ခေါင်းစဉ်လေးဖတ်လိုက်တာနဲ့ စိတ်ဝင်စားသွားပြီလား????
ဒီ အကြောင်းအရာလေးကိုမစခင် ပထမဆုံးပြောချင်တာကတော့ အရပ်မရှည်ခြင်းသည်လုံးဝပြသနာမဟုတ်ပါဘူးလို့....အရပ်ပုတဲ့မိန်းကလေး ရှည်တဲ့မိန်းကလေးတိုင်း... သူ့ဟာနဲ့သူ လှပြီးသား, အားသာချက်တွေရှိပြီးသားပါ... ဒါပေမယ့် Johanna တို့မိန်းကလေးတွေကတော့ ပုတဲ့သူက ရှည်ချင်, ဝတဲ့သူကပိန်ချင် စသဖြင့်စိတ်ဆန္ဒလေးတွေရှိတတ်ကြပါတယ်... ပုထုဇဉ်ဖြစ်တဲ့အတွက် ဒါဟာလည်းပုံမှန်ပါပဲလို့....
အရပ်ပုတဲ့မိန်းကလေးတွေအတွက် ဝတ်စားနေထိုင်နည်း tips လေးတွေကို share လုပ်ပေးမှာဖြစ်ပါတယ်....အဲ့ဒါ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်း နေထိုင်ကျင့်သုံးနေလို့ပါလို့.... အလုပ်ဖြစ်မဖြစ်ကတော့ လက်တွေ့ပါပဲ။အချက်အလက်လေးတွေကိုနားလည်လွယ်အောင် ပုံလေးတွေနဲ့တစ်ကွဖော်ပြပေးထားပါတယ်။
(1)မိမိကိုယ်အလေးချိန်ကို ထိန်းသိမ်းပါနံပါတ်တစ်အရေးကြီးဆုံးအချက်ကတော့ ကိုယ့် body weight ကို အရပ်နဲ့လိုက်ဖက်ညီတဲ့ BMI (Body Mass Index) အတွင်းဝင်အောင်ထိန်းထားနိုင်ဖို့ပါပဲ... အရမ်းကြီးပိန်ရမယ်လို့မဆိုလိုပါ....ဒါပေမယ့်အစားအသောက်မဆင်ခြင်လို့...ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဝလာတဲ့အခါမှာ... ရှည်တဲ့သူကမသိသာသော်လည်း..အပေါ်ပုံမှာဆိုကြည့်ပါ...အဆိုကျော်လေး အာပြဲမလေး Christina Aguilera ဝနေတဲ့အချိန်နဲ့ ဝိတ်ချပြီးပြန်ပိန်သွားချိန်ပါ.... နှစ်ပုံစလုံးက ဒေါက်အမြင့်တူတူစီးထားသော်လည်း ပိန်သွယ်နေတဲ့ပုံက ပိုပြီးအရပ်ရှည်သယောင်ထင်ရပါတယ်....
BMI တွက်နည်းလေးကို ပြောပြပါမယ်
BMI = Weight ( kg )
------------------------- ပါ
Height (m) x Height (m)
ရလာတဲ့ အဖြေသည် 19-25 အတွင်းဆို ပုံမှန်ပါ...
25-30 အတွင်းဆို Overweight လို့သတ်မှတ်ပါတယ်...
30 ကျော်သွားရင် Obese လို့သတ်မှတ်ပါတယ်။
(2)မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆိုရင်
အရပ်ပုတာဟာ အဓိကက ခြေတံတိုလို့ပါ.... အဲ့အတွက်ကြောင့် အောက်ပိုင်းကိုပိုရှည်သယောင်ထင်ရအောင်...မြန်မာဝတ်စုံဝတ်ရင် ခါးတိုလေးတွေဝတ်သင့်ပါတယ်....ခြေထောက်ပိုရှည်သလိုဖြစ်အောင်ပါ...ပြီးတော့ ထဘီကို တိုနှံ့နှံမချုပ်ပါနှင့်...ခြေမျက်စိဖုံးလောက်ရှည်ထားပါ.... ပြီးရင် ကတ္တီပါဖိနပ်ကို အပါးထက် ခုံအထူပါတဲ့ ပုံတော်ဖိနပ်မျိုးစီးပါ...ဒါမှမဟုတ်လည်း ဒေါက်လေးနည်းနည်းပါတာမျိုးစီးပါ....။.. ပုမှန်းလုံးဝမသိသာတော့ပါဘူး..။
(3)T shirt နဲ့ Jean ဝတ်တဲ့အခါ
ဒါလည်းသဘောတရားတူတူပါပဲ....ခြေတံကိုရှည်သယောင်ဖြစ်အောင် လုပ်ရပါမယ်...အပေါ်က အင်္ကျီကိုရှည်ရှည်ပွပွ ဝတ်တာထက် crop top လေးတွေဝတ်တာမျိုး, Jean ဘောင်းဘီကိုလည်း ချက်ပြုတ်ဝတ်တာထက် ခါးလေးကိုပေါ်လွင်စေတဲ့ high waist jean လေးဝတ်တာမျိုးက ခြေတံလေးတွေကိုရှည်သယောင်ဖြစ်စေပါတယ်....
(4)skirt,dress ဝတ်တဲ့အခါ
အရပ်ပုတဲ့သူတွေဟာ စကပ်ကို ဒူးအတိ သို့မဟုတ် ဒူးအပေါ်လောက်တိုတို ဝတ်သင့်ပါတယ်....ဒါမှ ခြေတံလေးတွေပေါ်လွင်ပြီး ရှည်သလိုဖြစ်မှာပါ.... ရှောင်ရမှာကတော့ ခြေသလုံးအလယ်လောက် အရှည်ရှိတဲ့ စကောစက စကပ် ,ဂါဝန်မျိုးတွေပါ.... အဲဒါတွေက ခြေတံတိုတာကို ပိုပြီးပေါ်လွင်စေပါတယ်....Ariana Grande ဝတ်ထားတာကိုယှဉ်ကြည့်ပါ....Ariana လေးကလည်းအရပ်ပုပုလေးပါပဲ... ကြံဖန်ဂုဏ်ယူလို့ရပြီ
စကပ်တင်မဟုတ်, Jean ဘောင်းဘီကိုလည်း တိုရင်တို, ရှည်ရင်ရှည်ပါ.... စကောစက length ကိုရှောင်ပါလို့....ယုံကြည်မှုရှိဖို့ပါပဲလို့... အရပ်ပုတာကိုစိတ်ထဲထားပြီး ကုပ်ကုပ်လေးမနေပါနဲ့....အရပ်မရှည်လည်း You are beautiful ပါလို့။ခါးကိုမတ်ပြီး ယုံကြည်မှုရှိရှိနေပါ.... အခုပြောတဲ့ tips လေးတွေအတိုင်းဝတ်စားပြင်ဆင်ကြည့်ပါ.... ပိုပိုပြီးလှသွားမှာအာမခံပါတယ်လို့။
source:Johanna