What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ဆောင်းဦးရာသီအတွက် မရှိမဖြစ် ဘလေဇာဂျက်ကက်

ဒီတစ်ပတ် Fashion Tips အတွက် နာမည်ကြီးဒီဇိုင်နာအများစုရဲ့ ၂၀၁၇-၂၀၁၈ ဆောင်းဦးရာသီ ခသူနခအငသည ဒီဇိုင်းတွေမှာ မပါမဖြစ် တွေ့နေရတဲ့ ဘလေဇာဂျက်ကက်တွေ ကို ရာသီဥတုနဲ့ ကိုက်ညီပြီး ဖက်ရှင်ကျ အောင် ဘယ်လို ဝတ်ကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘလေဇာ ဂျက်ကက်တစ်ထည်လောက်တောင် သင့်ဗီရိုထဲမှာ မရှိနေဘူးဆိုရင်တော့ အကြီးမားဆုံးအမှားတစ်ခုကို သင် ကျူးလွန်နေပြီလို့ ပြောချင်ပါတယ်။ သင် စမတ်ကျချင်တဲ့အချိန် ဖြစ်ဖြစ်၊ မိန်းမဆန်ချင်တဲ့အချိန်ဖြစ်ဖြစ်၊ ယောကျာ်းဆန်ဆန်အထာကျချင်တဲ့ အချိန်တွေမှာဖြစ်ဖြစ် အကူအညီပေးနိုင် တာက ဘလေဇာတွေရဲ့ စူပါပါဝါတစ်ခု ပါပဲ။ အဲဒီအတွက် ဘလေဇာဂျက်ကက် ကို ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ဆင် ရမလဲဆိုတာကို တင်ဆက်ပေးထားပါ တယ်။

လုပ်ငန်းခွင်ထဲမှာ ဖက်ရှင်အကျဆုံး စတိုင်
===========================

လုပ်ငန်းခွင်ထဲမှာဆိုရင်တော့ ဘလေဇာဂျက်ကက်တွေက အခြေခံ အကျဆုံးပစ္စည်းတစ်ခုအနေနဲ့ ပါဝင်ပါ တယ်။ Style Pants တွေနဲ့ တွဲဖက် ဝတ်ဆင်တာက သမရိုးကျတွဲဖက်နည်း ဆိုပေမယ့် သင့်ရဲ့လုပ်ငန်းခွင်ဝတ်စုံကို ပိုပြီး အထာကျစေဖို့ Accessories ကြီးကြီးတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ကို သုံးပါ။ Jeans ဘောင်းဘီတွေနဲ့ အတွဲအစပ်ပြုလုပ်တာကလည်း အများကြားမှာ ထင်းနေမယ့်နည်းလမ်း တစ်ခုပါပဲ။ ဖိနပ်ရွေးချယ်တဲ့အခါ ဒေါက် ဖိနပ်ကတော့ အဓိကဆိုပေမယ့် သက် သောင့်သက်သာဖြစ်စေဖို့အတွကှ်ညနေုနမျ တွေနဲ့လည်း ဝတ်လို့ ရပါ တယ်။ လုပ်ငန်းခွင်ဖြစ်တဲ့အတွက် တောက်တဲ့အရောင်တွေ၊ ရှုပ်ရှုပ်ယှက် ယှက်ဒီဇိုင်းတွေပါတဲ့ဖိနပ်တွေကို ရှောင် ပြီး အရောင်ငြိမ်တွေကို ရွေးချယ်တတ် ပါစေ။

ထသွားထလာပုံစံကိုမှ ဖက်ရှင်ကျ စေမယ့်စတိုင်
================================
ဒီလို စတိုင်မျိုးက သင့်ကို မိန်းက လေးအများစုရဲ့ သာမန်ပုံစံကနေ ကွဲ ထွက်ပြီး ထင်းနေစေမယ့် လူငယ် ဆန်ဆန်စတိုင်မျိုး ဖြစ်ပါတယ်။ Band T-Shirt တွေ၊ T-Shirt ဗြောင်တွေကို အောက်ခံအနေနဲ့ ရွေးချယ်ပြီး ဘောင်း ဘီတို၊ ဘောင်းဘီရှည်က စလို့ စကတ် လှလှလေးတွေအထိ ရွေးချယ်တွဲဖက်မှု ပြုလုပ်ပါ။ Pattern တွေပါတဲ့ ဘလေဇာဂျက်ကက်ကို ရွေးချယ်တာ ဖြစ်ဖြစ်၊ အရောင်ငြိမ် ဘလေဇာကိုမှ အရောင်တောက်တဲ့စကတ် ဒါမှမဟုတ် ဖိနပ်ခပ်မိုက်မိုက်လေးတစ်ရန်နဲ့ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်ခြင်းက လူငယ်ဆန်ဆန် လန်းဆန်းတဲ့အသွင်ကို ပေးစွမ်းနိုင်မယ့် Key Point ပဲ ဖြစ်ပါတယ်နော်။

မိန်းမဆန်ဆန် Sexy ကျစေမယ့် စတိုင်
==========================

ဘလေဇာဂျက်ကက်တစ်ထည်နဲ့ Sexy ကျဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးရင် တွေးမိမှာပေါ့။ ဒါပေမယ့် အခု အချိန်က စပြီး အဲဒီလို တွေးစရာမလို တော့ပါဘူး။ Hailey Baldwin လို Sexy ဘလေဇာဂါဝန်မျိုးဆို ပွဲတက်တဲ့အခါ ထူးထူးခြားခြားနဲ့ Sexy ကျနေစေမှာပါ။ ရင်ဘတ်ဟိုက်တဲ့ အင်္ကျီ တွေနဲ့ ခါးတိုအင်္ကျီတွေကို အောက်ခံ အနေနဲ့အသုံးပြုပြီး ဘလေဇာဂျက်ကက် နဲ့ထပ်လိုက်တဲ့အခါမှာလည်း သင်ဟာ ခေတ်ဆန်တဲ့အမျိုးသမီးတစ်ဦးဖြစ်နေမှာ အမှန်ပါပဲ။

source: now

Read 977 times
Rate this item
(0 votes)