလ။ ဒါေပမဲ့ လူပုံအ႐ုပ္မွာ ကၽြန္မ ႀကိဳက္တဲ့၀တ္စုံတစ္ခု ျပသထားတာကုိ ေတြ႕ပါတယ္။ ေဈးႏႈန္း က ကၽြန္မ ခ်မွတ္ဆုံးျဖတ္ထားတဲ့ အသုံးစရိတ္ သတ္ မွတ္ခ်က္ထက္ ေက်ာ္လြန္ေနပါတယ္။ ဒါေပမဲ့ လုိခ်င္မိပါတယ္။
ေဟာေျပာပြဲအတြက္ အသင့္ေတာ္ ဆုံး အ၀တ္အစားတစ္ခု ျဖစ္ေနတယ္။ စကပ္မွာ ပုိးတြန္႔ အထပ္တြန္႔ပါေနတာဟာ အေတာ္ခံ့ညားေန ပါတယ္။ အေပၚပုိင္းမွာ ၀တ္ဆင္ရမယ့္ ဂ်က္ကက္ အရွည္နဲ႔ လုိက္ဖက္တယ္။ ေဈးႏႈန္းကေတာ့ ေဈး ႀကီးလြန္းေနတယ္။ ဒါေပမဲ့ အဲဒီ၀တ္စုံကုိ ကၽြန္မ အႀကိဳက္လြန္ေနၿပီ။ အစမ္း၀တ္ၿပီး ကုိယ္လုံးေပၚမွန္ ေရွ႕မွာ ကုိယ္ခႏၶာကုိ အမ်ဳိးမ်ဳိး လွည့္ၿပီးေတာ့ ၾကည့္ လုိက္ၿပီးခ်ိန္မွာ ျငင္းပယ္ဖုိ႔ စိတ္ကူး မရွိေတာ့ဘူး။
အိမ္ေရာက္ေရာက္ခ်င္းမွာ အဲဒီ ၀တ္စုံကုိ အ၀တ္ဘီ႐ုိထဲမွာ ဂ႐ုတစုိက္ျဖင့္ ခ်ိတ္ ထားလုိက္တယ္။ ကၽြန္မ ေဟာေျပာမယ့္ေန႔ မတုိင္ ခင္အထိ လက္ျဖင့္ ထိမိတာ မျဖစ္ရေအာင္ ဘီ႐ုိရဲ႕ အတြင္းဘက္ အက်ဆုံးေနရာမွာ ခ်ိတ္ထားလုိက္တာ ျဖစ္ပါတယ္။
ေကာ္ပုိရိတ္ေဟာေျပာပြဲေန႔မွာ ကၽြန္မရဲ႕ စိတ္ လႈပ္ရွားမႈ ျမင့္မားတဲ့ ၀တ္စုံကုိ ဆင္ျမန္းလုိက္ပါ တယ္။ အစီအစဥ္ မစခင္မွာ ကၽြန္မက အမ်ဳိးသမီး နားေနခန္းထဲသြားၿပီး ႏႈတ္ခမ္းေတြကုိ ႏႈတ္ခမ္းနီ ထပ္ဆုိးၿပီး လတ္ဆတ္ေနေအာင္ လုပ္ပါတယ္။ မွန္ ထဲမွာ ကုိယ့္ကုိယ္ကုိယ္ ၾကည့္ၿပီး အားက်႐ႈစား လုိက္ပါေသးတယ္။ ေနာက္ဆုံးအႀကိမ္အျဖစ္ ၾကည့္ လုိက္ၿပီးမွ ပရိသတ္ေတြဆီကုိ ျပန္လာလုိက္ပါတယ္။
ေဟာေျပာမႈ ပထမပုိင္း ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ လွလွပပ စတင္ခဲ့ပါတယ္။ တစ္ဆယ္မိနစ္ေလာက္ ၾကာၿပီးခ်ိန္မွာ ကၽြန္မက ေထာင္ထားတဲ့ ဘုတ္ျပားမွာ ခ်ိတ္ထားတဲ့ ပုံကားခ်ပ္ကုိ တစ္ရြက္ၿပီး တစ္ရြက္ လွန္ကာ ေဟာေျပာပါတယ္။ အဲဒီအတြက္ ပုံကားခ်ပ္ ရွိရာဘက္ကုိ မ်က္ႏွာမူလုိက္ၿပီး ပုံကားခ်ပ္စာရြက္ကုိ လွန္ပါတယ္။ ပရိသတ္ကုိ ေက်ာေပးလ်က္သား ျဖစ္ ေနခ်ိန္မွာ ပရိသတ္ထံမွ အာေမဋိတ္ျပဳသံကုိ ၾကား လုိက္ရတယ္။ အမ်ဳိးသမီးတခ်ဳိ႕ထံမွ တခစ္ခစ္ ရယ္ သံလြင္လြင္ေတြကုိလည္း ၾကားရပါတယ္။ အသံ မက်ယ္ေအာင္ ထိန္းထိန္းသိမ္းသိမ္းျဖင့္ ရယ္ၾကတဲ့ ရယ္သံေတြ ျဖစ္ပါတယ္။ ကၽြန္မ ပရိသတ္ ဘက္ကုိ ျပန္လွည့္ၾကည့္လုိက္တဲ့အခါ ေရွ႕ေနေတြ ေလွာင္ၿပဳံး ၿပဳံးၾကရင္ တစ္ေယာက္ကုိ တစ္ေယာက္ တံေတာင္နဲ႔ တြက္ၿပီး အသိေပးတာကုိ ေတြ႕ရပါတယ္။ ပရိသတ္ က မေအာင့္အည္းႏုိင္ေတာ့ဘဲ ခန္းမတစ္ခုလုံး ရယ္ ေမာသံေတြ ေပၚထြက္လာပါေတာ့တယ္။ တခ်ဳိ႕က ရွက္ကုိးရွက္ကန္း ျဖစ္ရင္း ကၽြန္မကုိ မၾကည့္ေတာ့ဘဲ အၾကည့္လႊဲထားၾကပါ တယ္။
အစီအစဥ္မွဴးက စုိးရိမ္တႀကီး ျဖစ္ေနတဲ့ယုန္ျဖဴ တစ္ေကာင္လုိ မင္းလမ္းတစ္ေလွ်ာက္ ခုန္ေပါက္ ေျပးလႊားၿပီး ကၽြန္မရွိရာ စင္ျမင့္ေပၚကုိ တက္လာပါ တယ္။ ကၽြန္မဆီကုိ သူမ ေရာက္ရွိတဲ့အခါ ေလသံ တုိးတုိးျဖင့္ ေျပာပါတယ္။
‘’လုိင္။ စကပ္က ေျခအိတ္ရွည္ ထိပ္ဖ်ားမွာ ညပ္ေနတယ္’’
ပရိသတ္နည္းတူ ကၽြန္မ အာေမဋိတ္ျပဳမိပါတယ္။
ကၽြန္မ လက္ျဖင့္ ေနာက္ေက်ာဘက္မွာ စကပ္ ကုိ စမ္းလုိက္ေတာ့ စကပ္ညပ္လုိ႔ ေဖာင္းေနတဲ့ ေျခအိတ္ရွည္ကုိ စမ္းမိပါတယ္။ ကၽြန္မ မေပၚအပ္၊ မေဖာ္အပ္တဲ့ ေနရာကုိ ပရိသတ္ဘက္ ျပခဲ့မိပါၿပီ။
ရွက္လုိ႔ ေခါင္းငုံ႕ထားမိတယ္။ ကၽြန္မ ယူလာ တဲ့ မွတ္စုတုိေတြကုိ ငုံ႔ၾကည့္ေနလုိက္တယ္။ လက္ မွာ ေခၽြးေတြ စုိရႊဲေနတာ ေတြ႕ရပါတယ္။
အဲဒီ သင္ခန္းစာကုိ မွ်ေ၀ပါရေစ။

အစမ္း ၀တ္စားဆင္ယင္ျခင္းကုိ အေရးပါတဲ့ အခါသမယ မတုိင္ခင္ မပ်က္မကြက္ လုပ္ေဆာင္ပါ။

အေရးပါတဲ့ ပြဲတစ္ခုကုိ ဘယ္အ၀တ္အစား အသစ္ကုိမွ ဘယ္ေတာ့မွ မ၀တ္ဆင္ပါနဲ႔။ အင္တာ ဗ်ဴး ဗီဒီယုိ႐ုိက္ကူးျခင္း၊ အစည္းအေ၀း၊ ခ်ိန္းေတြ႕ ျခင္း စတာေတြမွာလည္း အ၀တ္အစားအသစ္ကုိ မဆင္ျမန္းပါနဲ႔။ အ၀တ္အစားအသစ္ကုိ ၀တ္ခ်င္ တယ္ဆုိရင္ ေနာက္ကြယ္မွာ ကဲ့ရဲ႕တာ၊ ႀကိတ္ရယ္ တာ မခံခ်င္ရင္ အ၀တ္အစားအသစ္ကုိ အနည္းဆုံး အိ္မ္မွာ တစ္ႀကိမ္ေလာက္ အခ်ိန္ၾကာၾကာ ၀တ္ၿပီးမွ အျပင္မွာ ၀တ္ဆင္ပါ။
ကၽြန္မရဲ႕ ၀တ္စုံသစ္ကုိ ေဟာေျပာပြဲ မတုိင္ ခင္မွာ ကၽြန္မ တစ္ႀကိမ္ ၀တ္ဆင္ထားတယ္ဆုိရင္ပဲ ပုိးသားတြန္႔ အထပ္တြန္႔ဟာ ေပါင္ရင္းအထိ ေရာက္ တဲ့ ေျခအိတ္ရွည္မွာ လာၿငိတတ္တယ္ဆုိတာ ကၽြန္မ ေတြ႕ရွိမွာ ျဖစ္ပါတယ္။ အရွက္တကြဲ ေခၽြးစုိရႊဲရတဲ့ အျဖစ္မွ ေရွာင္ကြင္းႏုိင္မွာျဖစ္ပါတယ္။
အမ်ဳိးသမီးေတြအတြက္သာ မဟုတ္ပါဘူး။
အမ်ဳိးသားေတြအဖုိ႔မွာလည္း စိတ္ခ်ရဖုိ႔နဲ႔စတုိင္ က်ဖုိ႔အတြက္ အသစ္ကုိ ၀တ္စားဆင္ယင္မယ္ဆုိရင္ တကယ့္ပြဲမတုိင္ခင္ အစမ္း၀တ္စားဆင္ယင္ေပးပါ။
အိမ္ေနရင္း အ၀တ္အစားေတြကုိ ၀တ္ဆင္ ထားရင္ စိတ္ထဲ သက္ေသာင့္သက္သာ ရွိတယ္။ ဒီအ၀တ္အစားေတြဟာ ၀တ္ေနက် ျဖစ္ေနလုိ႔ စိတ္ မွာ ေအးခ်မ္းၿငိမ္သက္တယ္။ ၀တ္ဆင္လုိက္တုိင္း စိတ္ထဲ ေပါ့ပါးသြားတဲ့ အရသာကုိ ရတယ္။ ကုိယ္ ခႏၶာရဲ႕ ဒုတိယအေရျပားလုိ ျဖစ္ေနၾကတယ္။ တီရွပ္ က ပြေနတာအတြက္ စိတ္ထဲ ဘာမွ မျဖစ္ဘူး။ ဘာ ျဖစ္လုိ႔လဲဆုိေတာ့ အဲဒီအ၀တ္အစားေတြထဲမွာ သင္ ေနထုိင္အသက္ရွင္ေနတာ ျဖစ္ေနတယ္။
အခု အ၀တ္အစား အသစ္ကုိ ၾကည့္ၾကရ ေအာင္။ အ၀တ္အစား အသစ္ကုိ သင္ အရမ္း သေဘာက်တယ္။ ဒါေပမဲ့ အသားမက်တဲ့အရသာ ကုိ ၀တ္ဆင္ၿပီးၿပီးခ်င္းမွာပဲ ခံစားသိရွိလုိက္တယ္။ အဲဒီအ၀တ္အစား အသစ္ထဲမွာ ေနထုိင္ရွင္သန္ ေနတဲ့ အရသာကုိ မရဘူး။ ဒီေတာ့ စိတ္ထဲ သက္ ေသာင့္သက္သာ မျဖစ္မိဘူး။ စိတ္အုိက္မိပါတယ္။
သင္ ၀တ္စားထားတာကုိ သူတစ္ပါးက ႐ႈျမင္ တဲ့အခါ တေလးတစား ျဖစ္ေစဖုိ႔ဆုိတာ သင္ကုိယ္၌ ကလည္း ၀တ္ဆင္ထားတာကုိ စိတ္ထဲ သက္ေသာင့္ သက္သာ ျဖစ္ေနဖုိ႔ လုိအပ္ပါတယ္။
ဒီေတာ့ ပြဲတက္ အ၀တ္အစားအသစ္ကုိ ခ်ဳိး ေဖာက္ ၀င္ေရာက္လုိက္ပါ။ အိမ္မွာ အရင္၀တ္စား ဆင္ယင္ပါ။ အိမ္ေနရင္း ၀တ္ေနက် အ၀တ္အစား ေတြကုိ ေခတၱ အနားေပးထားလုိက္ပါ။ အ၀တ္အစား အသစ္က်ပ္ခၽြတ္ကုိ ၀တ္စားၿပီး အိမ္မွာ ေနရင္း လုပ္ေနက်ျဖစ္တဲ့ တီဗီၾကည့္ပါ။ ဖုန္းပြတ္ပါ။ အဲဒီ အ၀တ္အစားအသစ္နဲ႔ တစ္ေရးအိပ္ပါ။ တြန္႔ေၾက တာကုိ မပူပန္ပါနဲ႔။ တစ္ေရေလွ်ာ္ရဦးမယ္ေလ။
ပြဲတက္တဲ့ေန႔မွာ အ၀တ္အစား အသစ္၀တ္ ထားရလုိ႔ ေတာင့္ေတာင့္ႀကီး ျဖစ္မေနေတာ့ဘူး။ စိတ္အုိက္မေနေတာ့ဘူးဆုိရင္ ၀တ္စားတင္ယင္ထား တဲ့ အ၀တ္အစားေၾကာင့္ ခြန္အားတစ္မ်ဳိး ရရွိပါလိမ့္ မယ္။

 

UNICODE

အသစ်ဆင်မြန်းခြင်း
=================
အစမ်း ဝတ်စားဆင်ယင်ခြင်းကို အရေးပါတဲ့ အခါသမယ မတိုင်ခင် မပျက်မကွက် လုပ်ဆောင်ပါ။

အခုဖော်ပြမယ့် ကိစ္စရပ်ဟာ အမျိုးသမီးတွေ သာမက အမျိုးကောင်းသားတွေနဲ့ သူတို့ရဲ့ သား သမီးတွေအတွက် ပုံမှန်အလေ့အထ ဖြစ်သင့်ပါ တယ်။ ပွဲလမ်း အခမ်းအနားတွေမှာ၊ ကျောင်း စတက်တဲ့ သူငယ်တန်းမှာ စသဖြင့် အရေးပါတဲ့ တွေ့ဆုံခြင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် စိတ် ချမှုကို စိတ်ထဲ ခံစားမိစေမယ့် ကျင့်ထုံးဖြစ်ပါတယ်။
တစ်ခုသော နွေရာသီမှာ အရွယ်အစား မသေး ငယ်တဲ့ ဥပဒေအကျိုးဆောင် လုပ်ငန်းတစ်ခုက ‘ကော်ပိုရိတ် ဂုဏ်ရိပ်’ ဆိုတဲ့အမည်ဖြင့် ဟောပြော ပွဲတစ်ခု ကျင်းပပေးဖို့ ဖိတ်ကြားပါတယ်။ နားထောင် မယ့် ပရိသတ်ထဲမှာ အဓိကအားဖြင့် အကူရှေ့နေ တွေ၊ စီမံရေးအကူတွေနဲ့ ချောက်ချီးချောက်ချက် ရှေ့နေတွေ ပါဝင်ပါတယ်။ သူတို့လုပ်ငန်းရဲ့ ထုံးတမ်းဓလေ့ဟာ ရှေးရိုးစွဲဖြစ်နေတာမို့ ကျွန်မက ခေတ်နဲ့ဆီလျော် အောင် ဘယ်လိုဖြစ်ရမယ်ဆိုတာကို ဟောပြောပို့ချပေးရမှာ ဖြစ်ပါတယ်။
ကျွန်မမှာ ‘’ငါ့မှာ အဲဒီပွဲအတွက် ဝတ်စရာ မရှိဘူး’’ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလိုမပြည့်ခြင်း ရှိနေပါတယ်။ နွေရာသီဖြစ်လို့ အမြင်အေးမယ့်အဝတ် အစား လိုအပ်နေတယ်လို့ အကြောင်းပြတယ်။ ဈေးဝယ်ထွက်ဖို့ အင်မတန်ကောင်းတဲ့ အကြောင်းပြ ချက် ဖြစ်ပါတယ်။ ဆိုင်ပေါင်း တစ်ဒါဇင်မှာ သင့် တော်မယ့် ဝတ်စုံကို ရှာမတွေ့ဘူး။ ဒီတော့ ကျွန်မ မတန်တဆ ဈေးနှုန်းနဲ့ရောင်းတဲ့ ခေတ်ဆန်းအဝတ် အထည်ဆိုင်တစ်ခုကို သွားကြည့်ပါတယ်။ တကယ် ဝယ်ဖို့တော့ စိတ်ကူး မရှိပါဘူး။ အဲဒီဆိုင်က ဈေးဆော်တယ်လို့ လူပြောများတယ်လေ။ ဒါပေမဲ့ လူပုံအရုပ်မှာ ကျွန်မ ကြိုက်တဲ့ဝတ်စုံတစ်ခု ပြသထားတာကို တွေ့ပါတယ်။ ဈေးနှုန်း က ကျွန်မ ချမှတ်ဆုံးဖြတ်ထားတဲ့ အသုံးစရိတ် သတ် မှတ်ချက်ထက် ကျော်လွန်နေပါတယ်။ ဒါပေမဲ့ လိုချင်မိပါတယ်။
ဟောပြောပွဲအတွက် အသင့်တော် ဆုံး အဝတ်အစားတစ်ခု ဖြစ်နေတယ်။ စကပ်မှာ ပိုးတွန့် အထပ်တွန့်ပါနေတာဟာ အတော်ခံ့ညားနေ ပါတယ်။ အပေါ်ပိုင်းမှာ ဝတ်ဆင်ရမယ့် ဂျက်ကက် အရှည်နဲ့ လိုက်ဖက်တယ်။ ဈေးနှုန်းကတော့ ဈေး ကြီးလွန်းနေတယ်။ ဒါပေမဲ့ အဲဒီဝတ်စုံကို ကျွန်မ အကြိုက်လွန်နပြေီ။ အစမ်းဝတ်ပြီး ကိုယ်လုံးပေါ်မှန် ရှေ့မှာ ကိုယ်ခန္ဓာကို အမျိုးမျိုး လှည့်ပြီးတော့ ကြည့် လိုက်ပြီးချိန်မှာ ငြင်းပယ်ဖို့ စိတ်ကူး မရှိတော့ဘူး။
အိမ်ရောက်ရောက်ချင်းမှာ အဲဒီ ဝတ်စုံကို အဝတ်ဘီရိုထဲမှာ ဂရုတစိုက်ဖြင့် ချိတ် ထားလိုက်တယ်။ ကျွန်မ ဟောပြောမယ့်နေ့ မတိုင် ခင်အထိ လက်ဖြင့် ထိမိတာ မဖြစ်ရအောင် ဘီရိုရဲ့ အတွင်းဘက် အကျဆုံးနေရာမှာ ချိတ်ထားလိုက်တာ ဖြစ်ပါတယ်။
ကော်ပိုရိတ်ဟောပြောပွဲနေ့မှာ ကျွန်မရဲ့ စိတ် လှုပ်ရှားမှု မြင့်မားတဲ့ ဝတ်စုံကို ဆင်မြန်းလိုက်ပါ တယ်။ အစီအစဉ် မစခင်မှာ ကျွန်မက အမျိုးသမီး နားနေခန်းထဲသွားပြီး နှုတ်ခမ်းတွေကို နှုတ်ခမ်းနီ ထပ်ဆိုးပြီး လတ်ဆတ်နေအောင် လုပ်ပါတယ်။ မှန် ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး အားကျရှုစား လိုက်ပါသေးတယ်။ နောက်ဆုံးအကြိမ်အဖြစ် ကြည့် လိုက်ပြီးမှ ပရိသတ်တွေဆီကို ပြန်လာလိုက်ပါတယ်။
ဟောပြောမှု ပထမပိုင်း ချောချောမွေ့မွေ့နဲ့ လှလှပပ စတင်ခဲ့ပါတယ်။ တစ်ဆယ်မိနစ်လောက် ကြာပြီးချိန်မှာ ကျွန်မက ထောင်ထားတဲ့ ဘုတ်ပြားမှာ ချိတ်ထားတဲ့ ပုံကားချပ်ကို တစ်ရွက်ပြီး တစ်ရွက် လှန်ကာ ဟောပြောပါတယ်။ အဲဒီအတွက် ပုံကားချပ် ရှိရာဘက်ကို မျက်နှာမူလိုက်ပြီး ပုံကားချပ်စာရွက်ကို လှန်ပါတယ်။ ပရိသတ်ကို ကျောပေးလျက်သား ဖြစ် နေချိန်မှာ ပရိသတ်ထံမှ အာမေဋိတ်ပြုသံကို ကြား လိုက်ရတယ်။ အမျိုးသမီးတချို့ထံမှ တခစ်ခစ် ရယ် သံလွင်လွင်တွေကိုလည်း ကြားရပါတယ်။ အသံ မကျယ်အောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ရယ်ကြတဲ့ ရယ်သံတွေ ဖြစ်ပါတယ်။ ကျွန်မ ပရိသတ် ဘက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ရှေ့နေတွေ လှောင်ပြုံး ပြုံးကြရင် တစ်ယောက်ကို တစ်ယောက် တံတောင်နဲ့ တွက်ပြီး အသိပေးတာကို တွေ့ရပါတယ်။ ပရိသတ် က မအောင့်အည်းနိုင်တော့ဘဲ ခန်းမတစ်ခုလုံး ရယ် မောသံတွေ ပေါ်ထွက်လာပါတော့တယ်။ တချို့က ရှက်ကိုးရှက်ကန်း ဖြစ်ရင်း ကျွန်မကို မကြည့်တော့ဘဲ အကြည့်လွှဲထားကြပါ တယ်။
အစီအစဉ်မှူးက စိုးရိမ်တကြီး ဖြစ်နေတဲ့ယုန်ဖြူ တစ်ကောင်လို မင်းလမ်းတစ်လျှောက် ခုန်ပေါက် ပြေးလွှားပြီး ကျွန်မရှိရာ စင်မြင့်ပေါ်ကို တက်လာပါ တယ်။ ကျွန်မဆီကို သူမ ရောက်ရှိတဲ့အခါ လေသံ တိုးတိုးဖြင့် ပြောပါတယ်။
‘’လိုင်။ စကပ်က ခြေအိတ်ရှည် ထိပ်ဖျားမှာ ညပ်နေတယ်’’
ပရိသတ်နည်းတူ ကျွန်မ အာမေဋိတ်ပြုမိပါတယ်။
ကျွန်မ လက်ဖြင့် နောက်ကျောဘက်မှာ စကပ် ကို စမ်းလိုက်တော့ စကပ်ညပ်လို့ ဖောင်းနေတဲ့ ခြေအိတ်ရှည်ကို စမ်းမိပါတယ်။ ကျွန်မ မပေါ်အပ်၊ မဖော်အပ်တဲ့ နေရာကို ပရိသတ်ဘက် ပြခဲ့မိပါပြီ။
ရှက်လို့ ခေါင်းငုံ့ထားမိတယ်။ ကျွန်မ ယူလာ တဲ့ မှတ်စုတိုတွေကို ငုံ့ကြည့်နေလိုက်တယ်။ လက် မှာ ချွေးတွေ စိုရွှဲနေတာ တွေ့ရပါတယ်။
အဲဒီ သင်ခန်းစာကို မျှေဝပါရစေ။

အစမ်း ဝတ်စားဆင်ယင်ခြင်းကို အရေးပါတဲ့ အခါသမယ မတိုင်ခင် မပျက်မကွက် လုပ်ဆောင်ပါ။

အရေးပါတဲ့ ပွဲတစ်ခုကို ဘယ်အဝတ်အစား အသစ်ကိုမှ ဘယ်တော့မှ မဝတ်ဆင်ပါနဲ့။ အင်တာ ဗျူး ဗီဒီယိုရိုက်ကူးခြင်း၊ အစည်းအေဝး၊ ချိန်းတွေ့ ခြင်း စတာတွေမှာလည်း အဝတ်အစားအသစ်ကို မဆင်မြန်းပါနဲ့။ အဝတ်အစားအသစ်ကို ဝတ်ချင် တယ်ဆိုရင် နောက်ကွယ်မှာ ကဲ့ရဲ့တာ၊ ကြိတ်ရယ် တာ မခံချင်ရင် အဝတ်အစားအသစ်ကို အနည်းဆုံး အိ်မ်မှာ တစ်ကြိမ်လောက် အချိန်ကြာကြာ ဝတ်ပြီးမှ အပြင်မှာ ဝတ်ဆင်ပါ။
ကျွန်မရဲ့ ဝတ်စုံသစ်ကို ဟောပြောပွဲ မတိုင် ခင်မှာ ကျွန်မ တစ်ကြိမ် ဝတ်ဆင်ထားတယ်ဆိုရင်ပဲ ပိုးသားတွန့် အထပ်တွန့်ဟာ ပေါင်ရင်းအထိ ရောက် တဲ့ ခြေအိတ်ရှည်မှာ လာငြိတတ်တယ်ဆိုတာ ကျွန်မ တွေ့ရှိမှာ ဖြစ်ပါတယ်။ အရှက်တကွဲ ချွေးစိုရွှဲရတဲ့ အဖြစ်မှ ရှောင်ကွင်းနိုင်မှာဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက်သာ မဟုတ်ပါဘူး။
အမျိုးသားတွေအဖို့မှာလည်း စိတ်ချရဖို့နဲ့စတိုင် ကျဖို့အတွက် အသစ်ကို ဝတ်စားဆင်ယင်မယ်ဆိုရင် တကယ့်ပွဲမတိုင်ခင် အစမ်းဝတ်စားဆင်ယင်ပေးပါ။
အိမ်နေရင်း အဝတ်အစားတွေကို ဝတ်ဆင် ထားရင် စိတ်ထဲ သက်သောင့်သက်သာ ရှိတယ်။ ဒီအဝတ်အစားတွေဟာ ဝတ်နေကျ ဖြစ်နေလို့ စိတ် မှာ အေးချမ်းငြိမ်သက်တယ်။ ဝတ်ဆင်လိုက်တိုင်း စိတ်ထဲ ပေါ့ပါးသွားတဲ့ အရသာကို ရတယ်။ ကိုယ် ခန္ဓာရဲ့ ဒုတိယအရပြေားလို ဖြစ်နကြေတယ်။ တီရှပ် က ပွနေတာအတွက် စိတ်ထဲ ဘာမှ မဖြစ်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီအဝတ်အစားတွေထဲမှာ သင် နေထိုင်အသက်ရှင်နေတာ ဖြစ်နေတယ်။
အခု အဝတ်အစား အသစ်ကို ကြည့်ကြရ အောင်။ အဝတ်အစား အသစ်ကို သင် အရမ်း သဘောကျတယ်။ ဒါပေမဲ့ အသားမကျတဲ့အရသာ ကို ဝတ်ဆင်ပြီးပြီးချင်းမှာပဲ ခံစားသိရှိလိုက်တယ်။ အဲဒီအဝတ်အစား အသစ်ထဲမှာ နေထိုင်ရှင်သန် နေတဲ့ အရသာကို မရဘူး။ ဒီတော့ စိတ်ထဲ သက် သောင့်သက်သာ မဖြစ်မိဘူး။ စိတ်အိုက်မိပါတယ်။
သင် ဝတ်စားထားတာကို သူတစ်ပါးက ရှုမြင် တဲ့အခါ တလေးတစား ဖြစ်စေဖို့ဆိုတာ သင်ကိုယ်၌ ကလည်း ဝတ်ဆင်ထားတာကို စိတ်ထဲ သက်သောင့် သက်သာ ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒီတော့ ပွဲတက် အဝတ်အစားအသစ်ကို ချိုး ဖောက် ဝင်ရောက်လိုက်ပါ။ အိမ်မှာ အရင်ဝတ်စား ဆင်ယင်ပါ။ အိမ်နေရင်း ဝတ်နေကျ အဝတ်အစား တွေကို ခေတ္တ အနားပေးထားလိုက်ပါ။ အဝတ်အစား အသစ်ကျပ်ချွတ်ကို ဝတ်စားပြီး အိမ်မှာ နေရင်း လုပ်နေကျဖြစ်တဲ့ တီဗီကြည့်ပါ။ ဖုန်းပွတ်ပါ။ အဲဒီ အဝတ်အစားအသစ်နဲ့ တစ်ရေးအိပ်ပါ။ တွန့်ကြေ တာကို မပူပန်ပါနဲ့။ တစ်ရေလျှော်ရဦးမယ်လေ။
ပွဲတက်တဲ့နေ့မှာ အဝတ်အစား အသစ်ဝတ် ထားရလို့ တောင့်တောင့်ကြီး ဖြစ်မနေတော့ဘူး။ စိတ်အိုက်မနေတော့ဘူးဆိုရင် ဝတ်စားတင်ယင်ထား တဲ့ အဝတ်အစားကြောင့် ခွန်အားတစ်မျိုး ရရှိပါလိမ့် မယ်။

Read 1054 times
Rate this item
(0 votes)