What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားတွေ မနှစ်သက်ကြတဲ့ ချစ်သူကောင်မလေးရဲ့ အဝတ်အစား အပြင်အဆင်များ

တစ်ခါတလေမှာ အမျိုးသားတွေဟာ သူချစ်သူကောင်မလေးရဲ့ ဝတ်စားဆင်ယင်မှုကို မကြိုက်နှစ်သက်တာတွေ ရှိကြပါတယ်။ ဘယ်လို အဝတ်အစားတွေကို မနှစ်သက်တာလဲဆိုတာ ကြည့်လိုက်ရအောင်..

၁။ အသားကပ်ဘောင်းဘီ နှင့် အဆန်းထွင်ထားတဲ့ ဘောင်းဘီတွေ

Leggings and weird pants min

ဒီလို ဘောင်းဘီကျပ်တွေကို အမျိုးသားအများစုက မနှစ်သက်ကြပါဘူး။ အများမြင်မှာ ကြည့်ရဆိုးစေပြီး ကြောင်တောင်တောင်နိုင်လွန်းပါတယ်။ ဒီလို ပုံစံမျိုးကို မရွေးချယ်သင့်ပါဘူး။

၂။ တီရှပ် နဲ့ ရှပ် dress ပွပွတွေ

Shirt dresses and T shirt dresses min

တီရှပ် ပွပွကြီးတွေက ခန္ဓာကိုယ် ပိုဝစေတယ်လို့ ထင်စေနိုင်ပြီး ခန္ဓာကိုယ်ပေါ်လွင်မလှပါဘူး။ ချစ်သူကောင်လေးတွေအနေနဲ့ ကွက်တိဖြစ်စေမယ့် တီရှပ်တွေ ဝတ်ဆင်တာကို လိုချင်ကြတာ အမှန်ပါပဲနော်။

၃။ ဘာဘီလိုမျိုး အင်္ကျီပန်းရောင်

Barbie pink min

ပန်းရောင်တွေက မိန်းကလေးတွေအတွက် အသင့်လျော်ဆုံးအရောင်ဆိုပေမယ့် အမျိုးသားတွေကတော့ ကလေးဆန်တယ်ပုံပေါက်တာကြောင့် သိပ်ပြီးတော့ မနှစ်သက်ကြပါဘူး။

၎။ ပြောင်လက်လက် အဝတ်အစားများ

Sequins and sparkles on clothes min

ပြောင်လက်လက်ပြီး အလှဆင်ထားတဲ့ အဝတ်အစားတွေက အမျိုးသားတွေအမြင်မှာ အပေါစားဆန်စေပါတယ်။ စမတ်ကျပြီး ဆွဲဆောင်မှုရှိစေတဲ့ dress မျိုးကိုပဲ ရွေးချယ်ပါ။

၅။ အတွန့်အခေါက်အင်္ကျီတွေ

Ruffles min

တွန့်ရာခေါက်ရာတွေပါတဲ့ dress များဟာ ရှုတ်ယှက်ခက်ပြီး သင့်အလှကိုလည်း မပေါ်လွင်စေနိုင်ပါဘူး။ ဒီလိုမျိုးအဝတ်အစားတွေကို date လုပ်တဲ့အခါ မဝတ်ဆင်ဖို့ ရှောင်ရှားသင့်ပါတယ်။

အသက်(၃ဝ)ကျော်ပြီးနောက် စွန့်လွှတ်မေ့ဖျောက်သင့်တဲ့ ဝတ်စားဆင်ယင်မှု အပိုင်းတွေ

၆။ ဂျင်းဘောင်းဘီအပြဲ

Ripped clothes min

ဂျင်းဘာင်းဘီအပြဲတွေဟာ မသပ်ရပ်ဘဲ ဖရိုဖရဲနိုင်တာကြောင့် အမျိုးသားတွေ မကြိုက်နှစ်သက်ကြပါဘူး။ အဲ့ဒီအစား ရိုးရှင်းတဲ့ ရျင်းဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၇။ စကပ်တို

Miniskirts min

စကပ်တိုဟာ တိုတောင်းပြီး မလုံ့တလုံ့ ဖြစ်တာကြောင့် ချစ်သူကောင်လေးတွေ လုံးဝမကြိုက်နှစ်သက်တဲ့ အရာတစ်ခုပါ။ လုံခြုံပြီး ချစ်စရာကောင်းတဲ့ midi skirt လေးတွေကို ရွေးချယ်နိုင်ပါတယ်။

၈။ High heel platform boots

High heel platform boots min

အမျိုးသားတွေက ဒီလိုပုံစံဖိနပ်မျိုးကို မနှစ်သက်ကြပါဘူး။ သက်တောင့်သက်သာမရှိဘူးလို့လဲ ခံစားရပါတယ်။

 

Author:TDA

Read 11396 times
Rate this item
(1 Vote)