What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖိနပ်အနီနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အတွဲအစပ်များ

ဖိနပ်အနီနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အတွဲအစပ်များ google

ဟိုးအရင်က အမျိုးသမီးတစ်ယောက်ဟာ နှုတ်ခမ်းနီ နီနီရဲရဲ ဆိုးထားရင် sexy ကျပြီး အကျီအနီရဲရဲ ဝတ်ထားရင်၊ ဒါမှမဟုတ် အနီ ရောင်ကို သဘောကျတဲ့သူဆိုရင်

သူမရဲ့စိတ် ဟာ ရဲရင့်ပြီး ထက်မြက်တဲ့သူ ဖြစ်မယ်လို့ သတ်မှတ်ကြတယ်။ အနီရောင်ဟာ လူတိုင်း သဘောကျရင်တောင် ဝတ်ဖို့ တွန့်ကြတဲ့ အရောင် ဖြစ်ပါတယ်။ သူက လူအများကြား မှာ ထင်းပြီး သူနဲ့ တွဲစပ်ဖို့အတွက်လည်း သေချာ စဉ်းစားရတာကြောင့်ပါ။

ဒါဆို အနီရောင်နဲ့ ပတ်သက်တဲ့ အဝတ် အစား အသုံးအဆောင်ဝယ်ဖို့ လက်တွန့်နေ ရမှာလားလို့ မေးရင်တော့ No လို့ ဆိုပါရစေ။ ခုချိန်မှာ အနီရောင်ဟာ ပေါ်ပြူလာဖြစ်နေတဲ့ ကာလာပါ။ ဒါ့အပြင် အမျိုးသမီးတစ်ယောက် မှာ ဒီလိုရဲရင့်ပြီး ထင်ရှားတဲ့ အနီလို ကာလာ မျိုးနဲ့ ပတ်သက်တဲ့ အဝတ်အစား အသုံး အဆောင်တွေ ရှိကိုရှိသင့်ပါတယ်။ တခြားဟာ တွေ မရှိရင်တောင် အနည်းဆုံး နီနီရဲရဲ ဖိနပ် လေး တစ်ရံ ဖြစ်ဖြစ်ပေါ့။

ပြောတာကတော့ လွယ်တာပေါ့။ ပြီးရင် အဲ့ ဖိနပ်အနီအတွက် အပေါ်က ဘယ်လိုအဝတ် အစားမျိုး ဝတ်ရမှာတုန်းလို့ မေးချင်ကြပါလိမ့် မယ်။ အထူးသဖြင့် ကိုယ့်မှာ အနီနဲ့ ပတ်သက်တဲ့ အကျီ၊၊ တခြားအဆင်တန်ဆာ ဘာညာလည်း မရှိဘူးဆိုရင်ပေါ့။ ဒီ့အတွက် တော့ စိတ်မပူနဲ့နော်။ ဒီပြသနာအတွက် အောက်က အချက်လေးတွေကို ဖတ်ကြည့်ကြည့်ပါ။

(၁) Suit တွေနဲ့ တွဲဖက်ဆင်မြန်းပါ။ အပေါ်က Suit မှာ အနီရောင်နဲ့ ပတ်သက်တာ တစ်ခုမှ မပါလည်း လိုက်တာပါပဲ။

1

 

(၂) အဖြူ ဝမ်းဆက်/အနက်ဝမ်းဆက်/ နက်ပြာ စတာတွေနဲ့တွဲဝတ်နိုင်ပါတယ်။

2

Read: မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ အိတ်များ

(၃) အပေါ်ကအဖြူ ၊ အောက်က jeans နဲ့ တွဲ လည်း မိုက်တာပါပဲ။

3

 

(၄) black and white နဲ့လား။ အထာကျပြီး သားနော်။

4

 

(၅) ရိုးရိုးကြီးဝတ်ရတာ ပျင်းလို့ ကာလာတွေ ကစားချင်ရင် အဖြူ၊၊ အဝါ အတွဲအစပ်နဲ့ ဖိနပ် အနီ တွဲချလိုက်ရသေးတယ်နော်။ Taylor Swift ဆို အဝါနဲ့ အနီ အမြဲတွဲ ဝတ်တတ်သူပါ။

5

 

(၆) အပေါ်အကျီ/dress စတာတွေက အစင်းတွေ၊ poka dot ၊အကွက်တွေ ဖြစ်နေရင် လည်း ဖိနပ်အနီနဲ့ လိုက်ဖက်ကြောင်း ပြောပါရစေ။

6

 

(၇) အသားရောင်၊ အညိုရောင် ၊ ရွှေရောင် ဒါတွေနဲ့ ဖိနပ်အနီဆို ပွဲပါတက်ပစ်လို့ ရ တယ်နော်။

7

 

(၈) အကျီ၊၊ coat၊ Jacket နဲ့ Cardigan စတဲ့ တစ်ခုခုက အနီကာလာလေး ပါတာမို့ ဖိနပ်အနီနဲ့ ပြန်တွဲဝတ်တာမျိုးကတော့ အထူးတလည် လိုက်ဖက်ကြောင်း ပြောနေစရာ မလိုတော့ပါဘူး။

8

 

(၉) နောက်ဆုံး ကိုယ်ဝတ်ထားတဲ့ outfit မှာ အနီမပါတာကြောင့် ဖိနပ်နဲ့ဦးထုပ်စတာ တွေကို အနီရောင်နဲ့ ပြန်ချိန်ညှိုပြီးတော့ လည်း ဝတ်နိုင်ပါသေးတယ်။

9

 

အနီရောင်ဟာ ပွဲတိုးပြီး လူကြားထဲ ထင်ရှားစေတဲ့ အရောင်ပါ။ ကိုယ့်ဝတ်စုံက ရိုးနေတယ်၊ ဘာညာဆိုရင်တောင် ဖိနပ်အနီ လေးနဲ့ ပြန်ထိန်းဝတ်နိုင်တယ်ဆိုတာ မမေ့ပါ နဲ့။

Source: I am Fashion

Myanmar Textile and Garment Directory

Read 1928 times
Rate this item
(0 votes)