What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ဖက်ရှင်"

အသက်ဘယ်လောက်ရှိပြီအသက်ဘယ်လောက်ကြီးပြီဆိုတာ

အရေးမကြီးတော့ပါဘူး။ကိုယ်ကငယ်တယ်ထင်နေရဖို့ကအရေးကြီးတာပါ။ဒါဆိုရှိရင်းစွဲအသက်ထက်ပိုငယ်သွားစေပြီးချစ်စရာကောင်းသွားအောင်ဘယ်လိုဝတ်ကြမလဲ။မိတ်ကပ်တွေနဲ့အသက်ငယ်အောင်ပြင်ရုံတင်မလုံလောက် ပါဘူး။သင့်တော်တဲ့အဝတ်အစားဝတ်ပြီးချစ်စရာကောင်းသွားအောင်လုပ်လို့ရပါတယ်။

၁. သင့်တော်တဲ့အဝတ်အစား

ဘောင်းဘီတွေဝတ်မယ့်အစားစကပ်လေးတွေဂါဝန်လေးတွေဝတ်ပေးပါ။စကပ်တွေဂါဝန်တွေဝတ် လိုက်ရင်သိသိသာသာကြီးငယ်သွားစေပြီးချစ်စရာကောင်းသွားစေပါတယ်။ဘောင်းဘီဝတ်ချင်ရင်တော့ ဘောင်းဘီအရှည်ကြီးတွေဝတ်မယ့်အစားသရီးကွာတားဘောင်းဘီလေးတွေဘောင်းဘီ တိုလေးတွေဝတ်ပေးပါ။

၂. pattern

အကျီင်္ပေါ်မှာချစ်စရာကောင်းတဲ့စတစ်ကာလေးတွေ pattern လေးတွေပါတဲ့အကျီင်္တွေဝတ်ပေးပါ။ ဥပမာအသဲပုံလေးတွေအရုပ်လေးတွေပါတဲ့အကျီင်္တွေတီရှပ်လေးတွေဝတ်ပေးပါ။

၃. သက်တောင့်သက်သာရှိသောအဝတ်အစား

ချစ်စရာကောင်းတယ်ဆိုတဲ့အသွင်ကိုလိုချင်ရင်သက်တောင့်သက်သာအရှိဆုံးဒီဇိုင်းတွေဝတ်ပေးရ မှာပါ။အရမ်းကြီးကျပ်တာတွေမဝတ်ပါနဲ့။ကိုယ်နဲ့ကွက်တိဖြစ်တာတွေကိုပဲရွေးဝတ်ပါ။

၎. အရောင်

အရောင်ကိုလည်းတောက်တောက်ကြီးတွေမဝတ်ပါနဲ့။အရောင်ဖျော့ဖျော့နုနုလေးတွေကမှငယ်ရွယ် ပြီးနူးညံ့သွားစေမှာပါ။ခရမ်းရောင်၊ပန်းရောင်ဒါမှမဟုတ်အပြာနုရောင်လေးတွေကိုအဓိကထားရွေးချယ်ပေးပါ။အနက်ရောင်တွေအညိုရောင်တွေနဲ့အပြာရင့်တွေမဝတ်ပါနဲ့။

၅. ပန်းပွင့်ပါတဲ့အဆင်

အကျီင်္မှာပန်းပွင့်အဆင်တွေပါတာမျိုးတွေကကလေးဆန်ပြီးချစ်စရာကောင်းတဲ့အသွင်ကိုရစေပါ တယ်။အကျီင်္ပေါ်မှာပန်းပွင့်လေးတွေရိုက်ထားတာမျိုးဝတ်လည်းရသလိုရင်ဘတ်မှာပန်းပွင့်လေး ကပ်ထားပေးရင်လည်းအဆင်ပြေပါတယ်။

၆.ရေမွှေး

ပြီးပြည့်စုံသွားစေဖို့ပန်းရနံ့လေးတွေပါတဲ့ရေမွှေးလေးစွတ်ပေးပါ။အနံ့သင်းသင်းလေးပါတာကိုရွေးပါ။

၇. ဖိနပ်

ဖိနပ်ကိုလည်းဒေါက်ဖိနပ်တွေစီးတာထက်အပိတ်ရှူးဖိနပ်လေးတွေ sneakers လေးတွေစီးပေးရင် ချစ်စရာပိုကောင်းစေပြီးငယ်ရွယ်တဲ့အသွင်ရစေပါတယ်။

Read 903 times
Rate this item
(0 votes)