What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိပ္တန္း(၅)ဖက္ရွင္လုပ္ငန္းႀကီးမ်ား

ZAWGYI+ UNICODE

၂၀၁၆ ခုႏွစ္ ၀င္ေငြအရ တန္းစီလုိ္က္ေသာအခါ ရရွိလာသည့္ ထိပ္တန္း အသြက္ဖက္ရွင္လုပ္ငန္းႀကီးမ်ားမွာ ေအာက္ေဖာ္ျပပါအတုိင္း ျဖစ္သည္။ 

ထူးျခားခ်က္မွာ ထိပ္တန္းလုပ္ငန္းမ်ားသည္ မိသားစုပို္င္လုပ္ငန္းမ်ား ျဖစ္သည္။ အသြက္ဖက္ရွင္ Fast Fashion သည္ အသြက္ဖက္ရွင္လုပ္ငန္းတုိ႔သည္ စကၠဴျဖင့္ ပုံထုတ္သည္မွ အ၀တ္အစားမ်ား လက္လီအထည္ဆုိင္မ်ားသုိ႔ ေရာက္သည္အထိ ႏွစ္ပတ္အတြင္း အၿပီးအစီး လုပ္ကုိင္ၾကရေပရာ မည္သည့္ ဒီဇုိင္းေရွ႕ေဆာင္ဖက္ရွင္တုိ႔ကုိ ထုတ္လုပ္မည္ ဆုိသည္ကုိ ျမန္ျမန္ဆန္ဆန္ ဆုံးျဖတ္ခ်က္ခ်ရေပရာ မိသားစု လုပ္ငန္းမ်ားအေနျဖင့္ မိမိသေဘာျဖင့္ တစ္ထုိင္တည္း ဆုံးျဖတ္ေပး၍ရေသာ အားသာခ်က္ ရွိေနေပသည္။

5 beanpole

နံပတ္ ၅။ Cheil industries
●ႏုိင္ငံ။ ေတာင္ကုိရီးယား
●၀င္ေငြ။ ကန္ေဒၚလာ ၁၁.၉ ဘီလ်ံ
● ပုိင္ဆုိင္မႈ။ လီ မိသားစု


Cheil industries သည္ ေတာင္ကုိရီးယား အေျခစုိက္ အသြက္ဖက္ရွင္ ကုမၸဏီျဖစ္ၿပီး ၁၉၅၄ ခုႏွစ္တြင္ ထူေထာင္သည္။ အထည္အလိပ္ ထုတ္လုပ္သည့္လုပ္ငန္းအျဖစ္ စတင္ခဲ့ၿပီး ၁၉၈၉ ခုႏွစ္တြင္ ဖက္ရွင္နယ္ပယ္ထဲသုိ႔ စတင္ေျခခ်သည္။ အ၀တ္အထည္ႏွင့္ မပတ္သက္သည့္ လုပ္ငန္းမ်ားျဖစ္သည့္ ဓာတုပစၥည္းႏွင့္ အီလက္ထရြန္နစ္ပစၥည္းမ်ားကုိလည္း လုပ္ကုိင္သည္။ ဖက္ရွင္လုပ္ငန္း အစိတ္အပုိင္းသည္ ကမ႓ာ့ဦးေဆာင္ ဖက္ရွင္လုပ္ငန္းမ်ားတြင္ အပါအ၀င္ျဖစ္သည္။
ယခုအခါ Bean Pole International ၊ 10 Corso Como ႏွင့္ 8seconds အပါအ၀င္ ဖက္ရွင္brand မ်ားကုိ လုပ္ကုိင္လ်က္ရွိသည္။ ၀န္ထမ္းဦးေရ ၃၇၀၀ ဦးေက်ာ္ ရွိၿပီး ၿပီးခဲ့သည့္ႏွစ္တြင္ ၀င္ေငြ ကန္ေဒၚလာ ၁၁.၉ ဘီလ်ံေက်ာ္ ရွိခဲ့သည္။

4 gap
နံပတ္ ၄။ The Gap
●ႏုိင္ငံ။ အေမရိကန္ျပည္ေထာင္စု
●၀င္ေငြ။ ကန္ေဒၚလာ ၁၅.၈ ဘီလ်ံ
● ပုိင္ဆုိင္မႈ။ ဖစ္ရွာ မိသားစု

Gap ကုိ ၁၉၆၉ ခုႏွစ္တြင္ ေဒါရစ္ႏွင့္ ေဒါနယ္ ဖစ္ရွာတုိ႔လင္မယားက ကန္ေဒၚလာ ၆၃၀၀၀ ရင္းႏွီးျမႇဳပ္ႏွံကာ စတင္ခဲ့သည္။ ႏွစ္ႏွစ္အတြင္းမွာ ေရာင္းအား ကန္ဒၚလာ ၂ သန္းအထိ ေရာက္ရွိသြားသည္။ ဖစ္ရွာမိသားစု၏ ဦးစီးမႈေအာက္တြင္ Gap ဆက္လက္ႀကီးထြားသည့္အျပင္ ပုိမုိက်ယ္ျပန္႔သြားသည္။ ယခုအခါ Gap, Banana Republic, Old Navy, Athleta ႏွင့္ Intermix အမွတ္တံဆိပ္မ်ားကုိ လုပ္ကုိင္ေနသည္။ စတုိးဆုိင္ေပါင္း ၃၃၀၀ ေက်ာ္ကုိ ႏုိင္ငံေပါင္း ၉၀ ေက်ာ္တြင္ လုပ္ကုိင္ေနသည္။ ၎၏ အမွတ္တံဆိပ္မ်ား ျဖစ္ေသာ Old Navy ႏွင့္ Banana Republic တုိ႔အတြက္ ခ်ဳပ္ထည္မ်ားကုိ ျမန္မာႏုိင္ငံရွိ ေတာင္ကုိရီးယားလုပ္ငန္းရွင္ ပုိင္ဆုိင္ေသာ အထည္ခ်ဳပ္ စက္႐ုံတြင္ ခ်ဳပ္လုပ္သည္။ ယခုအခါ ဖစ္ရွာမိသားစုသည္ ကုမၸဏီကုိ ဦးေဆာင္မႈ မျပဳေတာ့ေသာလည္း Gap ၏ အစုရွယ္ယာ ၄၃% ကုိ ပုိင္ဆိုင္ထားသည္။

3 uniqlo

နံပတ္ ၃။ Fast Retailing Co.
●ႏုိင္ငံ။ ဂ်ပန္
●၀င္ေငြ။ ကန္ေဒၚလာ ၁၇.၃၁ ဘီလ်ံ
● ပုိင္ဆုိင္မႈ။ ယနိယာ မိသားစု

Fast retailing Co. ၏ လူသိမ်ားသည့္ brand မွာ UNIQLO ျဖစ္သည္။ အပ္ခ်ဳပ္ဆရာ ဟိတုိရွီ ယနိယာသည္ လမ္းေဘးတြင္ အပ္ခ်ဳပ္ဆုိင္ ဖြင့္လွစ္လုပ္ကုိင္ရာမွ အစျပဳခဲ့ေသာ လုပ္ငန္း ျဖစ္သည္။ ထုိ႔ေနာက္ အမ်ဳိးသားမ်ားအတြက္ အ၀တ္အစားမ်ား ေရာင္းခ်သည့္ ဆုိင္မ်ားကုိ ဖြင္လွစ္လုပ္ကုိင္ခဲ့ရာမွ ႀကီးပြားသြားခဲ့ၿပီး ႀကီးထြားႏႈန္း အျမန္ဆုံးလုပ္ငန္း အျဖစ္သုိ႔ ေရာက္ရွိသည္။ Fast Retailing Co သည္ ဖက္ရွင္လုပ္ငန္းကုိလည္း လုပ္ကုိင္ခဲ့ရာ ႏုိင္ငံတကာ ဖက္ရွင္ေလာကတြင္ ဦးေဆာင္သည့္လုပ္ငန္းမ်ားတြင္ တစ္ခုအပါအ၀င္ ျဖစ္သည္။

2 hm

နံပတ္ ၂။ H&M
●ႏုိင္ငံ။ ဆြီဒင္
●၀င္ေငြ။ ကန္ေဒၚလာ ၂၁.၇၃ ဘီလ်ံ
● ပုိင္ဆုိင္မႈ။ ပါစန္ မိသားစု
H&M သည္ ျမန္မာႏုိင္ငံတြင္ အလုပ္အပ္ႏွံခ်ဳပ္လုပ္သည့္ ဥေရာပ ဖက္ရွင္လုပ္ငန္းႀကီး တစ္ခု ျဖစ္သည္။ ယခုအခါ ကမၻာ့ ဒုတိယအႀကီးဆုံး ဖက္ရွင္ထည့္လုပ္ငန္း ျဖစ္သည္။ ၁၉၄၇ ခုႏွစ္တြင္ ထူေထာင္ခဲ့ၿပီး အမ်ဳိးသမီး အ၀တ္အထည္မ်ားကုိ လုပ္ကုိင္ခဲ့သည္။ ထုိ႔ေနာက္ အမ်ဳိးသား အ၀တ္အထည္မ်ားကုိပါ တုိးခ်ဲ႕လုပ္ကုိင္ရန္ အမ်ဳိးသား အ၀တ္အစား ထုတ္လုပ္သည့္ Mauritz Widforss ကုိ ၀ယ္ယူခဲ့သည္။ သုိ႔ျဖစ္ရာ လုပ္ငန္းအမည္ကုိ Hennes & Mauritz ဟု ေျပာင္းလဲေခၚေ၀ၚခဲ့သည္။ ထုိ႔ေနာက္ အတုိေကာက္အားျဖင့္ H&M ဟု အေခၚရလြယ္ကူေစရန္ ေျပာင္းလဲခဲ့ၿပီး ႏုိင္ငံတကာ ေဈးကြက္ထဲ ေနရာ၀င္ယူသည္။ H&M, COS, Weekday, Cheap Monday, ႏွင့္ Monki အမွတ္တံဆိပ္မ်ားကုိ လုပ္ကုိင္လ်က္ ရွိသည္။ ႏုိင္ငံေပါင္း ၅၄ ႏုိင္ငံတြင္ စတုိးဆုိင္ ၄၃၀၀ ေက်ာ္ ဖြင့္လွစ္ထားသည္။ ပါစန္ မိသားစုမွ ကုမၸဏီကုိ ဆက္လက္ဦးစီးၿပီး လုပ္ကုိင္လ်က္ ရွိ္သည္။ အစုရွယ္ယာ ၃၀% ပုိင္ဆုိင္ထားၿပီး မဲေပးပုိင္ခြင္ ၆၀% ကုိ ပါစန္မိသားစုက ရယူထားၿပီး ကုမၸဏီကုိ ထိန္းခ်ဳပ္ထားသည္။

1 zara

နံပတ္ ၁။ Inditex
●ႏုိင္ငံ။ စပိန္
●၀င္ေငြ။ ကန္ေဒၚလာ ၂၃.၂၇ ဘီလ်ံ
● ပုိင္ဆုိင္မႈ။ ေအာ္တီဂါ မိသားစု

Inditex အမည္ကုိ လူသိနည္းေသာ္လည္း ၎၏ brand တစ္ခု ျဖစ္သည့္ Zara ကုိ လူသိအလြန္မ်ားသည္။ ကမၻာေပၚတြင္ အႀကီးမားဆုံး ဖက္ရွင္လုပ္ငန္းစုႀကီး ျဖစ္သည္။ ၁၉၇၅ ခုႏွစ္တြင္ ေအာ္တီဂါတုိ႔ လင္မယားသည္ အ၀တ္အစား ေရာင္းခ်သည့္ လက္လီဆုိင္ငယ္တစ္ခု ဖြင့္ျခင္းမွ စတင္ခဲ့သည္။ ဆုိင္၏ မူလအမည္မွာ Zorba ျဖစ္သည္။ သုိ႔ေသာ္ အမည္တူ လုပ္ငန္း ရွိေနေၾကာင္း သိရသည့္အခါ ဆုိင္အမည္ကုိ Zara ဟု ေျပာင္းလဲလုိက္ရသည္။ ဖက္ရွင္ထည္ ေလာကထဲသုိ႔ ၀င္ေရာက္လုပ္ကုိင္ရာ၌ ပုံစံသစ္ကုိ ဆန္းသစ္တီထြင္ၿပီး လုပ္ကုိင္သည္။ ဒီဇုိင္းထုတ္ျခင္း၊ အထည္ထုတ္လုပ္ျခင္းႏွင့္ လက္လီဆုိင္မ်ားသုိ႔ ေရာက္ရွိျခင္းတုိ႔အၾကား ၾကာျမင့္သည့္အခ်ိန္ကာလကုိ တုိေတာင္းေအာင္ လုပ္ကုိင္သည့္ ပုံစံသစ္ျဖင့္ ခ်ီတက္သည္။ ျမန္ဆန္မႈ ရရွိရန္ ကြန္ပ်ဴတာစနစ္ကုိ သုံးစြဲေစသည္။ ဤသည့္ျဖင့္ ဖက္ရွင္ထည္ေလာကတြင္ အသြက္ဖက္ရွင္ ေတာ္လွန္ေျပာင္းလဲမႈ စတင္ခဲ့သည္။ နယူးေယာက္၊ မီလန္၊ ပါရီတုိ႔မွ နာမည္ႀကီး ဖက္ရွင္ပြဲမ်ားတြင္ လူႀကိဳက္မ်ားသည့္ ေနာက္ဆုံးေပၚဖက္ရွင္မ်ားကုိ ဆင္တူ႐ုိးမွား တုပၿပီး ျမန္ျမန္သြက္သြက္ လုပ္ကုိင္ထုတ္လုပ္ကာ ကမၻာတစ္လႊားရွိ ဇာရာ ဖက္ရွင္မ်ားသုိ႔ ၁၅ ရက္အၾကာတြင္ ဆုိင္ေပၚ အေရာက္ ျဖစ္ေနေအာင္ စီမံလုပ္ကုိင္သည္။ ၉၁ ႏုိင္ငံတြင္ ဆုိင္ေပါင္း ၇၀၀၀ ေက်ာ္ ရွိသည္။ Zara Home, Massimo Dutti, Bershka, Oysho, Pull and Bear, Stradivarius ႏွင့္ Uterqüe အမွတ္တံဆိပ္မ်ားကုိ လုပ္ကုိင္လ်က္ ရွိသည္။
Inditex ကုိ ပုိင္ဆုိင္ေသာ ေအာ္တီဂါသည္ ယခုအခါ ကမၻာ့အခ်မ္းသာဆုံးပုဂိၢဳလ္အျဖစ္သုိ႔ ေရာက္ရွိေနၿပီျဖစ္သည္။

အသြက္ဖက္ရွင္ Fast Fashion ဆုိတာ ဘာလဲ

 

ကမ႓ာ့ေပၚမွာ အခ်မ္းသာဆုံးပုဂိၢဳလ္ Zara ပုိင္ရွင္

 

UNICODE

ထိပ်တန်း(၅)ဖက်ရှင်လုပ်ငန်းကြီးများ

====================

၂၀၁၆ ခုနှစ် ဝင်ငွေအရ တန်းစီလို်က်သောအခါ ရရှိလာသည့် ထိပ်တန်း အသွက်ဖက်ရှင်လုပ်ငန်းကြီးများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

ထူးခြားချက်မှာ ထိပ်တန်းလုပ်ငန်းများသည် မိသားစုပို်င်လုပ်ငန်းများ ဖြစ်သည်။ အသွက်ဖက်ရှင် Fast Fashion သည် အသွက်ဖက်ရှင်လုပ်ငန်းတို့သည် စက္ကူဖြင့် ပုံထုတ်သည်မှ အဝတ်အစားများ လက်လီအထည်ဆိုင်များသို့ ရောက်သည်အထိ နှစ်ပတ်အတွင်း အပြီးအစီး လုပ်ကိုင်ကြရပေရာ မည်သည့် ဒီဇိုင်းရှေ့ဆောင်ဖက်ရှင်တို့ကို ထုတ်လုပ်မည် ဆိုသည်ကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရပေရာ မိသားစု လုပ်ငန်းများအနဖြေင့် မိမိသဘောဖြင့် တစ်ထိုင်တည်း ဆုံးဖြတ်ပေး၍ရသော အားသာချက် ရှိနေပေသည်။

နံပတ် ၅။ Cheil industries

နိုင်ငံ။ တောင်ကိုရီးယား

ဝင်ငွေ။ ကန်ဒေါ်လာ ၁၁.၉ ဘီလျံ

ပိုင်ဆိုင်မှု။ လီ မိသားစု

Cheil industries သည် တောင်ကိုရီးယား အခြေစိုက် အသွက်ဖက်ရှင် ကုမ္ပဏီဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် ထူထောင်သည်။ အထည်အလိပ် ထုတ်လုပ်သည့်လုပ်ငန်းအဖြစ် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဖက်ရှင်နယ်ပယ်ထဲသို့ စတင်ခြေချသည်။ အဝတ်အထည်နှင့် မပတ်သက်သည့် လုပ်ငန်းများဖြစ်သည့် ဓာတုပစ္စည်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများကိုလည်း လုပ်ကိုင်သည်။ ဖက်ရှင်လုပ်ငန်း အစိတ်အပိုင်းသည် ကမ္ဘာ့ဦးဆောင် ဖက်ရှင်လုပ်ငန်းများတွင် အပါအဝင်ဖြစ်သည်။

ယခုအခါ Bean Pole International၊ 10 Corso Como နှင့် 8seconds အပါအဝင် ဖက်ရှင်brand များကို လုပ်ကိုင်လျက်ရှိသည်။ ဝန်ထမ်းဦးရေ ၃၇၀၀ ဦးကျော် ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၁၁.၉ ဘီလျံကျော် ရှိခဲ့သည်။

နံပတ် ၄။ The Gap

နိုင်ငံ။ အမေရိကန်ပြည်ထောင်စု

ဝင်ငွေ။ ကန်ဒေါ်လာ ၁၅.၈ ဘီလျံ

ပိုင်ဆိုင်မှု။ ဖစ်ရှာ မိသားစု

Gap ကို ၁၉၆၉ ခုနှစ်တွင် ဒေါရစ်နှင့် ဒေါနယ် ဖစ်ရှာတို့လင်မယားက ကန်ဒေါ်လာ ၆၃၀၀၀ ရင်းနှီးမြှုပ်နှံကာ စတင်ခဲ့သည်။ နှစ်နှစ်အတွင်းမှာ ရောင်းအား ကန်ဒါ်လာ ၂ သန်းအထိ ရောက်ရှိသွားသည်။ ဖစ်ရှာမိသားစု၏ ဦးစီးမှုအောက်တွင် Gap ဆက်လက်ကြီးထွားသည့်အပြင် ပိုမိုကျယ်ပြန့်သွားသည်။ ယခုအခါ Gap, Banana Republic, Old Navy, Athleta နှင့် Intermix အမှတ်တံဆိပ်များကို လုပ်ကိုင်နေသည်။ စတိုးဆိုင်ပေါင်း ၃၃၀၀ ကျော်ကို နိုင်ငံပေါင်း ၉၀ ကျော်တွင် လုပ်ကိုင်နေသည်။၎င်း၏ အမှတ်တံဆိပ်များ ဖြစ်သော Old Navy နှင့် Banana Republic တို့အတွက် ချုပ်ထည်များကို မြန်မာနိုင်ငံရှိ တောင်ကိုရီးယားလုပ်ငန်းရှင် ပိုင်ဆိုင်သော အထည်ချုပ် စက်ရုံတွင် ချုပ်လုပ်သည်။ ယခုအခါ ဖစ်ရှာမိသားစုသည် ကုမ္ပဏီကို ဦးဆောင်မှု မပြုတော့သောလည်း Gap၏ အစုရှယ်ယာ ၄၃% ကို ပိုင်ဆိုင်ထားသည်။

နံပတ် ၃။ Fast Retailing Co.

နိုင်ငံ။ ဂျပန်

ဝင်ငွေ။ ကန်ဒေါ်လာ ၁၇.၃၁ ဘီလျံ

ပိုင်ဆိုင်မှု။ ယနိယာ မိသားစု

Fast retailing Co.၏ လူသိများသည့် brand မှာ UNIQLO ဖြစ်သည်။ အပ်ချုပ်ဆရာ ဟိတိုရှီ ယနိယာသည် လမ်းဘေးတွင် အပ်ချုပ်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ရာမှ အစပြုခဲ့သော လုပ်ငန်း ဖြစ်သည်။ ထို့နောက် အမျိုးသားများအတွက် အဝတ်အစားများ ရောင်းချသည့် ဆိုင်များကို ဖွင်လှစ်လုပ်ကိုင်ခဲ့ရာမှ ကြီးပွားသွားခဲ့ပြီး ကြီးထွားနှုန်း အမြန်ဆုံးလုပ်ငန်း အဖြစ်သို့ ရောက်ရှိသည်။ Fast Retailing Co သည် ဖက်ရှင်လုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့ရာ နိုင်ငံတကာ ဖက်ရှင်လောကတွင် ဦးဆောင်သည့်လုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

နံပတ် ၂။ H&M

နိုင်ငံ။ ဆွီဒင်

ဝင်ငွေ။ ကန်ဒေါ်လာ ၂၁.၇၃ ဘီလျံ

ပိုင်ဆိုင်မှု။ ပါစန် မိသားစု

H&M သည် မြန်မာနိုင်ငံတွင် အလုပ်အပ်နှံချုပ်လုပ်သည့် ဥရောပ ဖက်ရှင်လုပ်ငန်းကြီး တစ်ခု ဖြစ်သည်။ ယခုအခါ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဖက်ရှင်ထည့်လုပ်ငန်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး အမျိုးသမီး အဝတ်အထည်များကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် အမျိုးသား အဝတ်အထည်များကိုပါ တိုးချဲ့လုပ်ကိုင်ရန် အမျိုးသား အဝတ်အစား ထုတ်လုပ်သည့် Mauritz Widforss ကို ဝယ်ယူခဲ့သည်။ သို့ဖြစ်ရာ လုပ်ငန်းအမည်ကို Hennes & Mauritz ဟု ပြောင်းလဲခေါ်ဝါ်ခဲ့သည်။ ထို့နောက် အတိုကောက်အားဖြင့် H&M ဟု အခေါ်ရလွယ်ကူစေရန် ပြောင်းလဲခဲ့ပြီး နိုင်ငံတကာ ဈေးကွက်ထဲ နေရာဝင်ယူသည်။ H&M, COS, Weekday, Cheap Monday, နှင့် Monki အမှတ်တံဆိပ်များကို လုပ်ကိုင်လျက် ရှိသည်။ နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် စတိုးဆိုင် ၄၃၀၀ ကျော် ဖွင့်လှစ်ထားသည်။ ပါစန် မိသားစုမှ ကုမ္ပဏီကို ဆက်လက်ဦးစီးပြီး လုပ်ကိုင်လျက် ရှိ်သည်။ အစုရှယ်ယာ ၃၀% ပိုင်ဆိုင်ထားပြီး မဲပေးပိုင်ခွင် ၆၀% ကို ပါစန်မိသားစုက ရယူထားပြီး ကုမ္ပဏီကို ထိန်းချုပ်ထားသည်။

နံပတ် ၁။ Inditex

နိုင်ငံ။ စပိန်

ဝင်ငွေ။ ကန်ဒေါ်လာ ၂၃.၂၇ ဘီလျံ

ပိုင်ဆိုင်မှု။ အော်တီဂါ မိသားစု

Inditex အမည်ကို လူသိနည်းသော်လည်း၎င်း၏ brand တစ်ခု ဖြစ်သည့် Zara ကို လူသိအလွန်များသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖက်ရှင်လုပ်ငန်းစုကြီး ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် အော်တီဂါတို့ လင်မယားသည် အဝတ်အစား ရောင်းချသည့် လက်လီဆိုင်ငယ်တစ်ခု ဖွင့်ခြင်းမှ စတင်ခဲ့သည်။ ဆိုင်၏ မူလအမည်မှာ Zorba ဖြစ်သည်။ သို့သော် အမည်တူ လုပ်ငန်း ရှိနေကြောင်း သိရသည့်အခါ ဆိုင်အမည်ကို Zara ဟု ပြောင်းလဲလိုက်ရသည်။ ဖက်ရှင်ထည် လောကထဲသို့ ဝင်ရောက်လုပ်ကိုင်ရာ၌ ပုံစံသစ်ကို ဆန်းသစ်တီထွင်ပြီး လုပ်ကိုင်သည်။ ဒီဇိုင်းထုတ်ခြင်း၊ အထည်ထုတ်လုပ်ခြင်းနှင့် လက်လီဆိုင်များသို့ ရောက်ရှိခြင်းတို့အကြား ကြာမြင့်သည့်အချိန်ကာလကို တိုတောင်းအောင် လုပ်ကိုင်သည့် ပုံစံသစ်ဖြင့် ချီတက်သည်။ မြန်ဆန်မှု ရရှိရန် ကွန်ပျူတာစနစ်ကို သုံးစွဲစေသည်။ ဤသည့်ဖြင့် ဖက်ရှင်ထည်လောကတွင် အသွက်ဖက်ရှင် တော်လှန်ပြောင်းလဲမှု စတင်ခဲ့သည်။ နယူးယောက်၊ မီလန်၊ ပါရီတို့မှ နာမည်ကြီး ဖက်ရှင်ပွဲများတွင် လူကြိုက်များသည့် နောက်ဆုံးပေါ်ဖက်ရှင်များကို ဆင်တူရိုးမှား တုပပြီး မြန်မြန်သွက်သွက် လုပ်ကိုင်ထုတ်လုပ်ကာ ကမ္ဘာတစ်လွှားရှိ ဇာရာ ဖက်ရှင်များသို့ ၁၅ ရက်အကြာတွင် ဆိုင်ပေါ် အရောက် ဖြစ်နေအောင် စီမံလုပ်ကိုင်သည်။ ၉၁ နိုင်ငံတွင် ဆိုင်ပေါင်း ၇၀၀၀ ကျော် ရှိသည်။ Zara Home, Massimo Dutti, Bershka, Oysho, Pull and Bear, Stradivarius နှင့် Uterqüe အမှတ်တံဆိပ်များကို လုပ်ကိုင်လျက် ရှိသည်။

Inditex ကို ပိုင်ဆိုင်သော အော်တီဂါသည် ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးပုဂိ္ဂုလ်အဖြစ်သို့ ရောက်ရှိနပြေီဖြစ်သည်။

အသွက်ဖက်ရှင် Fast Fashion ဆိုတာ ဘာလဲ

ကမ္ဘာ့ပေါ်မှာ အချမ်းသာဆုံးပုဂိ္ဂုလ် Zara ပိုင်ရှင်

Read 1250 times
Rate this item
(1 Vote)