What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ပေါင်လုံးကြီးသူများရဲ့ဖက်ရှင်ပြသနာများ"

စားသမျှအဆီတွေကအခြားဘယ်နေရာမှမသွားပဲပေါင်မှာပဲသွားစုနေလို့တစ်နေ့တစ်ခြားပေါင်လုံးကြီး

လာရသူတွေအများကြီးရှိပါတယ်။အရပ်အမောင်းအသက်အရွယ်မတူရင်တောင်မှကြုံရတဲ့ပြသနာတွေ ကတော့အတူတူပါပဲ။

အထိုင်များတဲ့သူဖြစ်ပြီးလမ်းသိပ်မလျှောက်ဖြစ်ဘူးဆိုရင်ပေါင်အဆီတွေကကျဖို့ မလွယ်ပါဘူး။ဒီတော့အဝတ်အစားနဲ့ပဲကြံဖန်ပြီးဖုံးကြရတာပေါ့။ဘာပဲဖြစ်ဖြစ်ကိုယ့်မွေးရာပါခန္ဒာကိုယ် ဖြစ်လို့ချစ်ခင်မြတ်နိုးသင့်ပါတယ်နော်။ပေါင်ကြီးတာနဲ့မလှဘူးလို့တော့မထင်ပါနဲ့ပိုပြီးတောင်ဆွဲဆောင်မှု ရှိပါသေးတယ်။

ဂါဝန်ကအကျီင်္ဖြစ်သွားတတ်ခြင်း

အွန်လိုင်းပေါ်မှာတွေ့တုန်းကတော့ဂါဝန်တိုလေးပါပဲ။ဒါပေမယ့်ကိုယ့်ပေါင်ဆိုဒ်ကကြီးနေတော့ကိုယ် ဝတ်လိုက်တဲ့အခါမှာအပေါ်ကိုတိုတက်သွားလို့ဂါဝန်မဟုတ်တော့ပဲအကျီင်္ဖြစ်သွားရလေ့ရှိပါတယ်။ အောက်ကနေအသားကပ်ဘောင်းဘီရှည်မျိုးနဲ့တွဲဝတ်မှရတဲ့အခြေအနေရောက်သွားတာမျိုးကြုံ ဖူးကြမှာပါ။

 ဘောင်းဘီဝယ်ရခက်ခြင်း

ကိုယ့်ခါးကအဲ့လောက်မကြီးပေမယ့်ပေါင်ဆိုဒ်ကကြီးနေရင်ဘောင်းဘီဝယ်တဲ့အခါပြသနာတက်ရလေ့ရှိ ပါတယ်။ဘောင်းဘီခါးဆိုဒ်ကကိုယ်နဲ့ကွက်တိဖြစ်ပေမယ့်ပေါင်ကကြီးနေတော့ဝတ်မရဖြစ်တာစိတ်ညစ် ဖို့အကောင်းဆုံးပါပဲ။ကိုယ့်ပေါင်တော်အောင်ခါးဆိုဒ်အကြီးကြီးဝယ်ရပြီးခါးပါတ်ပါတ်ဝတ်မှအဆင်ပြေ ရပါတယ်။

အပေါ်တိုတက်သွားခြင်း

ဘောင်းဘီတိုတွေစကပ်တိုတွေဝတ်ပြီးလမ်းလျှောက်လိုက်တိုင်းအပေါ်ကိုတိုတိုတက်သွားလို့ဆွဲချချနေ ရတယ်ဆိုရင်တော့တရားခံကပေါင်ပါပဲ။ထိုင်တဲ့အခါမှလည်းအပေါ်တက်တက်သွားတြ့ပသနာကြောင့် စိတ်လွတ်ကိုယ်လွတ်မထိုင်ရပါဘူး။

 ပေါင်ပွန်းခြင်း

လမ်းလျှောက်တာလေ့နည်းနည်းများလိုက်ပြီဆိုရင်ပေါင်ပွန်းတဲ့ပြသနာကစပါပြီ။ပူအိုက်တဲ့ရာသီဆိုရင် ချွေးထွက်တြဲ့ပသနာကအစစ်ပါပါသေးတယ်။ဂျိုင်းမှာလိမ်းရတဲ့ဂျိုင်းတောင့်ကိုပေါင်ခြံမှာလိမ်း ရတဲ့အဖြစ်မျိုးပေါ့။

အကျပ်ဝတ်မရခြင်း

ကိုယ့်ပေါင်ဆိုဒ်ကိုဖုံးခြင်တော့ကိုယ်ကျပ်မဝတ်ဖြစ်ပဲဂါဝန်ကားကားစကပ်ကားကားဘောင်းဘီပွပွ တွေပဲဝတ်နေရတတ်ပါတယ်။

Read 1715 times
Rate this item
(0 votes)