What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“ ထသွားထလာအဝတ်အစားလေးနဲ့ကြည့်ကောင်းနေအောင် ”

အပြင်သွားမုန့်စားလျှောက်လည်အလုပ်သွားတဲ့အခါသက်တောင့်သက်သာရှိတဲ့ထသွားထလာအဝတ်အစားတွေဝတ်ကြတာများပါတယ်။

ပွဲလမ်းတွေကိုဝတ်လေ့ရှိတဲ့တောက်တောက်ပြောင်ပြောင်အလန်းစားတွေကမှကိုယ့်ကိုကြည့်ကောင်းပြီးလှနေအောင်လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ ကိုယ်နေ့တိုင်းပုံမှန်ဝတ်စားနေတဲ့ထသွားထလာအဝတ်အစားတွေကိုဖက်ရှင်ကျကျဝတ်တတ်ရင် အချိန်တိုင်းကြည့်ကောင်းပြီးလှနေမှာပါ။

အရောင်တွဲဖက်ဝတ်ဆင်ခြင်း

အဝတ်အစားဒီဇိုင်းဘယ်လောက်ဆန်းနေဆန်းနေတွဲဝတ်ထားတဲ့အရောင်တွေကကကြိုးကကြောင် ဖြစ်နေရင်ဘယ်လိုမှကြည့်မလှနိုင်ပါဘူး။ကိုယ်အောက်ကဝတ်တဲ့ဘောင်းဘီကအပြာဆိုရင်ဝတ်ထားတဲ့ အကျီင်္မှာလည်းအပြာနည်းနည်းပါရပါမယ်။အဖြူရောင်အကျီင်္မှာအပြာအပွင့်လေးတွေပါတာမျိုးလိုပေါ့။ ဒါမှမဟုတ်လိုက်ဖက်ညီလေ့ရှိတဲ့အရောင်၂မျိုးကိုစပ်ဝတ်တာမျိုးလည်းလုပ်ပေးလို့ရပါတယ်။ဥပမာ အပြာနဲ့အဝါတွဲဝတ်တာမျိုးအနီနဲ့အနက်တွဲဝတ်တာမျိုးပေါ့။

ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်သောအဝတ်အစားရွေးချယ်ခြင်း

ကိုယ့်ခန္ဓာကိုယ်အချိုးအစားကိုကိုယ်သေချာသိထားမှဘယ်ဒီဇိုင်းကကိုယ်နဲ့လိုက်မယ်မလိုက်ဖူးဆိုတာ သိနိုင်မှာပါ။ကိုယ်ကလက်မောင်းတအားကြီးရင်လက်မောင်းကြီးတာမသိသာစေမယ့်အဝတ်အစားတွေ ကိုရွေးချယ်ဝတ်တာမျိုး၊ကိုယ်ကတင်ပါးသေးရင်တင်ပါးကြီးတယ်ထင်ရအောင်လုပ်ပေးနိုင်တဲ့စကပ် ဘောင်းဘီတွေကိုရွေးချယ်တာမျိုးပေါ့။

အသားကပ်ဘောင်းဘီ

ထသွားထလာအဝတ်အစားလို့ပြောလိုက်ရင်အသားကပ်ဘောင်းဘီတွေကမပါမဖြစ်ပါပဲ။သက်တောင့် သက်သာရှိသလိုဘာနဲ့တွဲဝတ်ဝတ်ကြည့်ကောင်းနေစေလို့အသားကပ်ဘောင်းဘီတွေဝယ်ထားပေးပါ။ ဘာအရောင်နဲ့တွဲဝတ်ဝတ်အဆင်ပြေအောင်အနက်ရောင်အသားကပ်ဘောင်းဘီကိုရွေးဝယ်ပါ။အခြား ကြိုက်တဲ့အရောင်ရှိရင်လည်းဝယ်လို့ရပါတယ်။လိုက်ဖက်ညီတဲ့အကျီင်္ဒါမှမဟုတ်ဂါဝန်ရှိနေပြီးသား ဆိုရင်ပေါ့။

ချစ်စရာကောင်းတဲ့အကျီင်္

အကျီင်္ပေါ်မှာရိုက်ထားတဲ့စတစ်ကာတွေအဆင်တွေကလူကိုကြည့်ကောင်းအောင်လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်အကျီင်္တွေတီရှပ်တွေဝယ်တဲ့အခါချစ်စရာကောင်းတဲ့အဆင်လေးတွေစတစ်ကာလေးတွေ ပါတာကိုရွေးဝယ်ပါ။လက်ရှည်အကျီင်္လေးတွေကိုဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်ပေးလည်းကြည့်လှ စေပါတယ်။

ဂျင်း

ထသွားထလာအဝတ်အစားဆိုမှတော့ဂျင်းကအဓိကပေါ့။ဘာမှဝတ်စရာမရှိရင်ဂျင်းဘောင်းဘီနဲ့ တီရှပ်လှလှလေးကိုတွဲဝတ်သွားလိုက်ရင်ဘယ်အချိန်ကြည့်ကြည့်မရိုးစေပဲကြည့်ကောင်းနေစေပါတယ်။ ဂျင်းအနက်ဒါမှမဟုတ်အပြာတွေကအကောင်းဆုံးရွေးချယ်မှုပါ။ဂျင်းအဖြူရောင်တွေကကျော့ရှင်းပြီး လှပစေလို့ဝယ်ထားသင့်ပါတယ်။

Read 918 times
Rate this item
(0 votes)