What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အာရှဖက်ရှင် ခြေလှမ်းများ
ZAWGYI+UNICODE
ဖူးပွင့်ဝေဆာနေသော brand များ ဒါဇင်ချီ ပြသသည်။
guo pei
Chinese born designer Yiqing Yin2
Chinese born designer Yiqing Yin
lee seo hyun
၂၀၀၅ ခုနှစ်မှစ၍ ထောက်ပံ့ကူညီပေးခဲ့သည်မှာ ဒီဇိုင်းနာအဖွဲ့ပေါင်း ၁၉ ဖွဲ့ရှိနေပြီဖြစ်ပြီး
တရုတ်ဒီဇိုင်းနာ ဂွာပေးအကြောင်း ဖတ်ရှုရန်လင့်ခ်
UNICODE
ဆိုးလ်၊ တိုကျို၊ ရှန်ဟိုင်း မြို့ကြီးများတွင် ဖက်ရှင်သီတင်းပတ်များကို ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ပြည်တွင်း ဖက်ရှင်လုပ်ငန်း အုပ်စုများက စပွန်ဆာ ပေးသည်။ ဖူးပွငေ့်ဝဆာနေသော brand များ ဒါဇင်ချီ ပြသသည်။ အချို့ brand တို့သည် အနောက်တိုင်းဖက်ရှင်နယ်ပယ်ထဲသို့ ခြေချသည်။ မီလန်၊ ပါရီ အစရှိသည့် အထင်ကရမြို့ကြီးများတွင် ဆိုင်များ ဖွင့်လှစ်ကြသည်။
ဘီဂျင်းမှ ဒီဇိုင်းနာ ဂွာပေးသည် ပါရီဖက်ရှင်ပွဲတွင် ပါဝင်ပြသခဲ့သည်။
တရုတ်မှ အမျိုးသမီးစီး ရှူးဖိနပ် brand တစ်ခုဖြစ်သည့် Stella Luna က ပါရီတွင် အရောင်းဆိုင် သုံးဆိုင် ဖွင့်ထားသည်။
Stella Luna၏ ခွာသွယ်သွယ်ချွန်းချွန်း မိန်းမစီးခုံမြင့် ရှူးဖိနပ် တစ်ရံ ဈေးနှုန်းသည် ကန်ဒေါ်လာ ၅၆၀ အထက်တွင် ရှိသည်။
တရုတ်နိုင်ငံဖွား ဒီဇိုင်းနာ အိကျင်ယင်၏ ဖန်တီးမှုများကို တရုတ်နိုင်ငံတွင်သာမက နယူးယောက်၊ ပါရီ တို့တွင်လည်း ရောင်းချသည်။
ဥရောပမှ ဖက်ရှင်ဆုအချို့ကို ရရှိထားသည်။ ဖက်ရှငေ်ဝဖန်ရေးသမားတို့ကလည်း အိကျင်ယင်ကို ချီးကျူးကြသည်။
ကိုရီးယားမှ ရေပန်းစားသည့် SJYP သည် ဥရောပနှင့် အမေရိကတို့တွင်သာမက အင်္ဂလန်တွင်လည်း ဆိုင်ဖွင့်ထားသည်။
တစ်ချိန်တစ်ခါက နာမည်ကြီး ဖက်ရှင်အဝတ်အစားတို့သည် အနောက်တိုင်းမှသာ လာသည်ဟု မှတ်ယူထားကြသည်။
ယခုအခါ အရှေ့နှင့်အနောက်သည် အရေးမပါတော့ချေ။
ပြည်တွင်းနှင့် အိမ်နီးနားချင်းနိုင်ငံတို့မှ ဒီဇိုင်နားတို့၏ ဖန်တီးမှုများကို တန်ဖိုးထားလာကြသည်။
စိတ်ဝင်တစားဖြင့် ဝယ်ယူသုံးစွဲကြသည်။
Samsung Electronics၏ အဆွယ်အပွားဖြစ်သော Samsung C&T ဖက်ရှင်ဌာနခွဲကို
Samsung Electronics၏ ဥက္ကဋ္ဌဖြစ်သူ လီကမ်ဟီး၏ သမီးဖြစ်သူ လီစိုဟွမ်က ဦးစီးပြီး လုပ်ကိုင်လျက် ရှိပြီး
Samsung C&T သည် ကိုရီးယား ဖက်ရှင်လောကကို ပံ့ပိုးကူညီပေးနေသည်။
နှစ်တိုင်း ဒီဇိုင်းနာ နှစ်ဦး၊ သုံးဦးကို ဖက်ရှင်အဝတ်အစား အစုံအတွဲ ထုတ်လုပ်ရန် ကန်ဒေါ်လာ တစ်သိန်းစီ ထောက်ပံ့ပေးသည်။
၂၀၀၅ ခုနှစ်မှစ၍ ထောက်ပံ့ကူညီပေးခဲ့သည်မှာ ဒီဇိုင်းနာအဖွဲ့ပေါင်း ၁၉ ဖွဲ့ရှိနပြေီဖြစ်ပြီး
ငွေကြေးအားဖြင့် ကန်ဒေါ်လာ ၂.၇ သန်း သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။
ထို့အတွက် Samsung Fashion & Design Fund ထူထောင်ထားရှိပေးထားသည်။
တရုတ်ထိပ်တန်း ဒီဇိုင်းနာ ဂွာပေး
Read 1016 times
Rate this item
(0 votes)