What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဟာရာဂျုကု၊ Cream Soda ၊ Milk

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ဟာရာဂျုကုဘူတာရုံတစ်ဝိုက်မှာ ဂျပန်လူငယ် ဆယ်ကျော်သက်တို့ရဲ့

ဟာရာဂျုကုဆယ်ကျော်သက် ယဉ်ကျေးမှုမှာ သမိုင်းတွင်တဲ့ အ၀တ်အစား brand က ခရင်မ်ဆိုဒါ Cream Soda ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၇ မှာ သက်တမ်း ၅၀ နှစ်ပြည့်လို့ ရွှေရတုအခါသမယကို ရောက်ရှိပါတယ်။

 

ခရင်မ်ဆိုဒါကို ယာမာဇာကီ(Masayuki Yamazaki)က ၁၉၆၇ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ယာမာဇာကီ ကွယ်လွန်ခဲ့တယ်။ ဒါပေမဲ့ သူရှိစဉ်တုန်းကအတိုင်း ရော့ခ်အင်ရိုလ် သုခုမမူဟန်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ပန့်ခ်စတိုင်လ်ဝတ်စားဆင်ယင်တဲ့ ဆယ်ကျော်သက်တွေရဲ့ ဂုဏ်ဆောင်အ၀တ်အစားအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

 CREAM SODA coat

ခရင်မ်ဆိုဒါရဲ့ အမှတ်တံဆိပ်က ရော့ခ်ဂီတနယ်ပယ်မှာ ခေတ်စားခဲ့ဖူးတဲ့ လူဦးခေါင်းခွံတစ်ခု၊ အောက်ဖက်မှာ ကြက်ခြေခတ်ထားတဲ့ အရိုးနှစ်ချောင်းတို့ ဖြစ်ပါတယ်။

ဟာရာဂျုကုဆယ်ကျော်သက် ယဉ်ကျေးမှုမှာ ရော့ခ်အင်ရို ၀တ်စားဆင်ယင်မှု တစ်ခေတ်ထအောင် ရှေ့ဆောင်ပေးခဲ့ပါတယ်။

ခရင်မ်ဆိုဒါ brand ရဲ့ ခေတ်ဆန်းအ၀တ်အစားဆိုင်အမည်က Pink Dragon ဖြစ်ပြီး ခရင်မ်ဆိုဒါနဲ့အတူတွဲပြီး လူသိများတဲ့ဆိုင် ဖြစ်ပါတယ်။ ဟာရာဂျုကုကို ရောက်ရင် ရောက်ဖူးတယ်ရှိအောင် ၀င်ကြည့်ကြရတဲ့ သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ ခေတ်ဆန်းအ၀တ်အစားဆိုင် ဖြစ်ပါတယ်။

 milk

၁၉၇၀ ခုနှစ်မှာတော့ ဟာရာဂျုကုဆယ်ကျော်သက် ယဉ်ကျေးမှုမှာ Milk ဆိုတဲ့ ဖက်ရှင်ဆိုင်တစ်ဆိုင် ပေါ်ပေါက်ထင်ရှားခဲ့ပါတယ်။ Milk ဖက်ရှင်ရဲ့ စတိုင်လ်က ၁၉၆၀ ခုနှစ်ဝန်းကျင် အနောက်တိုင်းမှာ ရေပန်းစားခဲ့တဲ့ စတိုင်လ်တွေကို ပြန်လည်ဆန်းသစ်ပေးထားတာ ဖြစ်ပါတယ်။ Milk ကို ထူထောင်သူက Hitomi Okawa ဖြစ်ပါတယ်။ ယနေ့ထက်တိုင်း Milk ရဲ့ တစ်ခေတ်ဆန်းစတိုင်ဟာ ဆယ်ကျော်သက်တွေအကြား ရေပန်းစားဆဲ ဖြစ်ပါတယ်။ အိုကာဝါဟာ သက်တမ်း ၅၀ နီးပါးရှိပြီဖြစ်တဲ့ Milk ရဲ့ ဒီဇိုင်းနာအဖြစ် လုပ်ကိုင်ဆဲ ဖြစ်ပါတယ်။

ဂျပန်ဆယ်ကျော်သက် ဖက်ရှင်စတိုလ်ရဲ့ ခေတ်ရှေ့ဆောင် ဟာရာဂျုကုရဲ့ သမိုင်းကြောင်းက နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ အဲဒီကာလအတွင်းမှာ စတိုင်လ်ဆန်းတွေ အမျိုးမျိုး ပေါ်ခဲ့တယ်။ နောက်တော့ တိမ်ကောသွားတယ်။ တစ်ချိန်က အထင်ကရဖြစ်ခဲ့ရာမှ ခေတ်ထဲ မ၀င်ဆန့်နိုင်တော့လို့ ပိတ်လိုက်ရတဲ့ ခေတ်ဆန်းအ၀တ်အထည်ဆိုင်တွေလည်း ရှိခဲ့ပါတယ်။ အခရာကျတဲ့ ဒီဇိုင်းသမားတွေ အသက်အရွယ်ကြောင့် ကွယ်လွန်သွားခဲ့ကြတယ်။ အ၀တ်အထည်ဆိုင်အသစ်တွေလည်း ပေါ်ပေါက်ခဲ့တယ်။

ဟာရာဂျုကုဖက်ရှင်ကို အဓိကထားတဲ့ မဂ္ဂဇင်းတွေ ထုတ်ဝေခဲ့တယ်။ ကွယ်ပျောက်သွားတယ်။ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ မျိုးဆက်သစ်တို့က ဟာရာဂျုကုကို အသက်အရွယ်ကြီးသွားတာကြောင့် ကျောခိုင်းလိုက်ရတဲ့ မျိုးဆက်ဟောင်းတွေရဲ့ နေရာကို ၀င်ယူကြတယ်။ အခုလို အပြောင်းအလဲတွေ၊ မမြဲတဲ့သဘောသဘာဝတွေကို ဟာရာဂျုကု အစဉ်အမြဲ ဖြတ်သန်းရင်း ဟာဂရာဂျုကုဟာ ဆက်လက် အသက်ရှူနေဆဲ. . .

 

 ဆက်စပ်ဖတ်ရှုရန် ဆောင်းပါး အောက်ပါလင့်ခ်ကို နှိပ်ပါ

ဂျပန်မှ Genderless boys များ

http://www.textiledirectory.com.mm/articles/item/247-genderless-boys.html

 

 ဆက်စပ်ဖတ်ရှုရန် ဆောင်းပါး အောက်ပါလင့်ခ်ကို နှိပ်ပါ

ဂျပန် လမ်းပေါ်မှ ဖက်ရှင်

http://www.textiledirectory.com.mm/articles/item/242-japan-genderless-hot-style.html

Read 1785 times
Rate this item
(1 Vote)