What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရောင်တွေက ဖော်ပြနေတဲ့ စိတ်ခံစားမှုတွေ

စိတ်ခံစားမှုပေါ်လိုက်ပြီး ဖက်ရှင်ကို ရွေး ချယ်ဝတ်ဆင်တတ်ကြပါတယ်။ ဒါပေ မယ့် တစ်ခါတလေမှာတော့ ကိုယ်တိုင် မသိလိုက်ဘဲ ရွေးချယ်လိုက်မိတဲ့ အရောင်တွေကနေ ကိုယ့် စိတ်အခြေအ နေကို ဖော်ပြနေတာမျိုးလည်း ရှိပါသ တဲ့။ အဲဒီအတွက် ဒီတစ်ပတ်မှာတော့ အရောင်တွေက ကိုယ်စားပြုနေတဲ့ စိတ် ခံစားမှုတွေနဲ့ ဘယ်လို အခြေအနေမျိုး တွေမှာ ဒီအရောင်တွေကို ရွေးချယ်လဲ ဆိုတာတွေကို ပေါင်းစပ်ဖော်ပြလိုက်ပါ တယ်။

အနက်
=====
ဘာကိုမဆို အစွန်းရောက်နေချိန်။ အားလုံး ပြည့်စုံနေတာ ဒါမှမဟုတ် ခံစား ရတာတွေနဲ့ ပြည့်နှက်နေတာ။ 
ဒါကြောင့် အနက်ကို ဝမ်းနည်း ခြင်းကို ကိုယ်စားပြုချိန်တွေနဲ့ တည် တည်ကြည်ကြည် ရှိဖို့ လိုအပ်ချိန်တွေမှာ အဝတ်များပါတယ်။

အဖြူ
====
ကြည်စင် သန့်ရှင်းခြင်း၊ အသစ်တစ် ဖန် စတင်နိုင်ခြင်း။
ကြည်လင် တက်ြွကနေချိန်တွေမှာ အဖြူရောင်လေး ဝတ်ဆင်ထားတာနဲ့ တကယ်လိုက်ဖက်တာပေါ့။ နွေးထွေး ခြင်း၊ သန့်စင်ခြင်း၊ ဟာမိုနီဖြစ်ခြင်းနဲ့ အားပေးနိုင်ခြင်းတွေကိုလည်း အဖြူ ရောင်ကနေ ရရှိနိုင်ပါတယ်။

ရွှေ
====
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိ ပြီး တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြည့်စုံ ကုံလုံနေချိန်။ 
ပွဲလမ်းသဘင်တွေအတွက် ရွေး ချယ်မှုများတာ ဒါကြောင့်ပါပဲ။

ငွေ
====
စိတ်တည်ငြိမ်နေချိန်။ နက်ဂတစ် အတွေးအမြင်တွေကို လစ်လျူရှုနိုင်ပြီး အကောင်းဘက်ကို ပြောင်းလဲပစ်နိုင် ချိန်။
ဒါဟာ ငွေရောင်ကို တန်ဖိုးထား ချင်စရာ ပစ္စည်းတွေမှာ အသုံးများကြတဲ့ အဓိပ္ပါယ်ပါပဲ။

မီးခိုး
===
ဘာအတွက်နဲ့မှ ဘဝဟာ မက်မော နေချင်စရာ မကောင်းဘူးလို့ ခံစားနေ ရချိန်။ မတည်ရှိချင်စိတ်တွေ များနေ တတ်ချိန်။ 
ဒါကြောင့် အသက်ကြီးပိုင်းလူတွေ ရွေးချယ်တတ်တာပါ။

အပြာစိုစို
======
အကောင်းမြင်စိတ် မြင့်မား၊ ချစ် တတ်၊ သစ္စာရှိ၊ စမတ်ဖြစ်တယ်။
အပြာရောင်ကို ရုံးဝတ်စုံယူနီဖောင်း တွေမှာ အတွေ့ရများတာ ဒီအချက် ကြောင့်ပါပဲ။

အညို
=====
ကမ္ဘာမြေကြီးကို ကိုယ်စားပြုတဲ့ အား အင်ရှိသော အရောင်။
အညိုရောင်ကို ဝတ်ဆင်ထားချိန်မှာ တစ်ဖက်လူက သင့်ကို တည်ကြည် တယ်၊ စမတ်ဖြစ်တယ်၊ လွတ်လပ်တယ် လို့ ခံစားမိစေပါတယ်။

အနီ
======
ဘဝမှာ တည်ရှိနေခြင်းရဲ့ အကြောင်းရင်းခံကို ဖော်ပြလိုချိန်။ အင် အားရှိပြီး အများရဲ့ စိတ်ဝင်စားမှုကို ရယူ နိုင်ချိန်။
စိတ်တက်ြွကပြီး ခေါင်းဆောင်နိုင်သူ တွေ အနီရောင်ကို နှစ်သက်တတ်ကြတာ ဒီအားသာချက်ကြောင့်ပါပဲ။

ပန်းနု
====
အမျိုးသမီးဆန်မှု၊ အချစ်ခံလိုမှုကို ကိုယ်စားပြုတယ်။ 
ဒါပေမယ့် အမျိုးသားတစ်ယောက် ကြွကက်သားတွေနဲ့ သန်မာပုံရှိပြီး အမျိုးသမီးတွေအပေါ် နားလည်မှု အပြည့်အဝနဲ့ ကြင်နာတတ်ရင်လည်း ပန်းနုရောင်ကို နှစ်သက်တတ်ပါသတဲ့။

အဝါ
=====
ပျော်ရွှင်မှု၊ တက်ြွကမှု၊ အကောင်း မြင်စိတ် အြွကယ်ဆုံးအချိန်။
အဝါရောင်ဟာ ဥာဏ်ပညာ ထက် မြက်မှုနဲ့ အတွေးအမြင်တွေြွကယ်ဝဖို့ ကိုလည်း အားပေးတာမို့ စာသင်ခန်းတွေ မှာ အသုံးများပါတယ်။

အစိမ်း
====
သဘာဝဆန်တာ၊ နုပျိုတာ၊ ရက်ရောတာ၊ ငြိမ်းချမ်းစေတာ။အစိမ်းရောင်တွေကို နှစ်သက်သူ တွေဟာ တစ်ဖက်သားရဲ့ ခံစားမှုကို နက် နက်နဲနဲ နားလည်ပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။

source:now

Read 1045 times
Rate this item
(1 Vote)