What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှပ်အဖြူ တစ်ထည်ရှိရုံနဲ့ဘယ်လို စတိုင်လ်ကျအောင် ဝတ်နိုင်မှာလဲ

ရှပ်အဖြူ တစ်ထည်ရှိရုံနဲ့ဘယ်လို စတိုင်လ်ကျအောင် ဝတ်နိုင်မှာလဲ google

ရှပ်အဖြူရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်အတွဲအစပ်လေး နဲ့ ပိုထူးခြားအောင် ဘယ်လိုဝတ်မလဲ ဆိုတာတွေကို အမေးအဖြေ ပုံစံမျိုးနဲ့ ပြောပြ ပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ဆီမှာ ရှပ်အဖြူလေးတစ်ထည် ရှိတယ် ဆိုရင် ဒီဇိုင်းဘယ်နှစ်မျိုးလောက် ထွက်အောင် ဝတ်နိုင်မလဲ။
အိုင်ဒီယာရှိရင် ရှိသလောက်ပါပဲ။ သူ့ကို Mom jeans၊ Skinny jeans တွေအပြင် Wide pant တွေ၊ paper bag pant တွေ၊ Ruffle စကတ်အတွန့်လေးတွေ၊ tight skirt၊ pencil skirt တွေအပြင် ဂျင်း ဘောင်းဘီအတို၊ leather pant၊ Style pant၊စကတ်အကားလေးတွေ၊ Overall စတာတွေ အားလုံးနဲ့ တွဲဝတ်လို့ ရပါတယ်။

3

 

Read: ဖိနပ်အနီနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အတွဲအစပ်များ

ပိုထူးခြားအောင် ဘယ်လိုလေး တွေ ဝတ်နိုင်သေးလဲ။
လည်ပင်းမှာ scarf လေးတွေ ပတ်ပြီး ဖြစ်ဖြစ်၊ တွဲဝတ်တဲ့ စကတ် ဒါမှမဟုတ် ဘောင်းဘီထဲကို အကျီအောက်နားထည့်ပြီး တော့ ဖြစ်ဖြစ်၊အကျီအောက်နား ရှေ့ဘက်တင် မဟုတ်ပဲ အားလုံးကို ဘောင်းဘီထဲ ထည့်ဝတ် ခါးပတ်ထပ်ပတ်ပြီး vintage ဘက်ရောက်အောင်ပဲ ဖြစ်ဖြစ်၊
လက်အရှည်ကို တစ်တောင် ဆစ်ထိ ရောက်အောင် ပင့်တင်ဝတ်ပြီးတော့ ဖြစ်ဖြစ်၊ size ကြီးတဲ့ရှပ်ကို ဒီအတိုင်းအပွ အတိုင်းဝတ်တာပဲ ဖြစ်ဖြစ်၊ ရှေ့ကြယ်သီးကို တစ်လုံးကနေ နှစ်လုံးဖြုတ်ဝတ်တာပဲ ဖြစ်ဖြစ် တစ်ကြိမ်နဲ့တစ်ကြိမ် မတူအောင် ပြောင်းဝတ် လို့ရပါတယ်။

1

 

ပွဲတက်အတွက်ဆိုရင်ရော ဝတ်နိုင်ပါ သလား။
ရှပ်အဖြူကို ပွဲတက်အတွက် သူနဲ့တွဲ မယ့် စကတ်ဘောင်းဘီ စတာတွေကို ထင်ရှား မယ့် ကာလာ ဒါမှမဟုတ် အသား ဒါမှမဟုတ် ထူးခြားတဲ့print စတာတွေရွေးပြီး တွဲပါ။ ကာလာဆို အနီ၊ အဝါ စသဖြင့် ထူးခြားတဲ့ ကာလာမျိုး။အသားဆို leather လို ထင်းတဲ့ ဟာမျိုး၊ print ဆိုရင်လည်း အရောင်တောက်ပြီး ဆန်းတဲ့ print စသဖြင့် ရွေးပါ။ jean နဲ့ပဲ တွဲချဝတ်လိုက်ပြီး ဖိနပ် အိတ် စတာတွေကို ကာလာအတောက် ဆင်မြန်းလိုက်တာမျိုးလည်း ရပါတယ်။

7

Source: I am Fashion

Myanmar Textile and Garment Directory

Read 1599 times
Rate this item
(1 Vote)
Tagged under