What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2018 Golden Globes အမည္းဖက္ရွင္

ေကာ္ေဇာနီေပၚမွ အမည္းဖက္ရွင္ ေကာ္ေဇာနီေပၚမွ အမည္းဖက္ရွင္

(Zaw+Uni)2018 Golden Globes ဆုေပးပြဲမွာ အမ်ဳိးသမီးေတြကုိ လိင္ေစာ္ကားခံရတာအတြက္

ကန္႔ကြက္ေၾကာင္း ျပသဖုိ႔ အမည္းေရာင္ ၀တ္ဖုိ႔ လႈံ႕ေဆာ္ေနတယ္။ အနီေရာင္ ေကာ္ေဇာေပၚမွာ အမည္းေရာင္ေတြ ျမင္ၾကရမယ္လုိ႔ ေမွ်ာ္မွန္းထားၾကတယ္။ အမ်ဳိးသားေတြကေတာ့ နဂုိကတည္းက အမည္းေရာင္ အေပၚေအာက္၀တ္စုံနဲ႔ တက္ေရာက္တဲ့ အစဥ္အလာရွိလုိ႔ အေထြအထူး မျဖစ္ဘူး။ စဲလီ အမ်ဳိးသမီးေတြအဖုိ႔ အမည္းေရာင္ ဆင္ျမန္းဖုိ႔ ကသီလင္တ ႏုိင္ေနတယ္။ နဂုိက ၀တ္ဆင္ဖုိ႔ ဆင္ျမန္းထားတဲ့ အ၀တ္အစားကုိ အမည္းေရာင္ အ၀တ္အစားနဲ႔ အစားထုိးၾကရမယ္။
ဖက္ရွင္ဟာ ဆႏၵထုတ္ေဖာ္ဖုိ႔အတြက္ အေရးပါတယ္။ အစဥ္အလာ ႀကီးမားတယ္။ ၁၉၀၈ ခုႏွစ္မွာ ေပၚေပါက္ခဲ့တဲ့ အမ်ုိးသမီးအေရး လႈပ္ရွားမႈမွာ ခ်ီတက္တဲ့ အမ်ဳိးသမီးေတြက အျဖဴကုိ သန္႔စင္ျခင္း၊ ခရမ္းကုိ ဂုဏ္သိကၡာ၊ အစိမ္းကုိ ေမွ်ာ္လင့္ျခင္း အဓိပၸာယ္ေဆာင္ၿပီး ၀တ္ဆင္ခဲ့ၾကတယ္။ အျဖဴေရာင္ စကပ္ေတြ ဆင္ျမန္းခဲ့ၾကတယ္။ ေနာက္ေတာ့ အျဖဴေရာင္ဟာ အမ်ဳိးသမီးအေရးကုိ ေတာင္းဆုိတဲ့အေရာင္ ျဖစ္လာခဲ့တယ္။
၂၀၁၆ အေမရိကန္ေရြးေကာက္ပြဲမွာလည္း ဟီလာရီကလင္တန္နဲ႔ သူ႔ကုိ ေထာက္ခံတဲ့ အမ်ုိးသမီးထုတုိ႔က

 

clinton

 

PussyhatPussyhat wowmen

trump

 

 

 

 

အျဖဴေရာင္ကုိ သုံးခဲ့ၾကတယ္။ 
ေနာက္ေတာ့ ပန္းႏုေရာင္ ပူစီဟက္ဆုိတဲ့ ေၾကာင္ဦးထုပ္ကုိ အမ်ဳိးသမီးအေရး လႈပ္ရွားမႈေတြမွာ သုံးၾကတယ္။ သုိးေမြးခ်ည္ကုိ တစ္ေခ်ာင္းထုိး အေျခခံအားျဖင့္ တတ္ထားရင္ ထုိးလုိ႔ရတဲ့ ဦးထုပ္ဖက္ရွင္ဒီဇုိင္း ျဖစ္ၿပီး ထပ္ႏွစ္ဖက္မွာ ေၾကာင္နားရြက္ေထာင္ထားတာေလး ထည့္ထုိးထားလုိ႔ ေၾကာင္ဦးထုပ္လုိ႔ အမည္တြင္တာ ျဖစ္တယ္။ အမ်ဳိးသမီးအေရးအတြက္ ဆႏၵထုတ္ေဖာ္ ခ်ီတက္ၾကတဲ့အခါ ပန္းႏုေရာင္ ေၾကာင္ဦးထုပ္ကုိ ေဆာင္းထားၾကတယ္။ ခ်ီတက္စု႐ုံးတဲ့ေနရာမွာ ပန္းႏုေရာင္ေတြ လႊမ္းသြားတယ္။ အဲဒီဦးထုပ္သုံးစြဲတာရဲ႕ အားသာခ်က္က အ၀တ္အစားကို ႀကိဳက္သလုိ ဆင္ျမန္းလုိ႔ရတယ္။ ဦးထုပ္ကလည္း လက္ေပြ႕အိတ္ထဲ အလြယ္တကူ ထည့္လုိ႔ရတယ္။ ဒီေတာ့ ခ်ီတက္တဲ့ေနရာေရာက္မွာ အသာထုတ္ယူၿပီး ေဆာင္းလုိက္ရုံပဲ။ ပြဲၿပီးသြားရင္ ျပန္သိမ္းလုိက္႐ုံပဲ။ အ၀တ္အစားလုိ တကူးတက မျဖစ္ဘူး။ အိမ္မွာ ကုိယ့္ဘာသာကုိယ္ ထုိးလည္းရတဲ့ဦးထုပ္။ အမ်ဳိးသမီးတုိ႔ရဲ႕ လက္မႈပညာကုိ ေဖာ္က်ဴးတယ္။ ဖက္ရွင္စတုိင္လ္ ရွိတယ္။ ထရန္႔ပ္ကုိ ဆႏၵျ့ပၾကေတာ့ ပန္းႏုေရာင္ ေၾကာင္ဦးထုပ္ေတြေဆာင္းၿပီး ျပခဲ့ၾကတယ္။
တကယ္ေတာ့ ထရန္႔ပ္မွာလည္း အေရာင္ဦးထုပ္ ရွိတယ္။ Make America Great Again လုိ႔ ေဖာ္ျပထားတဲ့ နီနီရဲရဲ ဦးထုပ္ျဖစ္ပါတယ္။

Uni

2018 Golden Globes ဆုပေးပွဲမှာ အမျိုးသမီးတွေကို လိင်စော်ကားခံရတာအတွက် ကန့်ကွက်ကြောင်း ပြသဖို့ အမည်းရောင် ဝတ်ဖို့ လှုံ့ဆော်နေတယ်။

အနီရောင် ကော်ဇောပေါ်မှာ အမည်းရောင်တွေ မြင်ကြရမယ်လို့ မျှော်မှန်းထားကြတယ်။

အမျိုးသားတွေကတော့ နဂိုကတည်းက အမည်းရောင် အပေါ်အောက်ဝတ်စုံနဲ့ တက်ရောက်တဲ့ အစဉ်အလာရှိလို့ အထွေအထူး မဖြစ်ဘူး။

စဲလီ အမျိုးသမီးတွေအဖို့ အမည်းရောင် ဆင်မြန်းဖို့ ကသီလင်တ နိုင်နေတယ်။ နဂိုက ဝတ်ဆင်ဖို့ ဆင်မြန်းထားတဲ့ အဝတ်အစားကို အမည်းရောင် အဝတ်အစားနဲ့ အစားထိုးကြရမယ်။
ဖက်ရှင်ဟာ ဆန္ဒထုတ်ဖော်ဖို့အတွက် အရေးပါတယ်။ အစဉ်အလာ ကြီးမားတယ်။

၁၉ဝ၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးအရေး လှုပ်ရှားမှုမှာ ချီတက်တဲ့ အမျိုးသမီးတွေက အဖြူကို သန့်စင်ခြင်း၊ ခရမ်းကို ဂုဏ်သိက္ခါ၊ အစိမ်းကို မျှော်လင့်ခြင်း အဓိပ္ပါယ်ဆောင်ပြီး ဝတ်ဆင်ခဲ့ကြတယ်။

အဖြူရောင် စကပ်တွေ ဆင်မြန်းခဲ့ကြတယ်။ နောက်တော့ အဖြူရောင်ဟာ အမျိုးသမီးအရေးကို တောင်းဆိုတဲ့အရောင် ဖြစ်လာခဲ့တယ်။
၂ဝ၁၆ အမေရိကန်ရွေးကောက်ပွဲမှာလည်း ဟီလာရီကလင်တန်နဲ့ သူ့ကို ထောက်ခံတဲ့ အမျိုးသမီးထုတို့က အဖြူရောင်ကို သုံးခဲ့ကြတယ်။
နောက်တော့ ပန်းနုရောင် ပူစီဟက်ဆိုတဲ့ ကြောင်ဦးထုပ်ကို အမျိုးသမီးအရေး လှုပ်ရှားမှုတွေမှာ သုံးကြတယ်။ သိုးမွေးချည်ကို တစ်ချောင်းထိုး အခြေခံအားဖြင့် တတ်ထားရင် ထိုးလို့ရတဲ့ ဦးထုပ်ဖက်ရှင်ဒီဇိုင်း ဖြစ်ပြီး ထပ်နှစ်ဖက်မှာ ကြောင်နားရွက်ထောင်ထားတာလေး ထည့်ထိုးထားလို့ ကြောင်ဦးထုပ်လို့ အမည်တွင်တာ ဖြစ်တယ်။

အမျိုးသမီးအရေးအတွက် ဆန္ဒထုတ်ဖော် ချီတက်ကြတဲ့အခါ ပန်းနုရောင် ကြောင်ဦးထုပ်ကို ဆောင်းထားကြတယ်။ ချီတက်စုရုံးတဲ့နေရာမှာ ပန်းနုရောင်တွေ လွှမ်းသွားတယ်။

အဲဒီဦးထုပ်သုံးစွဲတာရဲ့ အားသာချက်က အဝတ်အစားကို ကြိုက်သလို ဆင်မြန်းလို့ရတယ်။ ဦးထုပ်ကလည်း လက်ပွေ့အိတ်ထဲ အလွယ်တကူ ထည့်လို့ရတယ်

။ ဒီတော့ ချီတက်တဲ့နေရာရောက်မှာ အသာထုတ်ယူပြီး ဆောင်းလိုက်ရုံပဲ။ ပွဲပြီးသွားရင် ပြန်သိမ်းလိုက်ရုံပဲ။ အဝတ်အစားလို တကူးတက မဖြစ်ဘူး။ အိမ်မှာ ကိုယ့်ဘာသာကိုယ် ထိုးလည်းရတဲ့ဦးထုပ်။

အမျိုးသမီးတို့ရဲ့ လက်မှုပညာကို ဖော်ကျူးတယ်။ ဖက်ရှင်စတိုင်လ် ရှိတယ်။ ထရန့်ပ်ကို ဆန္ဒြ့ပကြတော့ ပန်းနုရောင် ကြောင်ဦးထုပ်တွေဆောင်းပြီး ပြခဲ့ကြတယ်။
တကယ်တော့ ထရန့်ပ်မှာလည်း အရောင်ဦးထုပ် ရှိတယ်။ Make America Great Again လို့ ဖော်ပြထားတဲ့ နီနီရဲရဲ ဦးထုပ်ဖြစ်ပါတယ်။

 

Read 751 times
Rate this item
(0 votes)
Tagged under