What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီနှစ်ဆောင်းတွင်းမှာ လုံးဝအထာကျနေစေမယ့် ဆွယ်တာဖက်ရှင်(၅)မျိုး

ဆောင်းတွင်းလည်းရောက်ပီ.. ​အေးလည်း​အေးလာပီဆို​တော့

ဂျင်းဖက်​ရှင်​​တွေကို ခဏဝဲလိုက်​ပြီး ဆွယ်​တာ​လေး​တွေနဲ့ အပြတ်​လန်းလို့ရ​အောင်​ အိုင်​ဒီ​ယာ​လေး​တွေ မျှဝေ​ပေးလိုက်​ပါတယ်​​နော်​။

၁) ဆွယ်​တာနှစ်​ထပ်​ဝတ်​မယ်​။

မြင်​ဖူး​နေကျပုံစံမျိုးနဲ့ ခွဲထွက်​ပြီး ဒီပုံစံ​လေးက အမြင်​ဆန်း​နေ​စေမှာပါ။ ​အောက်​က လည်​​ထောင်​ဆွယ်​တာအပါး​လေးပြဲ ဖစ်​ဖြစ်​၊ ရိုးရိုးအ​ရောင်​ရင့်​တဲ့ဆွယ်​တာ ခပ်​ပါးပါး​လေးဝတ်​ပြီး အ​ပေါ်က အ​ရောင်​နုတဲ့ ရင်​​စေ့ဆွယ်​တာမျိုး​လေး ထပ်​ဝတ်​​ပေးနိုင်​ပါတယ်​။ ​နောက်​တစ်​မျိုးကျ​တော့ အ​ပေါ်က​နေ ဒူး ဒါမှမဟုတ်​ ​ပေါင်​​လယ်​​လောက်​ထိရှည်​တဲ့ ​လောင်းကုတ်​ပုံစံ ဆွယ်​တာမျိုးနဲ့ တွဲဝတ်​ရင်​လည်း အရမ်းမိုက်​ပါတယ်​။ ​လောင်းကုတ်​ပုံစံမျိုးက​တော့ နည်းနည်း​တော့ ရှာရခက်​တတ်​ပါတယ်။

Denim at Any Age Bullet Blues

(၂) ရှပ်​အင်္ကျီနဲ့တွဲဝတ်​မယ်​။

သိပ်​မရိုးသလို သိပ်​လည်းမဆန်းဘူး​နော်​။ (ကလောသွားရင်​ ဝတ်​မယ်​လို့စဉ်းစားထားတဲ့ပုံ စံ​လေးပါ) ဆွယ်​တာ​အောက်​က​နေ ​ကော်​လံပါတဲ့ ​ရှေ့ကြယ်​သီးတပ်​ရှပ်​အင်္ကျီ​လေး ခံဝတ်​ပြီး ​ကော်​လံနဲ့လက်​​တွေကို ဆွယ်​တာအပြင်​​ထုတ်​ဝတ်​တာမျိုး ပါ။ ရှပ်​အင်္ကျီလက်​​တွေ ထုတ်​ဝတ်​မယ်​ဆိုရင်​​တော့ ပိုပြီးအထာကျသွား​အောင်​ ဆွယ်​တာ​အင်္ကျီလက်​​တွေ​ပေါ် ရှပ်​အင်္ကျီလက်​​တွေဖုံးသွား​အောင်​ ​ခေါက်​ဝတ်​ဖို့ မ​မေ့နဲ့ဦး​နော်​။

6d04bb7dee0aeca7e51c76190e827971 red flannel outfit red and black flannel 300x300

(၃) ​ခေါင်းစွပ်​ဆွယ်​တာပွပွကြီး​တွေနဲ့ ရှိုးထုတ်​ကြမယ်​။

ကိုယ့်​ကိုယ်​လုံးထက်​ နှစ်​ဆ​လောက်​ကြီးတဲ့ ခပ်ပွပွ baggy sweater ကြီး​တွေကို skinny jeansလို ဂျင်းဘောင်းဘီခပ်ကျပ်ကျပ်လေး ဒါမှမဟုတ်​ စကတ်​လှလှ​လေး​တွေ၊ ​ဘောင်းဘီလှလှ​လေး​တွေနဲ့ တွဲဝတ်​ပြီး အထာကျ​အောင်​လုပ်​လို့ရပါ​သေးတယ်​။ ဆွယ်​တာက သိပ်​ကြီးလွန်း​နေရင်​ ခါးပတ်​​သေး​သေး​လေးပတ်​​တာပဲဖြစ်​ဖြစ်​၊ အ​ရှေ့ဘက်မှာပုံကျ​နေတာ​တွေကို ​ဘောင်းဘီ၊ စကတ်​ထဲထည့်​ဝတ်​ပြီး အ​နောက်​ကိုလွှတ်​ထားတာပဲဖြစ်​ဖြစ်​ လုပ်​လို့ရပါ​သေးတယ်​​နော်​။

bd7c224f2974772ddd860230b4990ffb baggy sweaters big sweater 1 300x300

(၄) ဆွယ်​တာနဲ့ EDM top ​လေး​တွေနဲ့ တွဲဝတ်​မယ်​။

ဆွယ်​တာကို ခပ်​ပွပွနဲ့ ခပ်​ပါးပါး ဒါမှမဟုတ်​ လည်​ပင်းဟိုက်​ဟိုက်​ပြဲပြဲ​လေး​တွေ ဝတ်​ပြီး ​အောက်​က​နေ Lace Bra (ကြိုးအလှနဲ့ ဘရာဇီယာ) ဒါမှမဟုတ်​ EDM ပွဲ​တွေမှာ ခု​ခေတ်​​ကောင်​မ​လေး​တွေ ဝတ်​ကြတဲ့ ကြိုးခပ်​ရှုပ်​ရှုပ်​ပုံစံ အ​ပေါ်အင်္ကျီ​လေး​တွေနဲ့လည်း တွဲဝတ်​လို့ရပါ​သေးတယ်​။

 tMZNzDQ636al 224x300

(၅) ဂျင်းနဲ့ဆွယ်​တာ

ဂျင်းဆိုလို့ ဂျင်း​ဘောင်းဘီနဲ့ တွဲဝတ်​တာကို ​ပြောတာမဟုတ်​ဘူး​နော်​။ ဂျင်းအင်္ကျီအ​ပေါ်က ထပ်​ဝတ်​တာကို ​ပြောတာပါ။ ​အောက်​က လည်​​ထောင်​ဆွယ်​တာအပါးလေးဝတ်​ ပြီး ​အ​ပေါ်က အမိုက်​စားဂျင်းကုတ်​ထပ်​ပြီး စတိုင်​ထုတ်​ရင်​လည်း လုံးဝမိုက်​ပါတယ်​​နော်​။

65993e25ee8f675d89efa14c9186ab74 out of time god is 209x300

အမှန်​​တော့ ​အ​ပေါ်မှာ ​ပြောထားတဲ့နည်း​တွေမှ မဟုတ်​ပါဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့​ ဆန်းသစ်​နိုင်​ရင်​ ဆန်းသစ်​နိုင်​သ​လောက်​ ​ဆောင်းတွင်းဆွယ်​တာဖက်​ရှင်​ အလန်းကြီး​တွေ ဖန်​တီးပြီး ဝတ်​ဆင်​နိုင်​ပါ​သေးတယ်​။ ဒါ​ပေမဲ့ မြန်​မာနိုင်​ငံက နဂိုတည်းက သိပ်​မ​အေးတဲ့နိုင်​ငံဆို​တော့ ဆွယ်​တာတို့ ကုတ်​တို့ဝယ်​ရင်​ သိပ်​ပြီး မထူ​စေဖို့​တော့ ဂရုပြုပါ​နော်​။ မဟုတ်​ရင်​ ​ချွေးတပြိုက်​ပြိုက်​နဲ့၊ ဆွယ်​တာအထပ်​ထပ်​ဆို ကိုယ်​လည်းအ​နေခက်​၊ မြင်​ရတဲ့သူအဖို့လည်း စိတ်​မသက်​သာဖြစ်​​စေနိုင်​ပါ တယ်​။ က​လောတို့ဘာတို့ အ​အေးပိုင်း ​ဒေသသွားကြမယ့့်သူတွေကဘယ်​​လောက်​ထူထူလာထား .. အပြတ်​လန်းလို့ရပါပြီလို့။

source:for her myanmar

Read 1115 times
Rate this item
(0 votes)