What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်(၃ဝ)ကျော်ပြီးနောက် စွန့်လွှတ်မေ့ဖျောက်သင့်တဲ့ ဝတ်စားဆင်ယင်မှု အပိုင်းတွေ

အချိန်နဲ့အမျှ ဖက်ရှင်တွေက ပြောင်းလဲသလိုပဲ ကိုယ်ရဲ့အသက်အရွယ်ပေါ်လိုက်ပြီး ဝတ်စားဆင်ယင်မှုတွေကိုလည်း ပြောင်းလဲသင့်ပါတယ်။ အခုပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အသက်(၃ဝ)ကျော်အမျိုးသမီးတွေအနေနဲ့ ဝတ်စားဆင်ယင်မှုအပိုင်းမှာ စွန့်လွှတ် ရှောင်ရှားသင့်တဲ့အရာတွေကို ပြောပြပေးချင်ပါတယ်နော်။

1. လက်ကိုင်အိတ်တွေကို အသုံးပြုခြင်း

Clutch bags on a regular basis min

ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက်တော့ ဒီလိုလက်ကိုင်အိတ်တွေကို နေ့စဉ်အသုံးအဆောင်ပစ္စည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အသက်(၃ဝ)ကျော်ပြီးနောက်မှာတော့ ဒီလို အိတ်တွေဟာ အထူးပွဲအခမ်းအနားတွေအတွက် သယ်ဆောင်ရာမှာ ပိုကောင်းပါတယ်။ ပုံမှန်သွားလာရတဲ့ နေ့တွေမှာဆိုရင် လက်ဆွဲအိတ် အလတ်စားတွေကို ဦးစားပေး ရွေးချယ်ပါ။

2. ပုတီးလုံးလက်ကောက်များ

Bracelets with pendants min

ဆယ်ကျော်သက်တုန်းက ဒီပုတီးလုံးလက်ကောက်များကို ဝတ်ဆင်တာက လိုက်ဖက်မှုရှိလှပေမယ့် ခုချိန်မှာတော့ သင့်ကို ကလေးဆန်တဲ့ပုံပေါက်စေပါတယ်။ အဲ့ဒီအစား ရိုးရှင်းပြီး ကြည့်ကောင်းစေမယ့် လက်ကောက်မျိုးကိုဘဲ ဝတ်ဆင်ပါ။

3. အရောင်တောက်တောက် ဘောင်းဘီအကျပ်တွေ

Colorful tights min

အရောင်တောက်တောက် ဘောင်းဘီအကျပ်တွေက ကျောင်းသူကောင်မလေးတွေအတွက်တော့ ကြည့်လိုကောင်းစေပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေအနေနဲ့ ဒီလိုမျိုးဝတ်စား ဆင်ယင်မယ်ဆိုရင် ကြည့်ရဆိုးစေပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။

4. ခေါင်းစွပ်အင်္ကျီပွပွ

Boyfriend hoodies min

အင်္ကျီပွပွအဝတ်အစားတွေဟာ သင့်ရဲ့ခန္ဓာကိုယ်ပုံပန်းကို ဖျက်ဆီးစေနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ ဆိုဒ်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

5. ပုံသဏ္ဍန်မရှိတဲ့ အပေါ်ဝတ် အနွေးထည်အင်္ကျီများ

Shapeless cardigans min

ပုံစံမကျတဲ့ အနွေးထည်တွေကို စွန့်လွှတ်ဖို့ အချိန်ရောက်ပါပြီ။ အနွေးထည်အစား စတိုင်ကျစေတဲ့ ကုတ်အင်္ကျီတွေကို အစားထိုး ဝတ်ဆင်နိုင်ပါတယ်။

6. ဆယ်ကျော်သက် အဝတ်အစားတွေ

Teenage dresses min

လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေက သင်နဲ့ကိုက်ညီမှုရှိပြီး ထင်ပေါ်လှပခဲ့ပေမယ့် (၃ဝ)ကျော်နောက်ပိုင်းမှာတော့ ဒါတွေကို ပြန်ဝတ်ဆင်ဖို့တာ ဘယ်လိုမှ သဟဇာတ ဖြစ်မှာမဟုတ်ပါဘူး။

သင့်ကို ကြည့်ရဆိုးစေနိုင်တဲ့ ဖက်ရှင် (၈)မျိုး

7. အမွှားမွှားတွေနဲ့ လုပ်ထားတဲ့ ဦးထုပ်

Hats with pom poms min

ကလေးဆန်ပြီး သင့်အသက်အရွယ်နဲ့လည်း လိုက်ဖက်မှုမရှိပါဘူး။ အဲ့ဒီအစား ရိုးရှင်းတဲ့ ဦးထုပ်မျိုးကို ရွေးချယ်ပါ။

8. ဆိုဒ်မရှိတဲ့ ဘောင်းဘီပွပွတွေ

Pants with no size min

အရွယ်အစားမရှိတဲ့ ဘောင်းဘီတွေဟာ အသက်ကြီးတဲ့ ပုံပေါက်စေပြီး ခန္ဓာကိုယ်ပေါ်လွင်လှပမှုလဲ မရှိစေပါဘူး။ ဒါကြောင့် ပေါ်လွင်လှပပြီး မှန်ကန်တဲ့ ဆိုဒ်မျိုးကို ရွေးချယ်စေချင်ပါတယ်နော်။

9. ဖိနပ်အပါးများ

Flip flops min

ဖိနပ်အပါးများကို ဝတ်ဆင်ခြင်းဟာ သက်တောင့်သက်သာရှိပြီး ပေါ့ပါးပေမယ့် သင့်ကိုပိုပြီး စမတ်ကျစေမယ့် ဒေါက်မြင့်ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။ ကြော့ရှင်းလှပပြီး အသက်(၃ဝ)ကျော် အမျိုးသမီးတွေအတွက်တော့ အလိုက်ဖက်ဆုံးပါပဲနော်။
အခုပြောပြပေးခဲ့တဲ့အရာတွေကတော့ (၃ဝ)ကျော်မမတွေအတွက် ဘယ်လို ဝတ်စားဆင်ယင်မှုတွေကို ရှောင်ရှားရမလဲဆိုတာသိလောက်ပြီပေါ့နော်။

 

Author:TDA

Read 6530 times
Rate this item
(1 Vote)