What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မယ့် လက်ကိုင်အိတ်ကို ဘယ်လိုရွေးချယ်မလဲ...

မိန်းကလေးတွေအနေနဲ့ မရှိမဖြစ် လိုအပ်တဲ့ လက်ကိုင်အိတ်ရွေးချယ်တဲ့နေရာမှာ ကိုယ်နဲ့ လိုက်ဖက်မှုရှိပြီး ပိုကြည့်ကောင်းစေနိုင်တဲ့ အိတ်ကိုရွေးချယ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်နော်။ ဒါဆို လက်ကိုင်အိတ်ဝယ်တဲ့နေရာမှာ ကိုယ်နဲ့ အဆင်ပြေတဲ့ အိတ်ကို ဘယ်လိုရွေးချယ်ရမလဲ....။

 

ပြောင်းပြန် တြိဂံပုံ ခန္ဓာကိုယ် အချိုးအစား

ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်နိုင်ဖို့ သိထားသင့်တဲ့  အချက်လေးတွေ | Auntymay

သင့််ရဲ့ ပခုံးတွေဟာ တင်ပါးထက် ပိုကျယ်ပြန့်နေမယ်ဆိုရင်တော့ သင်ဟာ ပြောင်းပြန်တြိဂံပုံ ခန္ဓာကိုယ်အချိုးအစား ဖြစ်ပါတယ်။ ဒီလို type တွေက ကြိုးရှည်ပြီး မသေးလွန်း မကြီးလွန်းတဲ့ အိတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ တကယ်လို့ အရမ်းသေးတဲ့အိတ်မျိုး၊ အရမ်းကြီးလွန်းတဲ့ အိတ်မျိုး၊ ကြိုးတိုတိုပါတဲ့ အိတ်တွေကို လွယ်လိုက်တဲ့အခါ ပခုံးက ပိုကျယ်သွားသလိုမြင်ရပြီး ကြည့်ရဆိုးစေပါတယ်။ ကြိုးရှည်ရှည်အိတ်ကိုမှ စလွယ်သိုင်းပြီး လွယ်တဲ့ပုံစံက အလိုက်ဖက်ဆုံး ဖြစ်စေပါတယ်။

 

ထောင့်မှန်စတုဂံပုံ ခန္ဓာကိုယ် အချိုးအစား

Three Go-To Business Casual Outfit Formulas for Everyday Workwear |  Everyday workwear, Business casual outfits, Casual outfits

သင့်ရဲ့ ပခုံး၊ ခါး၊ တင်ပါးတွေ အရွယ်အစားအတူတူဖြစ်နေခဲ့မယ်ဆိုရင် ဒါဟာ ထောင့်မှန်စတုဂံပုံ ခန္ဓာကိုယ်အချိုးအစား ဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ် ပိုင်ဆိုင်တဲ့သူတွေဟာ ကြီးမားပြီး ခါးကိုဖုံးစေမယ့် အိတ်မျိုးကို လွယ်သင့်ပါတယ်။ အရမ်းရှည်လွန်းတဲ့ အိတ်တွေ၊ သေးလွန်းတဲ့ အိတ်တွေကိုတော့ ရှောင်သင့်ပါတယ်။

 

သစ်တော်သီးပုံ ခန္ဓာကိုယ် အချိုးအစား

ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်နိုင်ဖို့ သိထားသင့်တဲ့  အချက်လေးတွေ | Auntymay

သင့်ရဲ့ ခါးဟာ ပခုံးနဲ့ တင်ပါးတွေထက် သေးနေမယ်ဆိုရင်တော့ သင်ဟာ သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ ဒီလိုခန္ဓာကိုယ်မျိုးက အရမ်းထူထည်းကြီးမားလွန်းတဲ့၊ ရှည်လွန်းတဲ့ အိတ်တွေကို မရွေးချယ်သင့်ပါဘူး။ ကြိုးတိုတိုလေးပါတဲ့ အိတ်ပါးပါးလေးတွေနဲ့သာ လိုက်ဖက်ပါတယ်။

 

ပန်းသီးပုံ ခန္ဓာကိုယ်အချိုးအစား

Lady in Yellow | www.GirlWithCurves.tumblr.com | Tanesha Awasthi | Flickr

သင့်ရဲ့ ခါးအချိုးအစားက ပခုံးနဲ့ တင်ပါးထက် ကြီးနေမယ်၊ ကျယ်နေမယ်ဆိုရင်တော့ ပန်းသီးပုံခန္ဓာကိုယ် အချိုးအစားအဖြစ် သတ်မှတ်ပါတယ်။ အိတ်သေးသေးလေးတွေ၊ ကြိုးတိုတဲ့ အိတ်တွေကို မရွေးချယ်သင့်ပဲ ပြားပြားရှည်ရှည်အိတ်ပုံစံလေးတွေကို ရွေးချယ်သင့်ပါတယ်။

 

Glass hour ပုံစံခန္ဓာကိုယ် အချိုးအစား

stripes dress, makes your body comes out its sexy look ..  A new breakthrough 15 minute Workout App to guide you with Day-by-Day diets and fitness workouts that will transform your body into New You: strong, slim and fit!

သင့်ရဲ့ ပခုံးနဲ့ တင်ဟာ အရွယ်အစားတူညီနေမယ်ဆိုရင်တော့ glass hour ပုံစံ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ ဒီလိုခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ထားရင်တော့ သင်ဟာ တကယ့််ကို ကံကောင်းပြီး လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒီလိုအချိုးအစားမျိုးပိုင်ဆိုင်ထားသူတွေက ဘယ်လိုအိတ်မျိုးနဲ့မဆို လိုက်ဖက်မှုရှိတဲ့ သူတွေဖြစ်ကြပါတယ်။

 

Myanmar Textile & Garment Guide

Read 828 times
Rate this item
(0 votes)