What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီး ရှိထားသင့်တဲ့ ပစ္စည်းတွေ

ဖက်ရှင်ဆိုတာလူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့အသွင်အပြင်ကို မြင့်တင်ပေးနိုင်ဖို့အတွက်ဆိုရင် အဝတ်အစားကလည်းဦးစားပေးသင့်တဲ့အရာပဲပေါ့။ ခေတ်မှီတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဖက်ရှင်ကျကျနေထိုင်နိုင်ဖို့ အခြေအနေမျိုးမှာမရှိမဖြစ်ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်ပစ္စည်းတွေလည်းရှိနေမှ အဆင်ပြေမှာပေါ့။

ဖိနပ်

shoes min

ဖိနပ်အတွက်ဆိုရင်လည်းမိန်းကလေးတစ်ယောက်အတွက် မဖြစ်မနေပိုင်ဆိုင်ထားဖို့ လိုအပ်ပြီးဝတ်ထားတဲ့ဖက်ရှင်နဲ့ လိုက်ဖက်အောင် ဝတ်စားတတ်ဖို့ကလည်းအရေးကြီးတာဆိုတော့ သင့်ဆီမှာဒီဖိနက်တွေကိုပိုင်ထားဖို့သင့်တော်တယ်နော်။ Slipper ဖိနပ်အပါး၊ ရှူးဖိနပ်၊ ဒေါက်ဖိနပ်အမည်း၊ ပေါ့ပေါ့ပါးပါးနဲ့လှလှပပလေးစီးလို့ရမယ့်ဖိနပ်မျိုးစတာတွေကိုပိုင်ဆိုင်ထားမှ ဖက်ရှင်ကျကျမိန်းကလေးတစ်ယောက်ဖြစ်မှာပေါ့။

အဝတ်အစား

clothes min

အဝတ်အစားဆိုရင် ပိုပြီးတော့ဖက်ရှင်ကျကျဝတ်ဆင်တတ်ဖို့လိုတာပေါ့။ ဒါကြောင့် အဝတ်ဗီရိုထဲမှာမရှိမဖြစ်ထည့်ထားသင့်တဲ့ အဝတ်အစားတွေကိုပြောပြပေးချင်ပါတယ်။ စမတ်ကျကျဖက်ရှင်မျိုးက ရုံးသွားတဲ့အခါတွေနဲ့၊ လူကြီးတွေနဲ့သွားတွေဖို့ရှိလာတဲ့အခါမျိုးတွေမှာဝတ်ဖို့သင့်တော်ပါတယ်နော်။ Skinny Jeans ဘောင်းဘီတွေကလည်းလူငယ်ဆန်ပြီးပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့အတွက်ဆိုရင် ရှိကိုရှိသင့်ပါတယ်နော်။ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အကျီင်္မျိုးတွေကိုလည်းဆောင်ထားသင့်ပါတယ်နော်။ အတွင်းခံအကျိင်္တွေကိုဆိုရင်လည်းအရည်အသွေးကောင်းပြီးလှပတာမျိုးလေးတွေဆိုရင် ဝယ်ထားသင့်ပါတယ်။

သင့်ကိုယ်ပိုင် စတိုင်နဲ့ လှပအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်

အလှအပအတွက်ပစ္စည်းများ

bag min

အလှအပအတွက်ပစ္စည်းတွေ စုဆောင်းမယ်ဆိုရင်လည်းအိတ်ကလည်းအရေးပါတဲ့အရာပေါ့။ သင့်ဝတ်တတ်တဲ့ဖက်ရှင်မျိုးနဲ့ လိုက်ဖက်တဲ့အိတ်မျိုးကိုရွေးချယ်တတ်ဖို့ကအရေးကြီးပါတယ်။ ရုံးသွားနေရတာပဲများတဲ့သူဆိုရင်တော့ သပ်သပ်ရပ်ရပ်ရှိစေမယ့် အိတ်မျိုးကိုရွေးချယ်ဖို့လိုတာပေါ့။ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အိတ်မျိုးတွေဆိုတာကလည်းပိုင်ဆိုင်ထားသင့်ပါတယ်။

ဒီလိုမျိုးပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့ သင်အတွက်ကောင်းမွန်တဲ့ အကြံကောင်းတွေနဲ့၊ ဖက်ရှင်အမြင်မျိုးတွေရှိနေမယ်ဆိုရင်တော့ အကောင်းပဲပေါ့။ ဒါပေမယ့်လည်းဒီအချက်တွေကိုတော့ လေ့လာထားဖို့အရေးကြီးတယ်နော်။

 

Source:my news

Read 1526 times
Rate this item
(1 Vote)