Armani Exchange ၏ဒုတိယဆိုင်ခွဲကိုအောက်တိုဘာလ၂၈ရက်ညနေ ၅နာရီကJunction City Centreတွင်ဖွင့်လှစ်ခဲ့သည်။Armani Exchangeသည်ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံပေါင်း ၆၀ကျော်တွင်ဆိုင်ခန်းပေါင်း၂၇၀၄ဆိုင်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းမြန်မာနိုင်ငံတွင်၂၀၁၆ခုနှစ်ဇူလိုင်လမှစပြီး Myanmar Plaza Shopping Centreတွင်ပထမဆုံးဖွင့်လှစ်ခဲ့ပြီး Armani ချစ်သူများ၏တောင်းဆိုမှုအရ ဒုတိယဆိုင်ခွဲကို Junction City Shopping Centre တွင်ထပ်မံဖွင့်လှစ်ခဲ့သည်။
Armani Exchange၏အဝတ်အထည်များဖိနပ်များနှင့်ဖက်ရှင်ကျကျတွဲဖက်ဝတ်ဆင်နိုင်သည့်အသုံးအဆောင်ပစ္စည်းများကိုရာသီအလိုက်နိုင်ငံတစ်ကာနှင့်တစ်ပြေးညီတင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်းအမျိုးသားများအတွက်မြို့ပြနှင့်လိုက်ဖက်သည့် ဂျာကင်များ ချွေးစိုခံရှပ်အကျီင်္များ လက်ပြတ်အကျီင်္များ အမျိုးသမီးများအတွက်ညှို့အားပြင်းသည့်အသွင်အပြင်ပါဝင်သည့်ဒီဇိုင်းများ သွက်လက်ပေါ့ပါးသည့်ဒီဇိုင်းများ သိုးမွှေးအထည်များ ဂွမ်းကပ်အထည်များ ရေလုံသည့်ဂျာကင်များ နှစ်ထပ်သားမွေးခေါင်းစွပ်အကျီင်္များရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ဆိုင်ဖွင့်ပွဲတွင်Armani Exchange၏ Special Performance အနေဖြင့်ကမ္ဘာကျော် Street Art အနုပညာရီင်၎ယောက်ထဲမှ Armanrican နိုင်ငံ New York(L.A)မှ Mr.Matthew Laurence Knott ၏ Street Art Tee ဖန်တီးတင်ဆက်မှုများကိုလည်းဖန်တီးတင်ဆက်ပြသသွားခဲ့သည်။